Friday, February 19, 2016

''ဗေဒါလမ်း (၁၁) – တွေးမိပါစ ''

ဗေဒါတဲ့ ဗေဒါ။
ဒီချောင်းမှာ အမည်မွှေး၊ အေးငြိမ်းသာယာ။
မွှေးသမျှပြန်တစ်ရာ၊ ခံစရာအရေး။
အတိုက်ခံနိုင်မှ၊ အမွှေ့ခံနိုင်မှ
ထိုးဝါးကိုင် ဒီဆိုင်ဝဲတဲ့
ရွှေဘဲရန် စုန်ဆန်လမ်းမှာ
ရမ်းတတ်တယ်လေး။

မွှေးမှလည်း မဟုတ်ပါ။
ရိုးသံရှင်ပဲ့တင်ထပ်၊ ချောင်းစပ်ဧရာ။
စုန်ဆန်ရ လမ်းတကာမှာ၊ လမ်းမသာ ရှာကြ။
တစိုက်စိုက်ကယ်နဲ့၊
အတိုက်ကို အကြိုတွေ့ပါလို့
အမွှေ့ဒဏ်ခံနေကြ၊ တွေးမိပါစ။ ။




ဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆ဝ)