Wednesday, July 23, 2014

TubeMate 2.2.4 apk update

TubeMate 2.2.4 apk update ​လေး​တွေ့လို့ ပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါတယ်။
 ဒီမှာ  ရယူနိုင်​ပါပီ ။

Sunday, July 20, 2014

ဗိုလ်ချုပ် အောင်ဆန်း



အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေက အများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။

ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဥ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဥ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်… ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် – ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့် နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ…။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊

ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဥ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်း၀မှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ – ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ – ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ – ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်း၀ုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်၀ံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။

ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့
ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်း၀ါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၉ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်…။

- မမေ့နဲ့

မင်းတို့ ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့ မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့

မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့ ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့

မင်းတို့ ကမ္ဘာ့မြေပုံပေါ် တက်နိုင်ဖို့
ငါတို့ အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

Credit >>crazybag.ning


Our Leaders apk

မြန်​မာနိုင်​ငံ ရဲ့ အာဇာနည်​ ​ခေါင်း​ဆောင်​ကြီးများရဲ့ တစ်​ဦးချင်း၏ ကိုယ်​​ရေးအကျဉ်းများကို android ဖုန်း များမှာ ဒီ apk ​လေး ထည့်​သွင်းထားရုံဖြင့်​ အလွယ်​တကူကြည့်​ရှုနိုင်​မဲ့  apk ​လေးပါ။  ဒီမှာ  ရယူနိုင်​ပါတယ်​။ ဒီapk ​​ရေးထား​သော developers များအား credit ​ပေးပါတယ်​။
  အဆင်​​ပြေပါ​စေ။

Thursday, July 17, 2014

၁၉ ဇူလိုင်

( ၁ ) ဦးဘဝင်း *
လောကမှာ ကျွန်တော်မနာလိုဆုံးပုဂ္ဂိုလ်က ခင်ဗျားပဲ
ဗိုလ်ချုပ်နဲ့ မွေးချင်းတော်စပ်ခွင့်ရတယ်
ဗိုလ်ချုပ်ကို အင်္ဂလိပ်စာသင်ပေးခွင့်ရတယ်
နောက်ဆုံး ဗိုလ်ချုပ်နဲ့အတူ သေဆုံးခွင့်ရတယ်
ထူးလိုက်တယ့်ကံ ခင်ဗျားရင်ထဲက ကျည် ၈ချက်
ကျွန်တော်တို့ ခံစားရခက်နေတုန်းပဲ

( ၂ ) ဦးအုန်းမောင် *
ကံဆိုးတာလား ? ကံကောင်းတာလား ?
တိုင်းပြည်အရေးအတွက် ငါးမိနစ်စောဝင်ခဲ့ပေမယ့်
ကျည်ဆန်တွေက ခင်ဗျားကိုယ်ထဲကို နစ်ဝင်ခဲ့ရပြီ
ခင်ဗျားရဲ့ သယ်ယူပို့ဆောင်ရေးစီမံကိန်း စာရွက်ကြီး
သွေးကွက်တွေထဲမှာ ခုထက်ထိ . . .

( ၃) ဦးရာဇာတ် *
အပစ်ခံရတာချင်းအတူတူ
ဗိုလ်ချုပ် နဲ့ သခင်မြကိုအရင်ကြည့်ပါ
ကျွန်တော်က အရေးမကြီးပါဘူးတဲ့လား !
ခင်ဗျားစကားတစ်ခွန်းက ခင်ဗျားဘယ်လောက်အရေးကြီးကြောင်းပြောသွားတယ်
တောင်းပန်ပါတယ်
ကျွန်တော်တို့ အားလုံးဗိုလ်ချုပ်ကိုအသက်မမှီလိုက်ဘူး

( ၄ ) ရဲဘော်ကိုထွေး *
ရာထူးမရှိပေမယ့် သွေးမနည်းပဲ
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်တာဝန်ကို
ရရာထောင့်က ကူညီခဲ့တယ့်သူ
နောင်လူငယ်တွေ ပြောပြရမယ်
အသက် ၁၈ လည်း အာဇာနည်ဖြစ်နိုင်တယ်ဆိုတယ့်အကြောင်း

( ၅ ) မိုင်းဘွန်စော်ဘွာကြီး စပ်စံထွန်း *
သိပ်ခန့်တယ့် ရှမ်းစော်ဘွားကြီး
ငယ်ငယ်က ပေါင်ပေါ်မှာကြောင်ရုပ်ထိုးမိကာ အခုရှက်နေရလို့
လူငယ်တွေ ဆေးမှင်မထိုးပါနဲ့ဆိုတဲ့စော်ဘွား
ကျွန်တော်တို့ နှလုံးသားမှာ သူ့နာမည်တက်တူးထိုးသွားပြီ

( ၆ ) ဒီးဒုတ်ဦးဘချို *
ကလောင်နဲ့ကော လူကိုယ်တိုင်ကော
တိုင်းပြည်ကို ရှိသမျှခွန်အားနဲ့ ကယ်ဆယ်ခဲ့တဲ့ဆရာ
အဲ့သည့်ဦးနှောက်ကို ကျည်ဆံတွေဖောက်ခဲ့တယ်
တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမူ့ကြီး
ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တ့ လူသားစစ်စစ်တစ်ယောက်

