Saturday, June 28, 2014

ကွန်ပြူတာက ဆုံးရှုံးသွားသော Data, File များအား ပြန်လည် ရယူဖို့ နည်းလမ်း

ကွန်ပျူတာသုံးရင်း မမျော်လင့်ပဲ ဖျက်မိတဲ့ သီချင်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေ၊ ဖျက်မိတာမျိုး ကြုံဖူးမယ်ထင်ပါတယ်။ ဒီအတွက် ပျက်ဆီးသွား တဲ့ အချက်အလက် ဓာတ်ပုံများကို ပြန်ယူလို့ရတဲ့ ဆော့ဖ်ဝဲများ ကိုလည်း သိထားမယ်ထင်ပါတယ်။

တော်တော်များများက ပိုက်ဆံပေးဝယ်ရတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး အခမဲ့ ရတာ ရှားပါတယ်။ ယခုပေးမယ့် Link ကတော့ အခမဲ့ဆော့ဖ်ဝဲဖြစ်ပါတယ်။

မိမိ Delete လုပ်လိုက်ခြင်းသော်လည်းကောင်၊ မမျော်လင့်ပဲ ပျက်သွားခြင်း ကြောင့်သော်လည်းကောင် ယင်း အချက်အလက်၊ Data များဟာ အမှန်တကယ် မပျက်ဆီးသွားပါဘူး။ နေရာယူမှု အနည်းဆုံးနိုင်ဆုံး နည်းနဲ့ ကွန်ပျူတာ Storage ရဲ့ တစ်နေရာရာမှာ ကျန်ရှိနေတတ်ပါတယ်။ ဒါကို ပြန်ယူ recover လုပ်ပေးမယ့် နည်းလမ်း ဖြစ်ပါတယ်။

ဒီမှာ ဆော့ဖ်ဝဲ ဒေါင်းလုပ်ခ်ဆွဲနိုင်ပါတယ်။

ဒေါင်းလုပ်ခ်ဆွဲပြီးပြီဆိုရင် ထုံးစံအတိုင်းပဲ Install လုပ်အသုံးပြုလို့ ရပါပြီ။ ကွန်ပျူတာမှာ စတင်ဝယ်ပြီး အသုံးပြုကတည်းက ဖျက်ထားသမျှ အချက်အလက်အားလုံး ပြန်ပေါ်လာမှာ ဖြစ်ပြီး စိတ်ကြိုက်ရွေးချယ် Recover လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို၊ App အစရှိသဖြင့် ရွေးခိုင်းပါသေးတယ်။ တစ်ခါ အသုံးပြုရင် တစ်မျိုးပဲ ရှာလို့ရတဲ့ သဘော ရှိပါတယ်။

Recover လုပ်တဲ့အချိန် အနည်းငယ်ကြာတတ်ပြီး အားလုံး ပြန်ရမှာ ဖြစ်ပါ တယ်။ စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။

Credit >>ရိုးရာလေး 

အင်တာနက် ချက်တင်အကြောင်း သိကောင်းစရာများ

အခုခေတ်မှာ အားလုံး အင်တာနက်နဲ့ချည်း ဆက်သွယ်နေကြတော့ အင်တာနက်မှာ ချက်တင် (chatting) လုပ်တဲ့ ဘန်းစကားတွေကိုလည်း နားလည်ထားဖို့ အရေးကြီးလာတယ်။ အထူးသဖြင့် စာရိုက်ရလွန်းလို့ လက်ညောင်းလာရင် အဲဒီဘန်းစကားတွေက စာရိုက်ရ သက်သာတယ်။

Text စာတိုပို့ခြင်း၊ IM (Instant Message) ချက်ချင်းအကြောင်းကြားစာပို့ခြင်း၊ email အီးမေးလ်ပို့ခြင်း၊ chatroom ချက်တင်အခန်းလို့ ခေါ်တဲ့ ၀က်ဆိုက်ထဲမှာ ချက်တင်လုပ်ခြင်း ဆိုတဲ့ အီလက်ထရောနစ် စကားပြောပုံပြောနည်းတွေမှာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ လုံးဝမသိတဲ့ လူစိမ်းတွေကို ပြောဖို့ သီးခြား ထူးခြားတဲ့ အသုံးအနှုန်းတွေ ရှိတယ်။ စကားလုံးတွေ၊ အတိုကောက်တွေ၊ ပထမအက္ခရာနဲ့ ဖွဲ့စည်းထားတဲ့ စာလုံးတွေကို အပြန်အလှန် လဲလှယ်သုံးနိုင်တယ်။

