Monday, February 8, 2016

သမီးလေးဖတ်ဖို့

သမီး....
လိုချင်တာတစ်ခုရဖို့
ပေးဆပ်မှုတစ်ခုလည်း ရှိလိမ့်မယ် ။

အဲ့ဒီအခါမှာ
လိုချင်တာတစ်ခုအတွက်
ပေးဆပ်ရတာ တန်ရဲ့လားလို့
ချင့်ချိန်စဉ်းစားတတ်ဖို့လိုတယ် ။

မတန်ဘူးထင်ရင်....
အဲ့ဒီ လိုချင်တာကို စွန့်လွှတ်ရဲတဲ့သတ္တိ
သမီးမှာ ရှိစေချင်တယ်ကွယ်...
ပေးဆပ်ရတာနဲ့ မတန်မှာစိုးလို့ပါ ။

ဖေဖေ
သမီးလေးဖတ်ဖို့-ကောင်းသန့်