( ၇ )
မန်းဘခိုင် *
ဗမာတွေ လက်အောက်ရောက်တာဟာ
တိုင်းတပါးလက်အောက်ရောက်တာထက် အများကြီးသာသေးပါတယ်လို့
ကရင် - ဗမာ ချစ်ကြည်ရးပျက်ပြားအောင်
သွေးထိုးတဲ့ အင်္ဂလိပ်တွေစကားကို တစ်ခွန်းတည်းနဲ့ ဖြေရှင်းခဲ့တဲ့ ဖထီး

( ၈ )
သခင်မြ *
1947 july 19 ဒီနေ့မှ ထမင်းခပ်သုတ်သုတ်စားတာ ထူးဆန်းချည်ရဲ့ဆို
အိမ်အထွက် ခြံတံခါးနဲ့ ဂျစ်ကားညှိတော့
ဇနီးက မသွားပါနဲ့လား ဆိုတာကို
တချက်ပြုံးလို့
" ဗိုလ်ချုပ်စောင့်နေလိမ့်မယ် "
တစ်ခွန်းတည်းနဲ့ တစ်သက်တာလုံးနူတ်ဆက်သွားခဲ့တယ့်သူ
ကျွန်တော်တို့အခု …
ဘယ်လိုရင်ဘတ်နဲ့ အငိုတိတ်ရမလဲဗျာ … … … …
( ၉ )
ဗိုလ်ချုပ်အောင်ဆန်း *
တစ်မျိုးသားလုံးအရေးကို ရင်ထဲထည့်ခဲ့တယ့်ဗိုလ်ချုပ်
ငါပြည်သူအနွေးထည်မဝတ်နိုင်တာဟာ ငါ့အပြစ်လို့ဆိုတဲ့ဗိုလ်ချုပ်
သားကိုတွေ့ချင်လွန်းလို့လာတဲ့ မိခင်ကို
တိုင်းပြည်အရေးကြောင့် မချစ်ချင်ယောင်ဆောင်
မိခင်အိမ်အပြန်ရထားထွက်တော့မှ
စင်္ကြန်မှာ ဒူးထောက်ရှိခိုးရင်း ငိုတဲ့ဗိုလ်ချုပ်
သူ့နှလုံးကို အကျဉ်းချပြီး
တစ်တိုင်းပြည်လုံး လွတ်လပ်ဖို့ကြိုးပမ်းခဲ့တယ့်ဗိုလ်ချုပ်
တစ်ဘဝလုံး စတေးခဲ့ပေမယ့်
ဇူလိုင် ၁၉ မှာ ပြန်ရခဲ့တာ ကျည်ဆန် ၁၃ ချက် . . .
မေးပါရစေ . . .
တန် … လို့ … လား … ဗိုလ်ချုပ် … … … ?
Credit >>Ulay Kyi ( ကိုလင်း)

အောင်မြင်လိုသူတိုင်း လိုက်နာရှောင်ကြဉ်ရမယ့် အချက် - ၂၀

၁. စွန့်စားလိုစိတ် မရှိခြင်း။
(Unwillingness to take risks)

. ဇွဲမရှိခြင်း။
(Lack of persistence)

၃. ကျေနပ် လွယ်ခြင်း။
(Instant gratification)

၎. ဦးစားပေးလုပ်ဆောင်မှု မရှိခြင်း။
(Lack of priorities)

၅. ဖြတ်လမ်းကို ရှာခြင်း
။(Looking for shortcuts)

၆. အတ္တ၊ လောဘ များခြင်း။
(Selfshness and greed)

၇. ခိုင်မာတဲ့ ယုံကြည်ချက် မရှိခြင်း။
(Lack of conviction)

၈. သဘာဝနိယာမကို ကောင်းကောင်းနားမလည်ခြင်း။
(Lack of understanding of nature' laws)

၉. ကြိုတင်စီစဉ်ပြီး ပြင်ဆင်ဖို့ ဆန္ဒမရှိခြင်း။
(Unwillingness to plan and prepare)

၁၀. ရှာကြံအကြောင်းပြတတ်ခြင်း။
(Rationalizing)

၁၁. အမှားကို သင်ခန်းစာ မယူခြင်း။
(Not learning from past mistakes)

၁၂. အခွင့်အရေးကို မြင်အောင် မကြည့်နိုင်ခြင်း။
(Inability to recognize opportunity)

၁၃. အကြောက်ကြီးခြင်း။
(Fear)

၁၄. ပင်ကိုယ်စွမ်းရည်ကို အသုံးမချတတ်ခြင်းမရှိခြင်း။
။(Inability to use talents)

၁၅. စည်းကမ်းလိုက်နာမှု
(Lack of discipline)

၁၆. မိမိကိုယ်ကို တန်ဘိုးမထားခြင်း။
(Lack of self-esteem)

၁၇. အသိပညာ ဗဟုသုတ ချို့တဲ့ခြင်း။
(Lack of knowledge)

၁၈. ကံကိုယုံကြည်တဲ့ သဘောထားရှိခြင်း။
(Fatalistic attitudes)