ဆိုလိုတာက အင်တာနက်ကနေ ချက်တင်လုပ်တဲ့ နယ်ပယ်တစ်ခုမှာ ထူးခြားတာ ပေါ်ပေါက်လာရင် အခြားနယ်ပယ်တွေမှာလည်း ပေါ်လာလေ့ ရှိတယ်။

လူတွေ ဘာဖြစ်လို့ အင်တာနက် ချက်တင် လုပ်တဲ့ ဘန်းစကားကို သုံးကြတာလဲ။ သဘောကျကြသလား။ လူတွေ ပုံမှန် အချင်းချင်း တုံ့ပြန် စကားပြောဆိုကြတဲ့နေရာမှာ အစားထိုး ၀င်ရောက်နေတာလား။
ချက်တင်ကတော့ သူ့ပရိတ်သတ်နဲ့သူ ရှိမှာပါ
လူတွေက ချက်တင်လုပ်တာ ဘာဖြစ်လို့ သဘောကျသလဲ မေးရင် ချက်တင်က ထိရောက်တယ်။ လိုရင်းရောက်တယ်။ ပြောစရာရှိတာကို တိုတိုနဲ့ ပြောဖြစ်သွားတယ်။

လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း အပြောင်းအလဲတွေနဲ့ လုံးဝ အဆက်ပြတ်နေသူဆိုရင်တော့ ဒီလူတွေ ဘာပြောနေကြသလဲ နားလည်မှာ မဟုတ်ဘူး။

လူတွေက အင်တာနက်မှာ ချက်တင်လုပ်တယ်။ လက်ကိုင်ဖုန်း၊ ဘလက်ဘယ်ရီဖုန်း၊ ဒါမှမဟုတ် အခြား ကိရိယာတွေကို သုံးကြတယ်။ ဖုန်းကိုင်ပြီး ပြောရတာထက် လွယ်တယ်လေ။ တစ်ခါတစ်ခါ ပါးစပ်က ပြောဖို့ ပြောရခက်နေတဲ့ စကားတွေကို စာတို (text) ပို့လိုက်တာလည်း ရှိတယ်။ စာတိုပို့တာဆိုတော့ အသံမကြားရတော့ဘဲ ကိုယ်နဲ့တစ်ဘက်သားအကြားမှာ နည်းပညာတစ်လွှာ ခံထားလိုက်တာပေါ့။
အလုပ်အတွက်ချည်း သက်သက် ဆက်သွယ်ပြောဆိုတာဆိုရင်တော့ အဆင်ပြေတာပါတယ်။ ဒါပေမယ့် လင်မယား၊ ချစ်သူရည်းစား၊ အခင်မင်ဆုံး သူငယ်ချင်းတွေက အဲဒီလို ဆက်သွယ်ကြမယ်ဆိုရင် တစ်မျိုးကြီး ဖြစ်နေနိုင်တယ်။

အချို့လူတွေက တကယ်ဘဲ အီလက်ထရောနစ် ဆက်သွယ်ရေးကို တမ်းတမ်းစွဲသုံးကြတယ်။ ရိုးရိုး ဖုန်းပြောဖို့တောင် မပြောတတ်တော့သလို ဖြစ်နေနိုင်တယ်။ လူချင်းတွေ့ပြီး ဆက်တိုက် စကားပြောနေတာ ပါလားဆိုတာတောင် သူတို့က မေ့နေတတ်ကြသေးတယ်။

