Friday, February 12, 2016

ကျေးဇူးပါ ဖေဖော်ဝါရီ

ဖေဖော်ဝါရီသွေးတစ်စက်နဲ့
ငါတိုကောင်းကင်လည်း
အရောင်တွေပြောင်းခဲ့။

ကျေးဇူးတင်တယ် ဖေဖော်ဝါရီ
အခမ်းနားဆုံး
ဇာမဏီ သူရဲကောင်းတစ်ယောက်ကို
မနုဿကမ္ဘာထဲ
ခြေစုံပစ်ဝင်ခွင့်ပေးခဲ့လို့။

ကျေးဇူးတင်တယ် ဖေဖော်ဝါရီ
အရိုးသားဆုံး
ကမ္ဘာဦး လူရိုင်းတစ်ယောက်ရဲ့
သမိုင်းကို
ရေလောင်းပေါင်းသင်ပေးခဲ့လို့။

ကြွေလွင့်သွားတဲ့
ခပ်နွမ်းနွမ်း ဖေဖော်ဝါရီ ရေ...

ခင်ဗျားဆွဲခဲ့တဲ့
ရိုးသားခြင်း နိမိတ်ပုံတစ်ခုနဲ့
အနစ်နာခံခြင်း ဗိသုကာတစ်ချပ်
ဘယ်အချိန် ဖွင့်ဖတ်ဖတ်
အတွေးထဲ ဆွေးညှို့ထားနိုင်ဆဲ
ရနံ့တို့ သင်းပျံ့မွှေးနိုင်ဆဲပါ ဖေဖော်ဝါရီ...။
                                                         (ရှင်မိုးနွယ်)