၁၉. ရည်ရွယ်ချက် မခိုင်မာခြင်း။
(Lack of purpose)

၂၀. သတ္တိနည်းခြင်း။
(Lack of courage)

သူငယ်ချင်းတို့ရေ………

ဒီအချက် ၂၀-ဟာ Shiv Khera ရဲ့ You Can Win စာအုပ်ရဲ့ အခန်း(၂) Success; Winning stragegies ထဲက ထုတ်နှုတ် ဘာသာပြန် ရေးသားထားတာ ဖြစ်ပါတယ်။ ဒီအချက်ကလေးတွေကို လိုက်နာရှောင်ကြဉ်မယ်ဆိုရင် ဘဝအောင်မြင်ရေးအတွက်
အလွန်တန်ဖိုးကြီးတဲ့ အချက်တွေဖြစ်တာမို့ ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ဘဝနဲ့ဆန္ဒ တသားတည်းကျပါစေ………
Credit>> လင်းမြတ်​ (ပန်း​တောင်း)

Android ​ပေါ်မှ လက်​​တွေ့အသုံးချ နည်းပညာ စာအုပ်

သန်းထိုက်​(​ရွှေရိပ်​)​ရေးသား​သော android ​ပေါ်မှ လက်​​တွေ့အသုံးချ နည်းပညာစာအုပ်​​လေးပါ။ ​လေ့လာချင်​ရင်​​တော့  ဒီမှာ  ရယူနိုင်​ပါတယ်​။
Credit>> writer & original uploader