အချို့ကျပြန်တော့ စာတို (text) ပို့ဖို့ဘဲ စိတ်သန်နေတာနဲ့ ရှေ့မှာရှိနေတဲ့လူကို စကားနဲ့ လှမ်းမပြောဘဲ စာတိုပို့နေသေးတယ်။ အဲဒီလိုဆိုရင်တော့ ရိုင်းပြရာ ရောက်ရုံတင်မကဘူး။ တစ်ဘက်သား စိတ်ဆိုးအောင် ဆွသလို ဖြစ်လိမ့်မယ်။
ဒါပေမယ့် စာတို (text) ပို့တာ၊ IM ခေါ်တဲ့ ချက်ချင်းအကြောင်းကြားစာပို့တာ၊ အခြား စာပို့နည်းတွေဟာ ဆက်ပြီး သုံးကြမှာပါ။ ပြဇာတ်ရုံထဲမှာ စာတိုပို့နေရင် ရိုင်းတယ်၊ ညစာစားမလို့ စားပွဲမှာ ၀ိုင်းထိုင်နေတဲ့အချိန်ဆိုလည်း ရိုင်းတယ်၊ (ကားမောင်းတုန်း စာတိုပို့တာကတော့ မိုက်မဲတဲ့သူတွေဘဲ၊ အန္တရာယ်ကြီးလှတယ်)၊ ဒါပေမယ့် အီလက်ထရောနစ် ဆက်သွယ်ပြောဆိုမှု နည်းတွေက သူ့နေရာနဲ့သူ အသုံးဝင်နေမှာဖြစ်တယ်။

အင်တာနက် ချက်တင်လုပ်တဲ့ ဘန်းစကား
၂၁ရာစု စာတိုပို့ လူအုပ်ထဲကို ၀င်တိုးဖို့ ဘယ်လို အင်တာနက် ချက်တင်လုပ်တဲ့ ဘန်းစကားမျိုးတွေကို တတ်ထားဖို့ လိုမလဲ။

သိလွယ်တဲ့အတိုကောက်တွေလည်း ရှိပါတယ်။ ဥပမာ BF ဆိုတာ boyfriend (ယောက်ျားလေးသူငယ်ချင်း၊ ရည်းစားကောင်လေး)၊ GF ဆိုတာ girlfriend (မိန်းကလေး သူငယ်ချင်း၊ ရည်းစားကောင်မလေး) ဖြစ်တယ်။ သိပ်ပြီး မသိလွယ်တဲ့ အသုံးတွေလည်း ရှိတယ်။ ဥပမာ ဆယ်ကျော်သက် တစ်ယောက်က ကွန်ပျူတာသုံးနေရင်း အနောက်မှာ အမေ ဒါမှမဟုတ် အဖေက လာကြည့်နေတယ် ဆိုပါတော့ “MOS” လို့ အမြန် ရိုက်လိုက်တယ်။ mother over shoulder (အမေနောက်ကလာကြည့်နေတယ်) လို့ ဆိုလိုတယ်။ “DOS” ဆိုရင် dad over shoulder (အဖေနောက်က လာကြည့်နေတယ်)၊ POS ဆိုရင် parent over shoulder (အဖေ သို့မဟုတ် အမေ နောက်က လာကြည့်နေတယ်) လို့ သိရမှာဖြစ်တယ်။ လာကြည့်နေတဲ့ မိဘ ထွက်မသွားမချင်း ဘာမှ မပြောဖို့ သတိပေးတဲ့ အသုံးအနှုန်းဖြစ်တယ်။
အင်တာနက်ပေါ်တက်ဖူးသူတိုင်း OMG (“oh my God”) ဘုရားရေ၊ G (“giggle”) LOL (“laughing out loud”) အသံထွက်ရယ်နေ၊ ROFLOL (“rolling on floor, laughing out loud”) ကြမ်းပေါ်မှာလူးလှိမ့်ပြီး အော်ဟစ်ရယ်မောနေ ဆိုတဲ့အသုံးအနှုန်းတွေကို သိမှာဖြစ်ပါတယ်။ဒါပေမယ့် BFF ကိုတော့ အသက် ၁၆နှစ် အထက်တွေ သိချင်မှ သိမယ်။ “best forever friend” (ထာဝရ အခင်ဆုံးသူငယ်ချင်း) ပါတဲ့၊ BF4L ကတော့ “best friend for life” (တစ်သက်လုံးအတွက် အခင်ဆုံးသူငယ်ချင်း) ပါတဲ့။
Chatroom လို့ခေါ်တဲ့ ချက်တင်ဝင်တဲ့ အင်တာနက်ဝက်ဘ်ဆိုက်တွေမှာ အသုံးများတဲ့အခြား အသုံးအနှုန်းတွေလည်း ရှိသေးတယ်။ a/s/l ဆိုရင် “age/sex/location” (အသက်/ကျား-မ/နေရာ) လို့ အဓိပ္ပာယ်ရတယ်။ နာမည်ဘယ်လိုခေါ်လဲ/ယောက်ျားလေးလား မိန်းကလေးလား/ဘယ်မှာနေလဲ လို့ အတိုကောက်မေးတာဖြစ်တယ်။ အတွဲလိုချင်သူတွေ ချက်တင်ဝင်တဲ့နေရာမှာ ဒါမျိုး အပြန်အလှန် မေးလေ့ရှိတယ်။
ချက်တင်လုပ်နေတုန်းအမြန်အိမ်သာသွားရမယ် ဒါမှမဟုတ် ကော်ဖီတစ်ခွက် အရမ်းသောက်ချင်နေတယ် ဆိုရင် ကွန်ပျူတာ နားက ထသွားရတော့မယ်။ ဒါဆိုရင် တစ်ဘက်က စာရိုက်ပို့လိုက်တာတွေကို ချက်ချင်း ပြန်ရိုက်နိုင်မှာ မဟုတ်ဘူး။ တစ်ဘက်သားကို သိအောင်“afk” လို့ ရိုက်ပေးနိုင်တယ်။ away from keyboard (ကွန်ပျူတာနားမှာ မရှိ) လို့ ဆိုလိုတယ်။ “brb” လို့လည်း ရိုက်နိုင်တယ်။ be right back (ချက်ချင်းပြန်လာမယ်) တဲ့။ ဒီလိုမျိုးတွေ ရိုက်ပေးထားမှ တစ်ဘက်သားက ကွန်ပျူတာရှေ့မှာ အသက်များ ထွက်နေပြီလား၊ သူတို့ကို လျစ်လျူရှုထားသလားဆိုပြီး အထင်မမှားမှာ ဖြစ်တယ်။

