Monday, February 8, 2016

တစိမ့်စိမ့်....တွေးမယ်

“ အဖိုးတန်ပစ္စည်းတွေ ၀ယ်ထားရုံနဲ့ ၊ အဖိုးတန် ပစ္စည်းတွေ သုံးနေရုံနဲ့
လူ့အဖိုးတန် မဖြစ်ဘူး။ လူ့အဖိုးတန် ဖြစ်ချင်ရင် လူတွေကို
ကောင်းကျိုးပြုတဲ့ အလုပ်ကို လုပ်မှပဲ ရတယ် ”

“ ဘ၀အတွက် ပြင်ဆင်နေရင်းနဲ့ပဲ ဘ၀ဆိုတာ ကုန်သွားတယ် ”

“ တစ်ယောက်အကြောင်း တစ်ယောက် အမှန်အတိုင်း မသိပဲနဲ့ ၊
တစ်ယောက်ကို တစ်ယောက် နားမလည်ပဲနဲ့ စစ်မှန်တဲ့ မေတ္တာ ဖြစ်နိင်ဖို့
တော်တော် ခဲယဉ်းပါတယ် ”

“ အမှားမရှိပါဘူး ၊ သင်ခန်းစာတွေ ချည်းပါပဲ။ လုပ်ကြည့်ရင်း မှားမှန်းသိရင်း
ပြင်လိုက်ရင်းနဲ့ ဉာဏ်ပညာ ကြီးတဲ့သူ ဖြစ်လာတာပဲ ။ မအောင်မြင်တဲ့
စမ်းသပ်မှုဟာ အောင်မြင်တဲ့ စမ်းသပ်မှုလိုပဲ အသိဉာဏ်ကြီးပွားမှုကို
အထောက်အကူ ပြုပါတယ် ”

“ ကိုယ့်ရဲ့ ကျော်ကြားမှုဟာ သူများလက်ထဲမှာ ရှိနေတယ်၊ ကိုယ်ရဲ့ ဂုဏ်သိက္ခာကတော့
ကိုယ့်လက်ထဲမှာပဲ ရှိတယ် ၊ လူတော်တော်များများဟာ ဒုက္ခတွေ အများကြီး
ကြုံရတာ ဘာလို့တုံး ဆိုတော့ မလုပ်သင့်တာတွေကို လုပ်နေတယ်။
လုပ်သင့်တာကို မလုပ်ဘူး။ အဲဒါကြောင့် ဒုက္ခတွေ များနေတာ။ မလုပ်သင့်တာတွေကို
မလုပ်ဘဲနဲ့ လုပ်သင့်တာတွေကို ပိုပြီး လုပ်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကို လေးစားမှု
ချစ်ခင်မှု တိုးလာတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာတယ်။ ကိုယ့်ဘ၀ ပိုပြီး
အဆင်ပြေလာတယ် ”

“ သူများကို ဒုက္ခရောက်အောင် လုပ်ပြီးတော့ သူများကိုယ့်ကို ကြောက်ပြီး
ပူဇော်ပသမှ ကျွေးမှ ကိုယ့်ဘ၀ ရပ်တည်နိင်တဲ့သူဟာ
အဆင့် နိမ့်တယ် ”

“ အပြစ်တင်တက်တဲ့ သူတွေမှာ မိတ်ဆွေရှားတယ် ”

( ဆရာတော် ဦးဇောတိက)
Credit> သုတဇုန်