Sunday, October 12, 2014

{ မြင်းမိုရ်ထိပ်မှမေတ္တာပန်းတစ်ပွင့် }

ကျွန်တော့်အမေမှာ မျက်စိတစ်လုံးပဲရှိတယ်။
ကိုယ်အင်္ဂါချို့ယွင်းနေတဲ့အမေကြောင့် အရမ်း
ရှက်မိတယ်။အမေဟာ မိသားစုကို ထောက်ပံ့နိုင်ဖို့
အတွက် ကျောင်းသားတွေနဲ့ဆရာ၊ဆရာမတွေ
စားသောက်ဖို့ ထမင်းဟင်းချက်ပြုတ်ပေးရတယ်။
တစ်နေ့မှာ အမေဟာ ကျွန်တော်တက်နေ
တဲ့ကျောင်းကိုရောက်လာတယ်။သူငယ်ချင်းတွေနဲ့
စကားပြောနေတဲ့ ကျွန်တော့်ကို အမေကတွေ့
တော့ " သားလေး....." လို့ လှမ်းခေါ်တယ်။
မျက်စိတစ်ဖက်ကန်းနေတဲ့ အမေက သူငယ်ချင်း
တွေရဲ့ရှေ့မှာ သားလေးလို့ခေါ်လိုက်တဲ့အတွက်
အရမ်းရှက်မိတယ်။အမေကျွန်တော့်ကို ဘယ်လို
လုပ်လိုက်တာလဲဗျာ။ကျွန်တော် အမေ့ကို မသိချင်
ယောင်ဆောင်နေလိုက်တယ်။ထို့နောက် သူမဆီ
ကို ဒေါသထွက်နေတဲ့အကြည့်တစ်ချက် ပစ်လွှတ်
လိုက်ပြီး သူမနဲ့ဝေးရာကို ထွက်ပြေးခဲ့တယ်။
နောက်တစ်နေ့မှာ အတန်းထဲက သူငယ်ချင်း
တစ်ယောက်က
" ဟေ့ကောင်.......မင်းအမေက မျက်စိတစ်လုံးပဲ
ရှိတယ်နော်!!! "
လို့ ကျွန်တော်ကို ပြောခဲ့တယ်။ကျွန်တော့်ကိုယ်မတုံ့ပြန်ခဲ့ဘူး။ကျွန်တော့်တစ်ကိုယ်လုံးမှာလည်း
ကျွန်တော် မြေမြှုပ်ပစ်ချင်မိခဲ့တယ်။ဒီလောကထဲ
ကနေ အမေ့ကို ပျောက်ကွယ်စေချင်ခဲ့တယ်။
တစ်နေ့မှာ ကျွန်တော် သူမကို မျက်နှာချင်း
ဆိုင်ပြီး
" အမေ ဘာ့ကြောင့်မသေနိုင်သေးတာလဲ...?
အမေ့ကြောင့် ကျွန်တော်ဟာ အဟားခံရသူ
တစ်ယောက် ဖြစ်နေပြီဗျ....."
လို့ ပြောခဲ့တယ်။ကျွန်တော်အမေ ဘာစကားမှ

