Showing posts with label mynotes. Show all posts
Showing posts with label mynotes. Show all posts

Saturday, February 27, 2021

milkteaalliance

လက္ဖက်ရည်ထဲ နို့ထည့်သောက်တဲ့ ရိုးရာဓလေ့ကို ဘယ်သူကများ တီထွင်ခဲ့တာလည်းကွာ။

ငါ့မှာတော့ ဂိတ်ဆုံးဆိုတာနဲ့ပဲ
နှစ်ပါးသွားနေရတာ ကြာပေါ့။

လာနီညာ အယ်နီညိုတွေကြောင့်
ဒီတနှစ်
အာရှနွေဦးဟာ
ပိုပူမယ်တဲ့။

သနပ်ခါးကို ထူထူလိမ်းပါ
mask တပ်ပါ
ထီးနဲ့ ဖိနပ်ကိုလည်း မမေ့ပါနဲ့
ဒီကန္တာရခရီးလမ်းက ပိုပြီးကြမ်းတမ်းမယ်တဲ့။

ဘာပဲဖြစ်ဖြစ်
သတိဆိုတာ
ပိုတယ်မရှိဘူးပေါ့ ဟန်နီ။   ။

#ဝိုင်အမ်အို
#milkteaalliance