Sunday, July 13, 2014

World Heritage Pyu Ancient City Beikthano.

12.July. 2014. Post (5)

အန္ဒိယတောင်ပိုင်းသားတွေက စောစောကဗိဿနိုးမြို့ကို
ဗြဟ္မာဝတ် Brahma-VAstu - Brahama-desa ဗြဟ္မာ့ဒေသ
Pu- Vastu (ပုဝတ်/ပျူဝတ်)၊ ပုဂါမ စသည်ဖြင့် ခေါ်ဆိုနေရာမှ ဗိဿနိုးမြို့ကို
ခမယ်မင်းရဲ့ တပ်တွေရုပ်သိမ်းချိန်မှာ ပါဏ္ဍျအဆက်အနွယ်များနှင့် မွန်တို့
ဝင်ရောက်နေရာယူပြီးချိန် နောက်ပိုင်းကစလို့ Pandya Pura ပါဏ္ဍျပူရ
ဟုသော်လည်းကောင်း Pandya Nagara ပါဏ္ဍျနဂရ ဟုသော်လည်းကောင်း
ပြောင်းလွဲခေါ်တွင်လိုက်ကြတာမို့ ၀င်ရောက်နေရာယူသူတွေဟာ ပါဏ္ဍျသား
အဆက်အနွယ်များဖြစ်တာကို သိရှိနိုင်ပါလိမ့်မယ်။

သို့သော် ထို ပါဏ္ဍျအဆက်အနွယ်များဟာ ဘာသာစကားမှာသော်လည်းကောင်း
ဓလေ့ထုံးစံ နေထိုင်စားသောက်မှုမှာသော်လည်းကောင်းမွန်တို့နဲ့ ခွဲခြားမရအောင်
ပေါင်းစည်းခဲ့ assimilated ပြီဖြစ်ပါတယ်။
ဒါကြောင့်မို့လည်း အိန္ဒိယတောင်ပိုင်းသားတွေက ပါဏ္ဍျပုရ/ပါဏ္ဍျနာဂရ ကို
နောက်ပိုင်းမှာ Ramanna Pura ရာမညပုရ ဟုသော်လည်းကောင်း
Ramanna nagara ရာမညနာဂရဟုလည်းကောင်း ပြောင်းလဲခေါ်တွင် မှတ်သား
လာခဲ့ကြ ပါတော့တယ်။

အဲဒီလို စစ်တောင်းမြစ်အကြေပိုင်းမှ တက်လာသူများက မြို့ကို သိမ်းပိုက်ခဲ့ပြီးတဲ့
နောက်မှာ အိန္ဒိယတောင်ပိုင်းသားတို့က ဗိဿနိုးမြို့ကို ပုဂါမ ဟုခေါ်နေရာမှ
ပါဏ္ဍျပုရ၊ ပါဏ္ဍျနာဂရ လို့ ပြောင်းလဲပြီး ခေါ်ပါတယ်၊ နောက်ဆုံးမှာ ရာမညပုရ/
ရာမည နာဂရ လို့ ခေါ်တွင်ခဲ့တော့တယ်။
ဒါကိုကြည့်ရင်ပဲ ဗိဿနိုးမြို့ကို ဘယ်သူတွေ ၀င်ရောက်နေထိုင်ခဲ့ကြတယ်
ဆိုတာကို မှန်းဆလို့ရနိုင်ပြီဖြစ်ပါတယ်။

အဲ့ဒီပါဏ္ဍျအဆက်အနွယ်တွေဟာ မွန်တို့နဲ့ ခွဲခြားမရအောင် ပေါင်းစည်းတူညီ
ခဲ့ပြီဖြစ်လို့ ခမယ်နိုင်ငံအပါအ၀င် အရပ်ရပ်မှ ဗိဿနိုးမြို့နဲ့ အဆက်အနွယ်ရှိကြတဲ့
ကုန်သည်များကလည်း အိန္ဒိယတောင်ပိုင်းသားတို့ကဗိဿနိုးမြို့ကို ပြောင်းလဲ
ခေါ်တွင်ခဲ့တဲ့ အမည်သစ်ကို လိုက်ပြီး ခေါ်ခဲ့ကြပါတယ်။
ဒါကြောင့်လည်း ခမယ်တို့ထံက ကြားသိခဲ့ရတဲ့ တရုတ်ရှေးဟောင်းမှတ်တမ်းက
ရာမညပုရ/ရာမညနာဂရ ဆိုတဲ့ဒေသအမည်ကို အသင့်တော်ဆုံး အသံထွက်
အနီးစပ်ဆုံးလို့ ယူဆတဲ့ တရုတ်စာလုံးနှစ်လုံးနဲ့ အသံလှယ်ခဲ့တာက ရာမည
ဆိုတာပဲဖြစ်ပြီး အဲဒါ လင်( န်) ယန်( င်) Lin- Yang ဆိုတဲ့ ဗိဿနိုးမြို့ ဗိဿနိုး
နိုင်ငံပဲဖြစ်ပါတော့တယ်​။

Myo Swe Than ၏ fb စာမျက်​နှာမှ ကူးယူ​ဖော်​ပြပါသည်​။