Friday, February 19, 2016

ဗေဒါလမ်း (၄) – မှန်းဖို့လိုပဲ

မဗေဒါ၊ ဘယ်ရွာဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ။

ဒီတက်လျင်ပျော်
ဗေဒါမော် ရေကျော်ဆိုက်အောင် ၊ ဆန်လိုက်သည်ပဲ။

မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ၊ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ
ဒီကျလျှင်ရွှင်
ဗေဒါခင် ပင်လယ်ဆိုက်အောင်၊ စုန်လိုက်သည်ပဲ။

ဘုတ်မက အီ၊ ပီပီက သံမစဲ၊
မဗေဒါ စုန်ဆန်လမ်းကို ၊ မှန်းဘို့လိုပဲ။ ။


ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)