၁၉ ဇူလိုင်​ မ​မေ့နိုင်

နတ်မောက်……။
မင်းဘာမှထပ်မလုပ်နဲ့ ထိန်လင်းကိုငါတို့ဆီပေးပြီကတည်းကဆယ်ကမ္ဘာစာလောက်တာဝန်ကျေနေပြီ။
ခင်ကြည်………။
ညည်းယောင်္ကျာကိုသေခြာကြည့်ထားသမီးကလေးခမည်းပေးဖို့ ရွှေကလေတစ်ပဲတစ်မှုးတောင်အမေအိုဆီလက်ဖြန့်တဲ့လူသားနိုင်ငံခေါင်းဆောင်ငမွဲကိုညည်းစိတ်ပျက်ချင်ပျက်သမိုင်းကစိတ်မပျက်စေနဲ့
ဗိုလ်ထွန်းလှ………။
ခင်ဗျားဆရာကိုကြည့်ပြောဦးလမ်းဘေးမှာအကြော်ဝင်စားနေတာ နောင်လူတွေသိရင်မျက်နာမထားတက်အောင်ရှက်နေရှာဦးမယ်
ဆရာတော်ဦးသောဘိတ……။
ဒီတစ်ခါကြမ်းတမ်းမိလို့ ဒီကလေးကိုမရိုတ်ပါနဲ့ရရင်ရမရချဆိုတာကျွန်တော်တို့အတွက်ပါဘုရား
ဦးဘဝင်း………။
ခင်ဗျားညီအငယ် ဆုံးလေးကိုခွင့်လွှတ်လိုက်ပါသူပြောခိုင်းတဲ့ရည်းစားစကားပြောပေးလိုက်ပါစစ်သားကြီးအသည်းကဆေးရုံပေါ်ကျန်ခဲ့ရင်ကျွန်တော်တို့ပဲနစ်နာကြမှာ
ရဲဘော်ကျော်စိန်……
ခင်ဗျားကားမောင်းရင်သတိကိုငယ်ထိပ်မကပ်ထားခဗျားတင်မောင်းလာတာကျွန်တော်တို့အတိတ်ကြီးပစ္စုပ္ပန်ကြီးအနာဂတ်ကြီး
ဟေ့လူပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ……
သူ့ဟာသူငါးမှုးတန်းကကြည့်ကြည့်တစ်မတ်တန်းကကြည့်ကြည့်သွားမတားပါနဲ့သူ့ဘဝမှာအပန်းဖြေနည်လက်တစ်ဖက်မပြည့်ခဲ့တဲ့သူစိတ်လွတ်ကိုလွတ်ခံစားပါစေဗျ
ဗိုလ်မှူးကြီး ဆူဇူကီး……။
ခင်ဗျားကိုလက်ဆွဲနှတ်ဆက်ရင်းခင်ဗျားကိုတိုက်သင့်ရင်တိုက်ရမှာပဲလို့ပြောခဲ့တဲ့အညာသားလေးကိုအဲ့သတ္တိအဲ့စကားကိုသေခြာမှတ်ထားနောင်းမြန်မာတွေထဲမှာပြောရဲတာတစ်ယောက်မှမရှိဘူး
အမွိုင်………။
မင်းမြေကိုသူနင်းလိုက်တော့တွန့်မသွားဘူးလားအာရှတိုက်ရဲ့ကြယ်တစ်လုံးကိုနှစ်လလောက်ထမ်းထားလိုက်ရတာအခုထိဂုဏ်ယူမဆုံးမဟုတ်လား
ဦးစော………။
ခင်ဗျားကိုတော့မေ့ထားပါ့မယ်ခွင့်လွှတ်လို့တော့မရသေးဘူးဒါပေးမယ့်မပူပါနဲ့ ဒီနေ့ခေတ်မှာလည်းခင်ဗျားလိုလူတွေအများကြီးရယ်
မစ္ဓတာနေရူး……။
ခင်ဗျားသူ့ကိုလောင်းကုတ်ကြီးပေးလိုက်တာကျေးဇူးတင်တယ်ဗျာအခုကျွန်တော်တို့မှာဒါကြီးခြုံပြီးနွေးနေရတာ
ပဲခူးဆောင်………။
ခင်ဗျားအခန်းထဲကကြမ်းပိုးတွေမောင်းမထုတ်လိုက်ပါနဲ့စာအုပ်ပုံကြီးရှင်းမပြစ်လိုက်ပါနဲ့မခေါက်ရသေးတဲ့အဝတ်တွေမခေါက်လိုက်ပါနဲ့သူဇိမ်နဲ့မနေခဲံ့လို့ကျွန်တော်တို့ဇိမ်နဲ့နေနေရတာ
ညိုညိုစိန်……။
ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာအနယ်နယ်အရပ်ရပ် ရွှေဘိုညချမ်းကလိုသူရဲကောင်းမျိုးတွေ့ဖူးခဲ့လား တွေ့ဖူးရဲ့လား ကျုပ်မှာ ကာမပိုင်နဲ့ဗျတဲ့ မိန်ကလေးတန်မဲ့လက်ဆွဲကျီစယ်မယ့်ညည်းတောင် ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား
ဆြာစတက်ဖို့ကရစ်ပ်……။
သူခဗျားအိတ်ကြီးပြဲသွားအောင်ဖောင်တိန်ကိုဆွဲလုလိုက်တာမအံ့သြပါနဲ့ ၃၂နှစ်နဲ့သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို ဆွဲလုနေတုန်း
ဦးဌေးမြိုင်(သို့)ဒဂုန်တာရာ……။
(ဇွတ်ချစ်မယ်)ဆိုတဲ့အချစ်သီချင်းအစား စစ်ချီတက်သီချင်းတွေပဲကြားချင်တယ်ဆို တီးပေးလိုက်ပါဗျ နှလုံးသားမရှိတာမဟုတ်ပါဘူး နှလုံးသားရှိလွန်းလို့ပါ
ဂျူဗလီဟော………။
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့ ခင်ဗျားကိုမြင်တိုင်း မျက်ရည်ဝဲရင်း အလေးပြုမိလို့
ရဲဘော် ကလေးတွေ……။
စိတ်မကောင်းမဖြစ်ပါနဲ့မင်းတို့ခေါင်းဆောင်ကြီးကသူ့မင်္ဂလာဆောင်မှာတိုက်တွေကားတွေလက်မဖွဲ့လို့ စိတ်ဆိုးမယ့်လူသားလား ငွေသော်တာရောင်ခြည်ဆိုတော့ အရိုးသားဆုံးအပြုံနဲ့ပျော်နေခဲ့တာလေ
ပြည်ထဲရေးဝန်ကြီး ဦးမြ………။
ခင်ဗျားမှားတယ် သူ့ရုံးခန်းရှေ့ကကိုကျော့မောင်……။ တပ်စိတ်ကို သူဘာပြောပြော ပေကပ်ထားရမှာ အခုကျွန်တော်တို့ပြောခွင့်မရှိတော့
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့ ဆွဲယူလွှတ်ပြစ်လိုက်တာ စိတ်မကောင်းမဖြစ်နဲ့ သူအပင်းပန်းခံသင်ယူခဲ့တဲ့ ပညာတွေ ထဲမှာအဲ့လို အပိုဆားဒါးတွေမပါဘူး
မေမြို့……။
ဝမ်းနည်းစရာတွေကျိတ်မှိတ်ထားလိုက် နိုင်ငံရေးလောကကထွက်ရင် ခြံစိုက်မယ် စာရေးမယ်ဆိုတဲ့သူ ကျည်းဆံ ၁၃တောင့် စိုက်သွားပြီး ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ ။
HEINN
စာရေးဆရာ "ဟိန်း"ဖြစ်ပါတယ်
ဂုဏ်ယူလေးစားစွာဖြင့် ပြန်လည်းမျှဝေ ပေးပါသည်​။

Page Manager 5.0 apk update

Facebook Page Mananger 5.0 apk update ကို ​အသုံးပြုချင်​ရင်​​တော့ ​အောက်​မှာရယူနိုင်​ပါပီ။
    အဆင်​​ပြေပါ​စေ ။

PicSay Pro 1.7.0.1 apk update

PicSay Pro apk update​လေးအသုံးပြုချင်​ရင်​​တော့ ​အောက်​မှာရယူနိုင်​ပါပီ။
          အဆင်​​ပြေပါ​စေ ။

RootExplorer 3.1.9 apk update

RootExplorer apk ​လေး update ​​တွေ့လို့ ပြန်လည်မျှေ​​၀​ပေးလိုက်ပါတယ်​​။ေ​အာက်မှာ​ရယူနိုင်ပါတယ်။
 download  
         အဆင်​​ပြေပါ​စေ ။