ဒေါသတွေနဲ့ ပြည့်နှက်နေခဲ့တယ်။သူမရင်ထဲမှာ
ဘယ်လိုခံစားနေရမယ်ဆိုတာ မတွေးမိခဲ့ဘူး။
မေ့နေခဲ့တယ်။ကျွန်တော် သူ့မနဲ့ ဘာမျှ
မပက်သက်ချင်တော့ဘူး။သူ့အိမ်ပေါ်မှာလည်း
မနေချင်တော့ဘူး။
ထို့နောက်မှာ ကျွန်တော် မိန်းမ
တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ကိုယ်ပိုင်အိမ်
တစ်လုံးကို ဝယ်ခဲ့တယ်။ကျွန်တော့်မှာ သားသမီး
တွေလည်း ရှိလာခဲ့တယ်။ကျွန်တော့်တို့ဟာ
ကလေးတွေနဲ့အတူ ပျော်ရွှင်ခဲ့တယ်။သာယာခဲ့
တယ်။
တစ်နေ့မှာ အမေ ကျွန်တော့်ဆီကို လာ
လည်တယ်။သူမနဲ့ မတွေ့ဖြစ်တာ နှစ်ပေါင်း
အတော်ကြာပြီ။သူမဟာ သူ့မြေးလေးတွေကို
တောင် မမြင်ဘူးသေးဘူး။အမေ တံခါးနားမှာ
ရပ်နေတော့ မြေးတွေက အဘွားဖြစ်သူကိုကြည့်
ပြီး ရယ်ကြတယ်။ဖိတ်မခေါ်ပဲနဲ့ လာတဲ့အမေကို
ကြည့်ပြီးတော့လည်း ကျွန်တော် အံ့ဩခဲ့ရတယ်။
" ကျွန်တော့်အိမ်အထိ ရဲရဲဝံ့ဝံ့ရောက် လာပြီး
ကလေးတွေကို ခြောက်လှန့်မလို့လား
အမေ...."
ကျွန်တော် ဒေါသတကြီး အမေ့ကို အော်ဟစ်ပြော
ဆိုခဲ့တယ်။
" ဒီနေရာကနေ အခုချက်ချင်းထွက်သွားးးးး!!!"
" အိုး.....အန်တီ လိပ်စာမှားပြီး ရောက်လာမိ
တာ.....တောင်းပန်ပါတယ်ကွယ်...."
လို့ တည်ငြိမ်အေးချမ်းသောလေသံနဲ့ အမေပြော
ခဲ့တယ်။ထို့နောက် ကျွန်တော့်မြင်ကွင်းထဲမှ သူမ
ပျောက်ကွယ်သွားခဲ့တယ်။
တစ်နေ့မှာ......
အိမ်နီးနားချင်းတစ်ယောက်က သူမသေဆုံး
သွားပြီဖြစ်တဲ့အကြောင်း ကျွန်တော့်အား ပြော
လာတယ်။ကျွန်တော် ဝမ်းနည်းလို့ မျက်ရည်
တစ်စက်လေးတောင် မကျခဲ့ဘူး။ထို့နောက်
ကျွန်တော့်ကို စာတစ်စောင် ပေးခဲ့တယ်။
ကျွန်တော့်အမေ မသေခင် ပေးခဲ့တာလို့ ပြော
တယ်။ခေါက်ထားသောစာကို ဖြန့်ပြီး အထဲက
စာတွေကို ဖတ်ကြည့်မိခဲ့တယ်။
" ကျွန်မ၏ချစ်လှစွာသော သားလေး......
အမေ သားအကြောင်းကို အချိန်ရှိတိုင်း
တွေးနေခဲ့မိတယ်...သားအိမ်ကို အမေလာပြီး
ကလေးတွေကို ခြောက်လှန့်သလို ဖြစ်သွား
လို့ အမေ သားကိုတောင်းပန်ပါတယ်..........
အမေ့ကြောင့် အမြဲတမ်းလိုလို သားကိုအရှက်
ရမိစေတဲ့အတွက် တောင်းပန်ပါတယ်....
သားငယ်ငယ်တုန်းက အက်စီးဒင့်တ် တစ်ခု
ကြောင့် သားမျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ဘူး
တယ်....ကိုယ့်ရဲ့သားလေး မျက်စိတစ်ဖက်
တည်းနဲ့ ကြီးပြင်းလာမှာကို အမေ
တစ်ယောက်အနေနဲ့ ဘယ်လိုမှ မကြည့်ရက်ခဲ့
ဘူး....ဒါ့ကြောင့် သားကို အမေ့မျက်စိတစ်လုံး
ပေးခဲ့တယ်....အမေ့မျက်စိတစ်လုံးနဲ့ ကမ္ဘာသစ်
တစ်ခုလုံးကို မြင်နိုင်စွမ်းတဲ့ သားလေးကိုကြည့်
ပြီး အမေ ဂုဏ်ယူခဲ့တယ်၊ပီတိဖြစ်ခဲ့ပါတယ်
သားရယ်....."

With all my love to you,
Your Mother.

ဦးတိုးအောင်

( " Respect Your Mother "inspirational
short film အား ဘာသာပြန်ဆိုထားသည်...
Writer - Unknown.)

Win Zaw ရဲ့ fb စာမျက်​နှာမှ ကူးယူ​ဖော်​ပြပါသည်​။


အဆင်ပြေပါစေ။