Sunday, July 13, 2014

World Heritage Pyu Ancient City Beikthano

12. July .2014 Post ( 1 )

မြန်မာနိုင်ငံရှေးဟောင်းသုတေသနဌာနကနေ အငြိမ်းစားယူခဲ့ပြီး
ထိုင်ဝမ်နိုင်ငံမှာ ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ ဆရာဦးရည်စိန်ဟာ တရုတ်နိုင်ငံက
ရှေးဟောင်း တရုတ်မှတ်တမ်းတွေကို မိုက်ခရိုဖလင်တွေ ဖတ်ခွင့်ရခဲ့သူပါ။
ဆရာဦးရည်စိန်က ရှေးဟောင်းတရုတ်မှတ်တမ်းတွေထဲမှာမှာ အေဒီ( ၅ )ရာစု
လောက်ထိ တောက်လျောက်တွေ့ နေရတဲ့ လင်(န်)ယန်(င်)ဆိုတဲ့
ရှေးဟောင်းအမည်ကို ဖော်ထုတ်ရာကနေ ဗိဿနိုးမြို့မှာ ဖြစ်ပျက်ခဲ့တဲ့
အကြောင်းအရာ အထောက်အထားတစ်ချို့ကို သိမြင်ဆက်စပ်ပြီး
တူးဖော်မှုကရတဲ့ အဖြေတွေနဲ့ တိုက်ဆိုင်ညှိနှိုင်းကာ ဗိဿနိုးမြို့ဖြတ်သန်းခဲ့ရတဲ့
အဖြစ်အပျက်တစ်ချို့ကိုချဉ်းကပ်နိုင်ခဲ့လို့ သမိုင်းစာမျက်နှာများစွာကို ဖြည့်စွက်
ပေးနိုင်ခဲ့ပါတယ်။

လင်(န်)ယန်(င်) ဆိုတဲ့အမည်ဟာ တရုတ်အမည်မဟုတ်ပါဖူး၊
ယခုတောင်တွင်းကြီးနားက ဗိဿနိုးမြို့ကို ခရစ်နှစ်ဦးလောက်က သူတို့
နားလည်တဲ့ တရုတ်စကားလုံးနဲ့ အသံဖလှယ်ထားခဲ့ခြင်းပဲဖြစ်ပါတယ်။

ယခုတောင်တွင်းကြီးနားက ဗိဿနိုးမြို့ဟောင်းနေရာမှာ ဦးစွာအခြေချတဲ့
ပျူလူမျိုးတွေဟာ အေးချမ်းစွာ လုပ်ကိုင်စားသောက်လိုကြတဲ့ အတွက်
အစုအသင်းအဖွဲ့ကနေ မြို့ရိုးအုတ်တံတိုင်းတွေကာရံလို့ မြို့ပြနိုင်ငံခေတ်ကို
တက်လှမ်းခဲ့ကြတယ်။
အဲဒါဟာ ခရစ်မပေါ်မီအခါနဲ့ ခရစ်နှစ်ဦးဖြစ်ပါတယ်၊ ခရစ်နှစ် ၂၀၀ လောက်
ရောက်တဲ့အခါ ခမယ်နိုင်ငံ(ယခုကမ္ဘောဒီးယား) က အားကောင်းလာပြီး
ကျောခိုင်းနံစပ် နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်ပါတယ်၊ အဲဒီအချိန်
ကာလမှာ ဗိဿနိုးမြို့ဟာ အိန္ဒိယ၊ တရုတ်၊ ခမယ်နိုင်ငံတို့နဲ့ အရောင်းအဝယ်
အဆက်အသွယ်တွေရှိပြီး ကူးလူးဆက်ဆံခဲ့တယ်။
အဲဒီအချိန်က ဗိဿနိုးမြို့ဟာ အိန္ဒိယနဲ့ တရုတ် အရောင်းအဝယ် လမ်းကြောင်း
ပေါ်မှာ အချက်အချာဒေသလည်း ဖြစ်ခဲ့လို့ ခမယ်မင်း သိရီမာရ Sri Mara ရဲ့
ခမယ်တပ်တွေက ဗြဟ္မာဝတ်လို့ခေါ်တဲ့ ဗိဿနိုးမြို့ကို ဝင်ရောက်တိုက်ခိုက်
ခဲ့ပါတော့တယ်။

