Monday, July 7, 2014

EZ Wealther HD apk

ကိုယ်နေထိုင်တဲ့ မြို့ရဲ့ရာသီဥတု အခြေအနေတွေကို သိရှိလိုသူများအနေနဲ့ EZ Wealther HD ဆိုတဲ့ App ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ EZ Wealther HD ဟာ App အနေနဲ့ရော Widget အနေနဲ့ရော အသုံးပြု နိုင်မှာဖြစ်ပါတယ်။ ဒီ Application ဟာ နာရီအလိုက် ရက်အလိုက်ကို ရာသီဥတုနဲ့ ပတ်သက်ပြီး ခန့်မှန်းချက် တွေကိုဖော်ပြပေးနေမှာ ဖြစ်ပါတယ်။ ကိုယ်တည်ရှိနေတဲ့ မြို့ရဲ့ရာသီဥတုကို စဉ်ဆက်မပြတ် ခန့်မှန်းချက်တွေ ဖော်ပြပေးနေမှာဖြစ်ပြီး နိုင်ငံပေါင်းများစွာကို အထောက်အပံ့ပေးထားပါတယ်။

ရာသီဥတုအခြေအနေတွေကို ကိုယ့်ရဲ့မိုဘိုင်းဖုန်းမှာ Notfication နဲ့ဖော်ပြပေးနိုင်မှာလည်း ဖြစ်ပါတယ်။ Widget မှာကတော့ နာရီနဲ့ ရာသီဥတု ခန့်မှန်းချက်ကို ပူးတွဲဖော်ပြပြီး Weather Camera ဆိုတဲ့ Feature ကိုလည်းထည့်သွင်း ပေးထားတာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ နှစ်သက်ရာ Theme တွေကို ရွေးချယ် လို့ရအောင်လည်း အထောက်အပံ့ပေးထားတဲ့အတွက် ကိုယ်လိုချင်တဲ့ပုံစံကို ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီ App ဟာ Android OS အသုံးပြုသူတွေအတွက် ထုတ်လုပ်ထားတာဖြစ်ပြီး အခမဲ့အသုံးပြုနိုင်မယ့် App တစ်ခုဖြစ်ပါတယ်။ အသုံးပြုလိုသူတွေအနေနဲ့  
 Playstore  ကနေ သွားရောက်ရယူနိုင်မှာ ဖြစ်ပါတယ်။playstore မှာအဆင်​မ​ပြေရင်​​တော့  ဒီမှာ  /  ဒီမှာ  ရယူနိုင်​ပါတယ်​။