Monday, February 8, 2016

တန်ဖိုးရှိသော ပြောင်းလဲမှုဆီသို့

လူတစ်ယောက်ဟာ အချိန်တွေပြောင်းလဲလာတာနဲ့အမျှ တိုးတက်ကောင်းမွန်တဲ့ အမြင်၊ အတွေးအခေါ်၊ ခံယူချက် စတဲ့
အရာတွေ ပြောင်းလဲ လာသင့်ပါတယ်။ ပြောင်းလဲသင့်တဲ့ အချိန်မှာ မပြောင်းလဲနိုင်တဲ့သူတွေဟာ စိတ်ကျန်းမာရေးဖွံ့ဖြိုးမှု အားနည်းသူများ ဖြစ်လိမ့်မယ်လို့လည်း သုံးသပ်မိပါတယ်။ စိတ်ကျန်းမာရေးကောင်းမှ ဦးနှောက်အဟာရ၊ နှလုံးသား
အဟာရ ပြည့်သလာမှာပါ။
အပင်တစ်ပင်ပဲ ဖြစ်ဖြစ်၊ အစေ့ တစ်စေ့ပဲ ဖြစ်ဖြစ် အချိန်တွေ ကုန်လာတာနဲ့အမျှ အောင်မြင်တဲ့အပင်ကြီး တစ်ပင်ဘ၀ကို
ကူးပြောင်းလာတာပါပဲ။ ဒီလို မကူးပြောင်းပဲ မူလအတိုင်း ရှိမြဲ ရှိတဲ့ အပင် (သို့) အစေ့ဟာ မျိုးစေ့မမှန်ဘူးလို့ ယူဆကြပါတယ်။ တနည်းအားဖြင့် မအောင်မြင်တဲ့ အသီးဖျဉ်းကို ဆိုလိုပါတယ်။ လူတွေလည်း ဒီသဘောတရားပါပဲ။
သို့သော် ကာလ၊ ဒေသ၊ အခြေအနေတွေနဲ့ တော့ ဆိုင်တာပေါ့။ မြေခံ၊ ရေခံကောင်းမှ အပင်ဖွံ့ဖြိုးမှု အားကောင်းနိုင်သလို
လူတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဟာလည်း ပတ်၀န်းကျင်ကောင်းနဲ့ဆုံဖို့ လိုပါတယ်။ ဒီအခြေအနေပေါ်လိုက်ပြီး တိုးတက်မှု အနည်း၊ အများက ပြောင်းလဲသွားတာတော့ အမှန်ပါ။ ပြောင်းလဲမှုကတော့ တန်ဖိုးရှိရမှာ ဖြစ်ပါတယ်။
ဆရာကြီး အဲလ်ဘတ် အိုင်စတိုင်းက ပြောဖူးတယ်။ "အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူ
ဖြစ်အောင် ကြိုးစားပါ" တဲ့။ အောင်မြင်ပြီး တန်ဖိုးမရှိတဲ့သူတွေ လောကမှာ အများကြီးရှိတာကြောင့် ကိုယ့်ရဲ့ အောင်မြင်မှုက
တန်ဖိုးရှိဖို့လည်း လိုတယ်လို့ ဆိုလိုဟန်တူပါတယ်။
တန်ဖိုးရှိတဲ့ အောင်မြင်မှုတွေဟာ အချိန်နဲ့ အမျှပြောင်းလဲတိုးတက်နေဖို့လိုပါတယ်။ အချိန်သာကုန်ပြီး လူက ဘာမှ ပြောင်း
လဲနိုင်စွမ်း မရှိဘူးဆိုရင်တော့ မိမိဟာ အသီးဖျဉ်းတဲ့ အဓိပ္ပာယ် သက်ရောက်သွားပါလိမ့်မယ်။ မျိုးစေ့မမှန်ဘူးဆိုပြီး အများရဲ့
၀ိုင်း၀န်းေ၀ဖန်ခြင်းကိုလည်း ခံရမှာပါ။ ဒီအတွက်ကြောင့် အချိန်တိုင်း၊ အချိန်တိုင်း အဖိုးတန်တဲ့ အောင်မြင်မှုတွေကို ပြောင်း
လဲ ယူရအောင်ပါ။

True Man