အခြား အချိန်ကုန်သက်သာတဲ့အသုံးအနှုန်းတွေကတော့ IMHO (in my humble opinion) မိမိကိုယ်ကို နှိမ့်ချလျက် ထင်မြင်ချက်ကို ဖော်ပြရသော်၊ BTW (by the way) စကားမစပ် ဆိုရလျှင်၊ LTNS (long time, no see) မတွေ့တာကြာပြီ၊ OTHO (on the other hand) တဖန်အခြားတစ်ဘက်မှာ စသည်တို့ ဖြစ်တယ်။

စိတ်ကူးချင်းတူနေတဲ့အခါ ကိုယ့်ကိုယ်ကိုရော၊ တစ်ဘက်သားကိုရောကို GMTA (great minds think alike) ဦးနှောက်ကောင်းသူချင်း အတွေးတူတယ် လို့ သုံးနိုင်တယ်။

ချက်တင်လုပ်ရင်း အပြင်လောက လက်တွေ့ဘ၀ အရှိတရားအကြောင်းတွေလည်း ပြောရတတ်တယ်။ IRL လို့ သုံးနိုင်တယ်။ in real life လက်တွေ့ဘ၀မှာကတော့ လို့ ဆိုလိုတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ တော့လည်း ချက်တင်လုပ်ရင်း လူချင်းအလှမ်းဝေးပေမယ့် အနားမှာ ထိုင်နေသလို ခံစားရတတ်ပါတယ်။

www.yourdictionary.com မှ Web Chat Slang ဆောင်းပါးအား ဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။
Credit >> The Express Times

