Friday, July 11, 2014

မ​မေ့လိုက်​နဲ့ ​နော်

ဖိနပ်နဲ့ မတော်တာနဲ့ပဲ
ခြေဖနောင့်ကို ဖြတ်ပစ်ဖို့မလိုပါဘူး
သူ့ခြေထောက်နဲ့ တန်တဲ့ဖိနပ်တွေ ရှိလို့
နေနိုင် သေးတာပဲလေ
လောကကြီးထဲမှာလည်း
တချို့သောကဏ္ဍတွေမှာ ကိုယ့်ရဲ့ အသုံးဝင် မှု့က အံဝင် ခွင်ကျမဖြစ်တဲ့အခါ
ကိုယ့်ကိုယ်ကို ပြစ်တင် သိမ်ငယ်နေဖို့မလိုပါဘူး……
ကိုယ်အသုံးဝင် တဲ့ အခန်းကဏ္ဍ တွေရှိလို့ နေသေးတာကို မမေ့လိုက်နဲ့လေ

တခါတလေမှာ
ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါအားမငယ်ပါနဲ့၊
ကိုယ့်ကိုယ်ကို
သာမန်လူတစ်ယောက်ဆိုတာကို
သတိရလိုက်ပါ။သူများတကာရယ်မောနေတာတွေ့ရင်လည်း တလောကလုံးမှာ
ကိုယ်တစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေရတယ်မထင်လိုက်ပါနဲ့၊ တကယ်တော့ သူများတွေကသင့်ထက်ပိုပြီး ဟန်လုပ်တတ်လို့ပျော်တယ်
ထင် နေရတာပါ

အကူအညီမဲ့နေတဲ့အခါ
ငိုချင်ငိုလိုက်နိင် ပါတယ် ဒါပေမယ့်ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွဖို့ မမေ့ပါနဲ့။
အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ တန်ဖိုးရှိလှတဲ့ သင့်ရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။
အပြုံးလေးတခုကနေ အနာဂတ်အသစ်စဖွင့် နိုင် တာကို မမေ့လိုက်ပါနဲ့……

*ခိုင်(ငြိမ်းလဲ့)ဲ