Friday, October 24, 2014

အမေ့ စာတစ်စောင် (ဖြစ်ရပ်မှန်)

အမေရိကန်- ဗီယက်နန် စစ်ပွဲပြီးတဲ့အချိန် ဗီယက်နမ်နိုင်ငံဟာ ဆင်းရဲတွင်းထဲ ရောက်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာ စစ်ထဲမှာ ကျဆုံးသွားပြီး သားအမိ နှစ်ယောက်သာ ကျန်တော့သတဲ့။ ရုပ်ရည်အားဖြင့်ကော၊ စိတ်ထားလှ မှုကြောင့် မုဆိုးမ ဘဝသို့ ရောက်ရတဲ့ အမျိုးသမီးတစ်ဦးဟာ နောက် အိမ်ထောင် ပြုမယ်ဆို ဆက်ပြုနိုင်ပါသေးတယ်။ ဒါပေမယ့် တစ်ကိုယ်တည်း ရုန်းကန်ပြီး သားလေးကို ခေတ်ပညာနဲ့ မပြတ်ပဲ ထားပေးဖို့ပဲ သူဆုံးဖြတ််ခဲ့ပါတယ်။

အလုပ်ကို ဆင်းရဲပင်ပန်းစွာလုပ်ပေမယ့် သားလေးက ပညာတော်တော့ ဝမ်းသာ ရှာပါတယ်။ ဆယ်ကျော်သက် လူငယ်ဘဝရောက်တော့ စကော်လာရှစ်ရပြီး အမေရိကန်မှာ ကျောင်းတက်ခွင့် ရခဲ့ပါတယ်။ နောက်တော့ အမေရိကန် NASA မှာပဲ အလုပ်ရပြီး အမေရိကန်မှာပဲ အသက်ရှင်လုပ်ကိုင်ပါတော့တယ်။ အမေကတော့ ဝမ်းသာမျက်ရည်နဲ့ တစ်ယောက်တည်း ပျော်နေရှာပါတယ်။ လစဥ်လတိုင်း သားဖြစ်သူကလည်း အမေရိကန်ဒေါ်လာ ၁၀၀ စီ ပို့ပေးပါတယ်။ စစ်ပြီးပြီး ဆယ်စုနှစ် သံုးခုလောက်ထိက ဗီယက်နမ်ကော ကမ္ဘာကပါ စီးပွားရေး မပြေလည်ပါဘူး။ သားပို့ပေးတဲ့ ဒေါ်လာ ၁၀၀ ဆိုတာ သူ့ခေတ်သူ့ခါမှာ အင်မတန် သုံးမကုန်အောင် များပါတယ်။ အင်တာနက်လည်း မထွန်းကားတော့ ဖုန်းလည်း သိပ်မပြောဖြစ်ပါဘူး။ အမေ့ကို ငွေပို့ပြီး တာဝန်ကျေတယ်လို့ သားဖြစ်သူ NASA မှ အင်ဂျင်နီယာက ထင်နေရှာ ပါတယ်။ ခရစ်စမတ် ရုံးပိတ်ရက်ရောက်တာတောင် အိမ်ကို ပြန်ဖို့ မစဥ်းစားတော့ပဲ အမေရိကန်မှာ ပျော်နေရှာပါတော့တယ်။ တစ်နေ့ကျတော့ အမေဆံုးတဲ့ သတင်း ရပါတယ်။ ဒါနဲ့ အမေဖြစ်သူကို ဂူသွင်းမြေမြှုပ်ဖို့အတွက် ဗီယက်နန် ကို ပြန်လာပါ တယ်။ သူ့မျက်နှာမှာ အင်မတန် ဝမ်းနည်းတဲ့ ခံစားချက်မျိုးကို မပြပါဘူး။ မျက်ရည်လည်း မကျပါဘူး။ ဒါနဲ့ အမေက သူ့အတွက် စာအိတ်တစ်အိတ်ချန်ခဲ့ကြောင်း ဆိုပြီး အခြားလူတစ်ယောက်က လက်ထဲ ထည့်ပေးပါတယ်။ အင်မတန် ဖောင်းနေတဲ့ စာအိတ်ထဲမှာ ဒေါ်လာ ၁၀၀ တန် ချက်လက်မှတ်ပေါင်းများစွာနဲ့ စာတစ်စောင်ကို သူတွေ့ ပါတယ်။ ဒါနဲ့ပဲ သူ ယူကြံုးမရ အော်ငိုပါတော့တယ်။ စာထဲဲမှာ ရေးထားတာကတော့ -

"သား အမေဒီလောက်ငွေအများကြီးမလိုဘူး။ သားကိုပဲ လွမ်းတယ်။ အိမ်ရှေ့မှာ မော်တော်ဆိုင်ကယ်ဖြတ်သွားသံတွေ ကြားတိုင်း င့ါသားလေးများ ပြန်လာလေသလားဆိုပြီး ထွက်ထွက် ကြည့်မိတယ်။ င့ါသားလေး ဖျားနာရင် သုံးဖို့ ငွေမရှိမှာစိုးလို့ သားငွေတွေ စုထားပေးခဲ့တယ်"

“Son, I don’t spend too much money. I miss you a lot. Every time I hear a motorcycle passing by, I run out the door but it wasn’t my son. I saved this money for you in case when you get sick.”

- ဗီယက်နန်မှ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် အောင်ခမ်း (ရိုးရာလေး) မှ ကူးယူ​ဖော်​ပြပါသည်​။