" ညာ "ခွင့်ရအောင်များ သီလ ကိုတောင် ထမင်းရည်ပူလျှာလွှဲ ခဲ့မိလေသလား

" ဟင့်အင်း " " မဟုတ်ဖူး "
ဆိုတာအငြင်းစကား
ဒါမှမဟုတ်ရင်
အညာ စကား ပေါ့နော်

အဲဒီစကားကို မဟုတ်မမှန်တဲ့နေရာကနေ
နှုတ်ထွက်မလွယ်ဖို့အတွက့်
ဗုဒ္ဓဘာသာဝင်တွေကတော့
မုသာဝါဒကံပုဒ်ကိုအာမဘန္တေခံပြီး
စောင့်ထိန်းကြတယ်ပေါ့

တကယ်တော့ကျွန်မအဲ့ဒီမနက်က
မြို့လယ်ဓမ္မာရုံမှာ ငါးပါးသီလယူပြီး
ပြန်လာခါစလေးပါ ကိစ္စကလေးတခုနဲ့ပတ်သက်ပြီး
အမှတ်မထင် ဟုတ်လား လို့
မေးလိုက်တော့ " မဟုတ်ဘူး "လို့
မဆိုင်းမတွဖြေထွက်ခဲ့တယ်
အဲ့တာ သိပ်မြန်တာပဲ
ပြီးတော့ သိပ်လွယ်တာပဲ်
တကယ်တော့အဲ့တာ…
ဟုတ်ပါတယ်လို့ဖြေရမှာ
ဖြေနိုင်ရမှာလေ
ကျွန်မညာတယ်ဆိုတာကျွန်မနဲ့တကွ
သက်ဆိုင်သူအားလုံးလဲသိနေခဲ့တယ်
ဘယ်လိုမှ
ပြန်ပြီးအဖတ်ဆယ်လို့မရတော့တဲ့
စကားတစ်ခွန်းအတွက်
မျက်နှာပူနွေး ရှက်ရွှံ့ ကျောချမ်း
ကြက်သီးတဖြန်းဖြန်းထ
ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးး
စိတ်မကောင်းဖြစ်ရတယ်
တကယ်တော့နှုတ်ကမညာခင်
လုပ်ရပ်နဲ့အရင် ညာ ခဲ့ မိ တာ လေ
ကိုယ့်အဖြစ်က ခိုးထုတ်ခိုးထည်ကို
လက်မှာကိုင်ထားပြီး
မျက်စေ့မှိတ်ခေါင်းခါနေမိတဲ့အဖြစ်
ဒါပေမယ့်လေ… စေတနာပါ
သေချာပါတယ် စေတနာကြောင့်

ကိုယ်နဲ့အယူအဆသဘောမတူညီ
ကြတဲ့အခါ လုပ်ချင်တာကတမျိုး
လုပ်ရမှာကတမျိုး
ရင်ဆိုင်လာရတဲ့အခါ
ခဏ ခဏ ညာတတ်လာတယ်
ဝန်ခံပါတယ် ဒီတစ်ခါတည်းမဟုတ်ခဲ့ဘူး
အဲ့အတွက်တစ်စုံတစ်ယောက်ပေါင်း
များစွာ ကျေနပ်ပျော်ရွှင်သွားတဲ့အခါ
အဆင်ပြေဝမ်းမြောက်သွားတဲ့အခါ
ကျွန်မတို့သုံးဆောင်ခွင့်ရလိုက်တဲ့
ပီတိ ကိုမက်မောသာယာမိတယ်
ထင်ပါရဲ့တစ်စုံတစ်ယောက်ကသာကျွန်မတို့သဘောနဲ့ထပ်တူမျှခဲ့ရင် မုသာဝါဒကံကို
(ကိုယ်နှုတ်နှလုံးသုံးပါးစလုံးနဲ့)
ချိုးဖောက်ဖြစ်လိမ့်မယ်
မဟုတ်ပါဘူး
<<<အဲဒီနေ့က တာဝန်ခံဟာညှိနှိုင်းဖြေရှင်းလို့မရနိုင်တဲ့တစ်ယောက်မဟုတ်တာကို သတိလက်လွှတ်ဖြစ်ခဲ့တယ်
အဲ့တာကြောင့်လဲ အားနာဝမ်းနည်းမိပါတယ်>>>

