Wednesday, February 4, 2015

မကောင်းတာတွေ မစုဆောင်းနဲ့

သဲတစ်ပွင့်ဟ သူ့ချည်းပဲဆို ဘယ်လောက်မှ မလေးပေမယ့် သဲပွင့်လေးတွေ အများကြီး စုပေါင်းလိုက်ရင်
အင်မတန်လေးပါတယ်။
မြင်သာအောင်ပြရမယ်ဆိုရင် သစ်သားစင်လေး တစ်ခုပေါ်ကို သဲတစ်ပွင့်ထည့်ထားတဲ့အိတ် တစ်လုံး တင်
ကြည့်လိုက်ပါ။ ဘယ်လိုမှ မနေပါဘူး။ စင်လည်း လှုပ်မှာတောင် မဟုတ်ဘူး။
ဒီအိတ်ထဲကိုပဲ သဲတွေ ပြည့်တဲ့ထိ နည်းနည်းခြင်း ထည့်သွားကြည့်ပါ။ နောက်ဆုံး အိတ်လည်း သဲနဲ့ပြည့်
ပြီး သစ်သားစင်လည်း ညွှတ်ကျလာ ပါလိမ့်မယ်။ အဆုံးမှာ အရမ်းလေးပြီး စင်ပါ ကျိုးကျသွားမှာပါ။
ဒီလိုပဲ စိတ်ထဲမှာ မကောင်းတဲ့ လောဘ၊ ဒေါသ၊ မောဟတွေ၊ မနာလို ၀န်တိုခြင်းတွေ၊ အာဃာတ ရားတွေ၊
မကောင်းတဲ့ အသိတွေ စတာကို ထည့်လိုင်ခြင်းဟာ အိတ်ထဲကို သဲတွေ နည်းနည်းခြင်း ဖြည့်သလိုပါပဲ။
မကောင်းတဲ့စိတ် စဖြစ်တည်ချိန်မှာ အလွန်နည်းတော့ မသိသာပေမယ့် များလာတဲ့ အခါမှာ စိတ်ကို အရမ်း
လေးလံစေပါတယ်။ ဒီမကောင်းစိတ်တွေကို ခန္ဓာကြီးအပေါ် တင်လိုက်တဲ့အခါ ခန္ဓာဟာ ပျက်စီးသွားမှာပါပဲ။
စိတ်ညစ်နွမ်းလေးလံလာတဲ့ အခါ လူလည်း လေးလာပါတယ်။ ဒါဟာ ပျက်စီးခြင်း ရောက်ဖို့ တာစူနေတာပါပဲ။
ဒါကြောင့် မကောင်းတဲ့စိတ်ကို များလာအောင် မမွေးပါနဲ့၊ လေးလာအောင် မစုဆောင်းပါနဲ့။
True Man