ဗြဟ္မာဝတ်ခေါ် ဗိဿနိုးကို ခမယ်တို့ ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့အချိန်ဟာ
ခရစ်နှစ် ၂၁၀ နဲ့ ၂၁၅ မှာ ဖြစ်ပါလိမ့်မယ်၊ ခမယ်နိုင်ငံ အောက်အိုမှာတွေ့ရတဲ့
ဒင်္ဂါးတွေနဲ့ ဗိဿနိုးမှာ အသုံးပြုခဲ့တဲ့ ခေါင်းနဲ့ပန်း ဒီဇိုင်းမတူပဲ ခပ်နှိပ်ထားတဲ့
ဒင်္ဂါးတွေဟာ အတူတူပဲဖြစ်ပြီး ရှမ်းပြည်နယ်ဒေသ၊ ကယားဒေသ၊ ထိုင်းနိုင်ငံ
တို့မှာ တွေ့ရှိရလို့ အဲဒီငွေပြားအဝိုင်းလေးတွေ တွေ့ရာ ဒေသတွေကို
မျဉ်းကြောင်း တစ်ကြောင်းဆွဲပြီး ဆက်ကြည့်လိုက်မယ် ဆိုရင်
ရှေးဟောင်းပျူနိုင်ငံနဲ့ ရှေးဟောင်းခမယ်နိုင်ငံတို့ကြားမှာ ဆက်သွယ်တည်ရှိ
ခဲ့တဲ့ ကုန်းလမ်းကုန်သွယ်ရေးလမ်းကြောင်းနဲ့ ကျော်ဖြတ်ခဲ့ကြတဲ့ အဓိက
နေရပ်တွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

ဗိဿနိုးမြို့ဟာ( ၅ )ရာစုမှာ မဆိတ်သုဉ်းခင် မြို့ပျက်ဘဝကိုတစ်ကြိမ်ကြုံခဲ့
ရသေးတယ်ဆိုတဲ့ ရှေးဟောင်းသုတေသနတွေ့ရှိချက်ကို ထိုအချိန်ကာလက
ခမယ်မင်း သိရီမာရမာရရဲ့ နယ်မြေချဲ့ထွင်မှု သမိုင်းဖြစ်စဉ်နဲ့ ယှဉ်ပြီးလေ့လာ
တဲ့အခါ ပထမအကြိမ်ဖျက်ခံရတဲ့ ဗိဿနိုးမြို့ရဲ့အချိန်အခါနဲ့ တိုက်ဆိုင်နေပါတယ်
သိရီမာရ ဦးဆောင်တဲ့တပ်ဖွဲ့က ကုန်းလမ်းနှစ်သွယ်ဆုံရာအရပ်ဖြစ်တဲ့ ဗိဿနိုးကို
လက်လွှတ်မှာ မဟုတ်ဘူးဆိုတာ စာပေအထောက်အထား Textual Evidenc နဲချင်းနင်းဝင်ရောက်ခဲ့သူတွေဟာ့
ရှေးဟောင်းသုသေသန အထောက်အထား Archaelogical Evidence တို့ကို
ပေါင်းစပ်ပြီး ဗိဿနိုးမြို့ကို တိုက်ခိုက်ဖို့
ခရစ်နှစ် ၂၁၀ နဲ့ ၂၁၅ ခုနှစ်က ခမယ်မင်း သီရိမာရရဲ့ တပ်တွေပဲဖြစ်တယ်လို့
ဆုံးဖြတ်နိုင်ခဲ့တယ်

Myo Swe Than ၏ fb စာမျက်နှာမှ ကူးယူ​​ဖော်ပြပါသည်​။