Wednesday, July 16, 2014

Easy Computer Basic Ebook (Size 14.49 MB)

ဆရာ မျိုးသူရရေးထားတဲ့ Easy Computer Basic စာအုပ်ကတော့ Basic သုံးလ တက်တာနဲ့ ညီအောင်ကို ရေးပေးထားတာခင်ဗျာ။။ စာစီစာရိုက်၊ Photoshop, Nero စတဲ့ အသုံးပြနည်းများ၊ Hardware များအကြောင်းတွေပါ အသုံပါပါတယ်ခင်ဗျား။ခုမှ စသုံးကြတဲ့ ညီငယ်ညီမငယ်များအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။
 link 1
 link 2 
  Credit>>Myanmar Ebook
အဆင်​​ပြေပါ​စေ ။

Google Playstore v4.8.22 apk update(for android)

Play Store latest update ရဲ့ အားသာချက်လေးတွေကတော့
What’s New?
> New Require secret key choice
> Emulating the late legal claim over in-application buys, we now have another alternative to dependably oblige the record secret key for buys, not simply once for every 30 minutes. In the event that you have children, you ought to likely turn this on now.
> Settings and Help at long last moved to slideout nav
> Settings and Help have moved – you can now discover them in the slideout route drawer. Other Google applications were overhauled in a comparable manner as of late, so we totally anticipated that the Play Store will follow after accordingly. In related news, this implies that the unnecessary flood menu on the begin screen is gone.
> Befuddling Auto-include gadgets setting renamed
> The “gadget” a piece of Auto-include gadgets was truly confounding since it was really including symbols and not gadgets. It’s all altered now, at long last.
 download
    အဆင်​​ပြေပါ​စေ ။

ဘဝ

ကံကြမ္မာဆိုတာက လက်ဖဝါးပေါ်က လက္ခဏာတွေနဲ့ တူပါတယ်။
ဘယ်လောက် ပဲ ရှုပ်ထွေးနေပါစေ ကိုယ့်ရဲ့လက်ထဲမှာပဲရှိပါတယ်။

လူထက်မြင့်တဲ့တောင် ဆိုတာမရှိပါဘူး။ ခြေထက် ရှည်တဲ့လမ်းဆိုတာလည်းမရှိပါဘူး။

မျက် ရည်ကျခဲ့ဖူးတဲ့မျက်လုံးကပိုပြီး ကြည်လင် တတ်ပါတယ်။
နာကျင် ခဲ့ဖူးတဲ့ နှလုံးသားက ပိုပြီး
ခိုင် မာလာတတ်ပါတယ်။
ကျရှူံးခဲ့ဖူးတဲ့ အတိတ်က
အနာဂတ်ကောင်းကို ပိုမို ရ ရှိစေပါတယ်

မုန်တိုင်းပြီးအောင်စောင့်နေတာက
ဘဝမဟုတ်ပဲ
မုန်တိုင်းထဲမှာ
ဘယ်လိုရှင် သန် နေထိုင်ရမယ်ဆိုတာကိုသင်ယူ
နေတာကမှ ဘဝပါ။

လေပြည်ညှင်းထဲမှာ အသက် ရှုနိုင် မှ
အသက် ရှင် သန်တာ မဟုတ်ပဲ
မုန်တိုင်းထဲမှာလည်း
အသက် ရှင် သန်အောင်
အသက် ရှူနိုင် တာကမှ ဘဝပါ…

ငြိမ်းလဲ့

" အသိုက်ကွဲ ငှက်၏ ဒဏ်ရာ "


" ခွမ်း "

မိသားစုဓာတ်ပုံမှန်ဘောင်လေး ကျကွဲသွားသည် ။
အောင်အောင်ကြားပါသည် ။
ဖေဖေနှင့် မေမေ ဖြစ်နေကျရန်ပွဲပါပဲ …

" မင်းအဲ့လောက်တောင် ကိုယ့်ကိုကိုယ်အထင်ကြီးနေရင်လည်း မပေါင်းနဲ့ပေါ့ကွာ "

" ရှင့်ကို ပေါင်းချင်လွန်းလို့များမှတ်နေလား ? "

ပြောပြောဆိုဆိုနှင့် မေမေအဝတ်တွေသိမ်းကာအိမ်ပေါ်က ဆင်းပါသည် ။

" ညည်းတို့ ကလေးမျက်နှာလည်းထောက်ကြပါဦးဟယ် "
ဖွားဖွား၏ စကားသံတို့သည် မျက်ရည်များပြည့်လျံနေ၏ ။

" မဟုတ်ဘူး အမေ …
ကလေးမျက်နှာထောက်နေလို့ ဒီအချိန်ထိသည်းခံနေလာတာ နို့မို့ဆို သူနဲ့အစောကတည်းက ပြတ်ဆဲတယ် "

ဖွားဖွား၏ ညှိနိုင်းမူ့ မအောင်မြင်လိုက်ပါ
ဖွားဖွားရင်ခွင်ကြားက ကျွန်တော့်ကို မေမေ တချက်ကြည့်ပါ၏ ။
ထို့နောက် လှည့်ထွက်သွားပါ၏ ။

မေမေကို နောက်ဆုံးတွေ့လိုက်ရသော တစ်ဒင်္ဂလေးပါပဲ . . .

