Tuesday, June 24, 2014

Yahoo Aviate Launcher apk

Beta အနေဖြင့် ဖြန့်ချိထားသည့် Aviate ကို Yahoo က ဝယ်ယူခဲ့ပြီး လအနည်းငယ် အကြာတွင် တည်နေရာအပေါ်မူတည်ပြီး homescreen ကို ပြောင်းလဲပေးနိုင်သော Android app ကို Yahoo က ဖြန့်ချိပေးခဲ့သည်။
 
Yahoo Aviate သည် တိကျသေချာသည့် အချိန်ကာလတွင် လိုအပ်သည့် အချက်အလက်များကို ရယူပေးနိုင်သည်။ ၎င်းသည် မနက်ခင်းတွင် မိုးလေဝသနှင့် သတင်း app များကို ဖော်ပြပေးသလို၊ အလုပ်ချိန်တွင် productivity app များကို ဖော်ပြပေးနိုင်သည်။ ထို့အပြင် ကားမောင်းနေစဉ်တွင် သီချင်း app များဖွင့်ပေးပြီး ညအိပ်ယာ မဝင်မီတွင် Reddit app ကို ဖွင့်ပေးမည် ဖြစ်သည်။ Yahoo Aviate သည် သပ်ရပ်ပြီး ရိုးရှင်းသည့် အပြင်အဆင်နှင့်အတူ သုံးစွဲသူများ လိုအပ်သည့် app များကို စုစည်းကာ အချက်အလက်များကို ဖော်ပြပေးနိုင်သည်။
 
ဥပမာအနေဖြင့် Yahoo Aviate သည် Yahoo ၏ News Digest app မှ သတင်းအချက်အလက် အတိုအထွာများကို ဖော်ပြပေးနိုင်သည်။ Calendar တွင်လည်း ပေါင်းစပ်ပါဝင်သည့် Donna calendar application ကြောင့် ဖုန်းနံပါတ်များဖြင့် ဖော်ပြပေးမည် ဖြစ်သည်။
 
ထို့အပြင် Yahoo Aviate တွင် ဖုန်းခေါ်ဆိုခြင်းနှင့် message ပေးပို့ခြင်းအတွက် နည်းလမ်းအသစ်များ ပါဝင်သည်။ သုံးစွဲသူများသည် home screen ကို အပေါ်ဘက်သို့ swipe လုပ်လိုက်သည့်အခါ မကြာခဏ ဖုန်းပြောထားသူများ စာရင်းပေါ်လာမည် ဖြစ်သည်။
 
Yahoo Aviate ကို Android 4.0 နှင့်အထက်တွင် အသုံးပြုနိုင်ပြီး http://bit.ly/1lFAcEK (Google Play Store) မှတစ်ဆင့် download ပြုလုပ်နိုင်သည်။
playstore အဆင်မပြေသူများအတွက်
 ဒီမှာ  ရယူနိုင်ပါတယ်။

   အဆင်ပြေပါစေ။