Sunday, July 13, 2014

World Heritage Pyu Ancient City Beikthano

12. July .2014 Post ( 2 )

အဲဒီ ခမယ်မင်း သိရီမာရရဲ့ ထိုးစစ်ဆင်မှုက ပျုနိုင်ငံရဲ့ အချက်အချာဖြစ်တဲ့
ဗြဟ္မဝတ်ခေါ် ဗိဿနိုးကို ချဉ်းနင်းဝင်ရောက်တဲ့အခါ ပျူအုပ်စိုးသူ
လူတန်းစားတွေက ထိုးစစ်ဒဏ်ကို မခံနိုင်တဲ့အတွက် မြို့ကိုစွန့်ခွာပြီး
ထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီထဲကမှ မြောက်ဖက်ကိုထွက်ပြေးသွားတဲ့ အဖွဲ့ဟာ ယခုရွှေဘို၊
ဝက်လက်မြို့နားက သမတဋ လို့ခေါ်တဲ့ ဟန်လင်းဆိုတဲ့အရပ်ကို
ရောက်ပြီး နောက်မှာ မြို့ပြတည်ထောင်နိုင်ခဲ့ကြသလို၊
တောင်ဖက်ကိုဆင်းလာသူများက နောင်အခါမှာ ယခုပြည်မြို့နားက
မှော်ဇာအရပ်မှာ သရေခေတ္တရာကိုထူထောင်နိုင်ခဲ့သူတွေဖြစ်ခဲ့ကြပါတယ်။

Myo Swe Than ၏ fbစာမျက်​နှာမှ ကူးယူ​ဖော်​ပြပါသည်​။