မေမေ ထွက်သွားပြီ မကြာလိုက်
ဖေဖေ ထွက်လာသည် ။ လက်ထဲတွင်ခရီးဆောင်လက်ဆွဲအိပ်နှင့်

" သိန်းအောင် … နင်ကကော ဘယ်တုန်း …
အေးအေးကို လိုက်ချော့ပြီ ပြန်ခေါ်ခဲ့ သွားး "

" မရတော့ဘူး အမေ … ကျွန်တော် အလုပ်ကလွှတ်လို့ ပြည်ပကိုသွားရမယ်
ဒါကို သူ့ကို ရှင်းပြတယ် သူလက်မခံဘူး …
သား … လိမ်လိမ်မာမာနေနော် , ဖွားဖွားစကားနားထောင် "
ကျွန်တော့်ကို တချက်ပြုံးပြပြီး
ဤသို့ဖြင့် ဖေဖေလည်း ထွက်သွားပါ၏ ။

" မြေးလေး ငိုမနေနဲ့ တိတ်တော့ …
မာနခြင်းပြိုင်တဲ့ ပွဲမှာ … ငါ့မြေးလေးက ဓားစာခံလာဖြစ်ရတယ်လို့ကွယ် "

အခန်းထဲတွင် ကွဲလက်စ မှန်ဘောင်လေးက ကြမ်းပြင်ပေါ်မှာ ငြိမ်သက်လို့
တိပ်အနီလေးနဲ့ ပြန်ကပ်ကြည့်တော့ မှန်ဘောင်လေးအကောင်းအတိုင်းပြန်မဖြစ်ပေမယ့်
မိသာစုဓာတ်ပုံလေးတော့ အကောင်းအတိုင်းပြန်ဖြစ်သွား၏ ။

" အောင်အောင် … မြေးလေး
ဟာ . . . သွေးတွေအများကြီးပဲ မနာဘူးလာ
လာ အဖွားဆေးထည့်ပေးမယ် "

ဖွားဖွားရယ် ဖေဖေနဲ့မေမေသာ ပြန်လာရင် တစ်ကိုယ်လုံးသွေးတွေကုန်သွားပါစေ တိပ်လေးနဲ့ သားပြန်ဆက်ချင်ပါတယ် ။

နှစ်တွေသာ ကြာသွား၏
ဖေဖေကော မေမေကော ပြန်ရောက်မလာခဲ့ … ။

… … …

" အောင်အောင် … ခုံပေါ်တပ် မတ်တပ်ရပ်စမ်း "

အတန်းပိုင်ဆရာမစကားသံ၏ အဓိပ္ပာယ်ကို သေချာသိပါ၏
" စာမေးပွဲရလဒ်တွေက ဘာသာစုံ မကျရုံတမယ်ပဲ ဘယ်လိုဖြစ်တာလဲ
သား အရင်တုန်းက ဒီလိုမဟုတ်ပါဘူး "

ကျွန်တော် စကားမပြောပဲ နူတ်ဆိတ်နေလိုက်၏
" သား အောင်အောင် မင်းကို ဆရာမ မေးနေတယ်လေ "

ကျွန်တော် လုံးဝပြန်မဖြေ …

" ကိုယ့်အပြစ်ကိုယ်သိရင် ဟိုဘက်လှည့် တစ်ဘာသာကိုငါးချက်
လေးဘာသာကျတော့ အချက် ၂၀ "

ရိုက်ပါ ဆရာမရယ် အချက် ၂၀ မကပါဘူး အချက် ၁၀၀ ရိုက်လည်း ကျွန်တော်စာမေးပွဲ အောင်မှာမဟုတ်ပါဘူးး

" မနက်ဖြန် မိဘခေါ်လာခဲ့ "
တုန်နေတဲ့ နူတ်ခမ်းတွေနဲ့ ကျလာတော့မယ့် မျက်ရည်စက်တွေကို နူတ်ခမ်းစ'က သွေးစက်တချို့နဲ့ တားလိုက်တယ် ။

ကျောင်းပြန်လွှတ်တော့ ဆရာမဆင့်ခေါ်စာ လက်ကကိုင်လျက်

" အဲ့သည့်ကောင်ပေါ့ လေးဘာသာတောင်ကျတာလေ "
အတန်းထဲက ဇော်ခိုင်တို့ လှောင်နေကျခြင်းသာ
လူချင်းတော့မမျ ကျွန်တော်က လူကောင်သေးသေး သူတို့ကလူကောင်ကြီးကြီးတွေ
သို့သော် ဂရုမစိုက်နိုင်တော့ ကျွန်တော်ခုန်ထိုးသည် ထို့နောက် နပမ်းလုံးကြသည်

" ဟဲ့ … ဟဲ့ ဘာတွေဖြစ်တာလဲ "

" ငါ့သားကို ဘယ်က မိမနိုင် ဖ'မနိုင်က ထိုးတာလဲ "

ဇော်ဇော်၏ အမေအသံက နားထဲမှ နှလုံးသားကို စိမ့်သွား၏
ဟောသည့်သည်ကောင်က မိဘဆုံးမတာ ခံခြင်နေတဲ့ကောင်ပါဗျာ …

