Friday, February 19, 2016

''ဗေဒါလမ်း (၆) – ရဲခဲ့သည်ပါ့ ''

မြစ်တန်းမှာတဲ့ လေကြမ်းဆင်။
ထန်လိုက်လေ လေမုန်တိုင်း၊ လှိုင်းကဘောင်ဘင်။
တလှိုင်းထွက် တလှိုင်းဝင်
ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မုန်တိုင်းလေ ရေတရိုးမှာ၊ စိုးရွံ့မှာပဲ။

မြစ်ရိုးမှာတဲ့ မိုးသက်ဆင်။
လျှပ်ကြိုးပျံ မိုးသံထစ်၊ မိုးစစ်ဘုရင်။
မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင်ဖြစ်နဲ။
ရေလှိုင်းဗလပွေနဲ့
မိုးသက်လေ ရေတရိုးမှာ၊ စိုးရွံ့မှာပဲ။

စိုးမရွံ့တွန့်မတုံ။
မိုးနှင့်လေ ရေရှုပ်ထွေး၊ ရွေးမျှ မဖြုံ။
ဆန်လိုက်ပြန်တုန်၊ စုန်လိုက်ပြန်ရ။
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင် သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့။ ။




ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)