Sunday, October 12, 2014

စိတ်

စိတ် ... အေးစက်လို့ရတယ်၊ နွေးထွေးလို့ရတယ်၊
စိတ်တူညီမျှ ခံစားတတ်ဖို့ပဲလိုတယ်။

စိတ်... မှောင်မိုက်လို့ရတယ်၊ လင်းထိန်လို့ရတယ်၊
ကိုယ်ချင်းစာစိတ် ရှိတတ်ဖို့ပဲလိုတယ်။

စိတ်... ကြီးလို့ရတယ်၊ ငယ်လို့ရတယ်၊
ရက်ရောပေးကမ်းတတ်ဖို့ပဲ လိုတယ်။

စိတ် ... ပျော်ရွှင်လို့ရတယ်၊ ဝမ်းသာလို့ရတယ်၊
အကြင်နာ ကရုဏာထားတတ်ဖို့ပဲ လိုတယ်။

စိတ် ... စိတ်ညစ်လို့ရတယ်၊ ကြေကွဲလို့ရတယ်၊
တန်ဖိုးထား မြတ်နိုးတတ်ဖို့ပဲလိုတယ်။

စိတ် .... ဗလာဖြစ်လို့ရတယ်၊ ပြည့်နှက်လို့ရတယ်၊
စိတ်လက်ချမ်းသာဖြစ်ဖို့ပဲလိုတယ်။

နိုင်းနိုင်းစ​နေ


အဆင်ပြေပါစေ။