ဖူးရောင်နေသော မျက်နှာက မနာ
နှလုံးသားက စိမ့်နာ၏
ဖေဖေ ရယ်
မေမေရယ်
ဒီအချိန်မှာ ဖေဖေ နဲ့ မေမေသာရှိရင်လေ
သား သူများပြောတာခံရမှာ မဟုတ်ဘူးးး 

… … …

ဖွားဖွားက ဆေးထည့်ပေးရင်း ဆရာမ ဆင့်ခေါ်စာကိုဖတ်၏

" ငါ့မြေးက ဘယ်လိုဖြစ်လို့ စာမေးပွဲကျရတာလဲ
ငါးတန်း-A မှာ အတော်ဆုံးကျောင်းသားက စာမေးပွဲကျပြီး နောက်ဆုံးအဆင့်ရောက်ရတယ်လို့ကွယ် "

ကျွန်တော်ပြန်မဖြေပါ
အိပ်ယာစောစောဝင်ခဲ့၏

ထိုနေ့ညက ကြယ်မစုံပါ မိုးတွေတော့ခြိမ့်ခြိမ့်သည်းပါ၏
မေမေဖတ်ပြနေကျ ပုံပြင်စာအုပ်လေး စားပွဲထောင့်စွန်းမှာ မလှုပ်မယှက် …

… … …

ဆရာမနှင့် ဖွားဖွားတို့ ဘာတွေပြောကြသည် မသိ
ဇော်ဇော့်ကို ဆရာမ ခေါ်ဆူ၏ ။ ကျွန်တော်ကို စာကြိုးစားရန်ပြော၏ ။
ဆရာမ မျက်ဝန်းတို့သည် ထူးခြားနေ၏ ကျွန်တော့်ကို နှစ်သိမ့်ပေးရန်အသင့်ရှိနေသလိုဖြစ်နေ၏ ။ ကျွန်တော်လိုချင်တာ မိဘ မိဘ ပါ ဆရာမ … တခြားဘယ်သူမှ ကျွန်တော်မလိုအပ်ဘူးး ။

ညနေစာ ထမင်းကျွေးရင်း အဖွားက စကားစ,သည်

" မြေးလေး … နောက်အပတ်စာမေးပွဲ အဆင့်တစ်ရရင်
ဖွားဖွား , မြေးလေး ဖေဖေနဲ့ မေမေကို ခေါ်ပေးမယ် "

" တကယ်နော် … ဖွားဖွား . . .
ဖေဖေနဲ့ မေမေက တကယ်လာမယ်တဲ့လား ? "

" ငါ့မြေးလေး အဆင့်တစ်ရရင် သူတို့ပြန်လာရမှာပေါ့ "

" ကတိ နော် … ဖွားဖွား "
" ကတိပါကွယ် … ကတိ "

လမင်းကြီးက ပြည့်လုပြည့်ဆဲပါပဲ
ကြယ်တွေက ဟိုတစ်ကွက် သည်တစ်ကွက်နှင့်
လပြည့်ညကြီး ရောက်ဖို့ ကြယ်တွေစုံဖို့ ကျွန်တော် အဆင့်တစ်ရဖို့လို၏ ။

… … …

" အောင်အောင် ရီပို့ကဒ် လာယူပါ "

ဆရာမ၏ အသံကကြည်မျှနေ၏
" နောက်အပတ်တွေလည်း အဆင့် တစ်ရအောင် ကြိုးစားရမယ်နော် "

" ဟုတ်ကဲ့ ဆရာမ "

အိမ်အပြန်လမ်းတို့က ချောမွေ့နေ၏
မနက်က အဖွားကို ဒီနေ့ရီပို့ကဒ်ရမည်ဟု ပြောခဲ့သည်
အမှတ်စာရင် ကြိုပေါင်းကြည့်ထားခြင်းကြောင်း အဆင့်တစ်မှာ မလွဲမသွေကြောင်းပြောခဲ့သည် ။
ဖေဖေနဲ့ မေမေကို မနက်က ဖုန်းဆက်ထားလျင် ဒီအချိန်ရောက်လောက်ပြီပေါ့ ။

အိမ်တံခါးက ပွင့်လျက်သား ဒါဆိုပိုကျိန်းသေပြီ …

" ဖွားဖွား ဖေဖေနဲ့ မေမေကော ရောက်နေပြီလားဟင် ?
လမ်းမှာ ကားတွေပိတ်နေလို့ နောက်ကျနေတာပါ သားကို ဖေဖေနဲ့ မေမေက အံ့သြသွားအောင်လုပ်မလို့ ပုန်းနေတာမလားဟင် ?
ဒါမှမဟုတ် သားအတွက် အရုပ်အကြီးကြီးသွားဝယ်တာလား ?
မိသားစု သုံးယောက်ပုံ သားဆွဲထားတာရှိတယ် ဖွားဖွားရဲ့
အခန်းထဲမှာထားထားတာ ဖေဖေတို့ တွေ့သွားပြီးလားတောင် မသိဘူး !
သား နည်းနည်းနောက်ကျလို့ ဖေဖေနဲ့ မေမေကစိတ်ဆိုးပြီးပြန်ထွက်သွားတာလားဟင် ?
သားနောက်တခါ နောက်မကျစေရပါဘူးးး လို့ ပြောပေးပါ ဖွားဖွားရယ်
လာခဲ့လေမလားလို့
သားသိပါတယ် … ဖွားဖွားရယ် ဖေဖေနဲ့မေမေပြန်မလာမှန်း
ဒါပေမယ့်  မျှော်လင့်မိတာပါ "

