Sunday, July 13, 2014

World Heritage Pyu Ancient City Beikthano

12.July. 2014. Post (4)

ခရစ်မပေါ်မှီနဲ့ ခရစ်နှစ်ဦးအစမှာ လဝီရ်စင် (ဆင်ပင်လယ်) ခေါ်
တိုက်ကလားနဲ့ စစ်တောင်းမြစ်ဝအနီးအပါးတို့မှာ အိန္ဒိယမှ လာရောက်
နေထိုင်သူ မျိုးတူစုတွေမှာ သြဍ (Odda) သား (ကလိင်္ဂ Kalinga)
အာန္ဒြ (အာန္ဓရ) Andhra သားနဲ့ ဒြဝိဍ Dravida သားများ ရှိကြပါတယ်
ထိုမျိုးတူစုထဲက ပါဏ္ဍျ Pandya သားများဟာ ဒြဝိဍ Dravida သားများထဲက
မျိုးတူစုတစ်မျိုးပဲဖြစ်ပါတယ်။

ခမာမင်း သိရီမာရ Srimara က အနောက်ဖက်တစ်ခွင်ကို နယ်မြေမချဲ့ထွင်မီ
ကာလမှာကတည်းက စစ်တောင်းမြစ်အကြေပိုင်း အနောက်ဖက် ကျယ်ပြန့်
တဲ့ လွင်ပြင်မှ မြောက်ဖက်သို့ တဖြည်းဖြည်းလှုပ်ရှားနေသူများက
အချို့သောမွန်များနဲ့ အိန္ဒိယမှ လာရောက်နေထိုင်သူ အဆက်အနွယ်များ
ဖြစ်ပါတယ်၊ အဲဒီလို ရွှေ့ပြောင်းနေထိုင်မှုမှာ စစ်တောင်းမြစ်အနောက်ဖက်
လွင်ပြင်ရဲ့မြောက်ဖက် အစွန်းနေရပ်ကို ရောက်နေသူများဟာ ပါဏ္ဍျသား
အဆက် အနွယ်များသူတွေ ဖြစ်နိုင်ပါတယ်။

အဲဒီအချိန်မှာ ခမယ်မင်း သိရီမာရနဲ့ သူ့ရဲ့သား ကျင်း(န်)ရှင် (သုဝဏ္ဏဇီဝ)
နှစ်ဦးစလုံး အနိစ္စရောက်ခဲ့လို့ ခမယ်နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာဟာ
စန္ဒြဝါရ်မန် Cendra Varman (သိရီမာရ၏ အစ်မကြီး၏သား) ရဲ့လက်ထဲကို
ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
စန္ဒြဝါရ်မန် နန်းတက်လာတဲ့အခါ ဗိဿနိုးမြို့ကို စွန်လွှတ်ပြီး တပ်ရုပ်လာခဲ့ပါ
တော့တယ်၊ အဲဒါ ခရစ်နှစ် ၂၂၅ ခု မှပါ။
ဗိဿနိုးမြို့မှ ခမယ်မင်းတပ်ဖွဲ့ ရုပ်သိမ်းကြောင်းကြားသိတာနဲ့ တစ်ပြိုင်နက်ထဲ စစ်တောင်းမြစ်အနောက်ဖက်တစ်လျှောက် ရောက်ရှိနေပြီဖြစ်သူများက
ဗိဿနိုးမြို့ဖက်သို့ အလျင်အမြန် ချီတက်ပြီးသိမ်းယူ
လိုက်ကြပါတော့တယ်။

Myo Swe Than ၏ fb စာမျက်​နှာမှ  ကူးယူ​ဖော်​ပြပါသည်​။