ဖွားဖွားကမဖြေ ငိုချည်းသာနေ၏ ။

" ဖွားဖွားကို … ခွင့်လွှတ်ပါ မြေးရယ် "

Credit >> Ulay Kyi


Monday, July 14, 2014

အဖေ့အတွက် မအားလပ်ခဲ့သူ


'ကျနော် ကလေးဘတုန်းက ကစားကွင်းသွားဖို့ ပူစာတော့ အဖေ့ခမျာ အလုပ်ပျက် ခံပြီး လိုက်ပို့ခဲ့ရတာ အကြိမ်ကြိမ်ပဲ။ ကျနော် ကျောင်းတက်၊ ကျူရှင် တက်ဖို့ ပိုက်ဆံမလောက်တော့ အဖေ့ခမျာ သူ့အပေါင်းကြား မျက်နှာ အပျက်ခံပြီး ချေးပေး ခဲ့ဖူးတယ်။ ကျနော် အလုပ်မရတော့လည်း သူ့အသိ မိတ်ဆွေ အကူအညီနဲ့ ရအောင် သူကြိုးစားခဲ့ပေး သေးတယ်။ ကျနော်တို့က အဖေ တစ်ခု သားတစ်ခုလေ။

ကျနော် အိမ်ထောင်ကျတော့ အဖေက သူ့ညီမ (ကျနော့ အဒေါ်) နဲ့ နေပြီး ကျနော်ကတော့ အိမ်ခွဲနေတယ်။ အဖေက သူ့မြေးလေးနဲ့ ဆော့ချင်လို့ အိမ်လာတိုင်း ကျနော်ကတော့ မအားဘူးပေါ့။ 'သွားစရာ ရှိလို့ အဖေရေ' လို့သာ ပြောပြောပြီး ကျနော် နှုတ်ဆက်လို့ အပြင်သွားလေ့ ရှိတယ်။ အဖေ့ဆီက ဖုန်းလာတော့လည်း 'အလုပ်ကိစ္စ ပြောနေလို့ နောက်မှ ပြန်ခေါ်လိုက်မယ်နော် အဖေ' လို့ ကတိတွေ ပေးပြီး ကျနော် ပြန်မခေါ်ဖြစ်တဲ့ အကြိမ်တွေက ပိုများတယ်။ အကြောင်းတိုက်ဆိုင်လို့ အဖေနဲ့ တွေ့ရင်တောင် သွားစရာ ရှိလို့ လုပ်စရာ ရှိလို့ ဆိုတဲ့ အကြောင်းနဲ့ပဲ ခဏပဲ တွေ့ပြီး ကျနော် နှုတ်ဆက် ထွက်သွား လေ့ ရှိတယ်။

တစ်နေ့တော့ အဒေါ့်ဆီက ဖုန်းလာပါလေရော။ အဖေ့ကို ဆေးရုံ တင်ထားရလိုပတဲ့။ အဖေ့ကို ဆေးရုံတင်ရလောက်အောင် ရောဂါ ပြင်းနေတာ ကျနော့ကို မပြောရလား ဆိုပြီး ပြဿနာ ရှာလိုက်တယ်။ အဒေါ်က ပြန်ပြောတယ်။

'နင့်အဖေ ပြောချင်ပေမယ့် နင်မှ မအားတာကိုး' တဲ့။

စကားပြောခွင့် မရပဲ ၃ ရက် အတွင်း မနှိုးနိုင်သော အိပ်စက်ခြင်းနဲ့ အဖေ အိပ်ပျော် သွားတယ်။

ကျနော် ပူဆာလို့ အလုပ်ပျက်ခံပြီး ကစားကွင်း ပို့ပေးခဲ့တာတွေ၊ ကျောင်း ကျူရှင် တက်ဖို့အတွက် အဖေ့ ခမျာ မျက်နှာ အငယ်ခံ ပိုက်ဆံချေးခဲ့တာတွေ၊ ကျနော် နဲ့ စကားပြောချင်လို့ ခဏခဏ တောင်းဆိုနေတဲ့ မျက်လုံးတွေ။ ကျနော် တွေးလိုက်တဲ့ ရင်ထဲမှာ နာကျင်စွာ ခံစားရတယ်ဗျာ။ ကျနော် အဖေ့ အတွက် အချိန် မအားလပ်ခဲ့တာ မဟုတ်ဘူး။ ကျနော် မိုက်မဲ ခဲ့တာပါ။ ခုတော့ ကျနော် အချိန်ပေးချင်လည်း အဖေ ဆီမှာ အချိန် မရှိတော့ ပါဘူး။'

.
Ref:inspiraquote
Credit >> ရိုးရာလေး