တကယ်တော့
ကျန်းမာရေးမကောင်းသူတွေ
သက်ကြီးရွယ်အိုတွေဆိုရင်
ဘယ်လိုမှမျက်နှာမလွှဲလိုက်နိုင်တဲ့
ကျွန်မရဲ့အားနည်းချက်ကြောင့်ပါ

အဲဒီနေ့ အဲ့ဒီအခြေအနေအတွက်
သဘောထားကြီးတဲ့ သက်ဆိုင်သူ ကိုအားနာစွာကျေးဇူးတင်ကြောင်းနဲ့
တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း
ပြောပါရစေ စော်ကားသလို တန်ဖိုးမထားသလို ကျော်လုပ်မိသလို
ဖြစ်သွားခဲ့ရတဲ့အတွက် နေစရာမရှိအောင်ကိုဝမ်းနည်းမိပါတယ် နောက်ကိုအများကြီးဆင်ခြင်
ပါ့မယ်…………………………………
…………………………………………
[ သို့သော်>>>>>လူတယောက်ရဲ့
ဥာဉ် ကဖျောက်ဖို့ခက်တယ်နော်
ကျွန်မကငါးပါးသီလခံယူဆောက်တည်တဲ့အခါ မုသာဝါဒါဝေဒမဏိသိက္ခာပဒံ
သမာဓိယာမိ လို့ဆိုရင်တောင်မှ
မဟုတ်မမှန်သော
စကားတို့ကို "" အကျိုးမဲ့"" လိမ်လည်လှည့်ဖျားပြောဆိုခြင်းမှ
ရှောင်ကျဉ်ကြောင်းဖြစ်သောသိက္ခာ
ပုဒ်တော်ကိုကောင်းစွာဆောက်တည်ပါ၏ အရှင်ဘုရား လို့ အမြဲဆိုတတ်ခဲ့တာဆိုတော့
တစ်စုံတစ်ယေက်အတွက်
အကျိုးရှိခဲ့မယ်ဆိုရင်
" ညာ "ခွင့်ရအောင်များ
သီလ ကိုတောင်
ထမင်းရည်ပူလျှာလွှဲ ခဲ့မိလေသလား………

Credit >> A Ni Lay Taunggyi

ဆုတောင်း( wish ) apk

ဒီ ဟာဘာ application လေးလဲလို့ သင်တို့စူးစမ်းမိပါလိမ့်မယ်။
ကျွန်တော်တို့ရင်ထဲမှာမွန်းကျပ်နေတာတွေရှိသလား။
ဘယ်သူ့ကိုမှပြောလို့မရတဲ့အရာတွေရှိသလား။
စိတ်ထဲမှာဖြစ်ချင်နေတာ၊ တောင့်တမိနေတာတွေရှိသလား။
စိတ်ကူးတိုင်းသာဖြစ်မယ်ဆိုရင် ဆိုတဲ့ ရည်ရွယ်ချက်မျိုးတွေရှိလား။
တစ်စုံတစ်ယောက်အတွက် တိတ်တိတ် လေး ဆုတောင်းပေးနေချင်တာမျိုးရှိလား။
ဆုတောင်းချင်တဲ့စိတ်မပေါ်မိဘူးလား...
ပုလင်းလေးတစ်လုံးထဲ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ရေးပြီး ပင်လယ်ထဲမျှောဖူးသလား။
ပုလင်းလေးလည်းမလိုပါဘူး။
စာရွက်လေးလည်းမလိုပါဘူး..
မိတ်ဆွေတင်လိုက်တဲ့ စာလေးတစ်ကြောင်းဟာ.. ကောင်းကင်ထဲမှာမျောနေမယ်။
အားလုံးမြင်ရမယ်။
ဒါပေမယ့် ဘယ်သူလဲဆိုတာတော့မြင်ရမှာမဟုတ်ဘူး..
ဒါကြောင့်သင့်ရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ် ဆုတောင်းခွင့်ရှိပါတယ်။
ယုံကြည်ပြီးဆုတောင်းရင်.... တစ်နေ့နေ့မှာ...မိတ်ဆွေတို့ဆန္ဒပြည့်ပါ့လိမ့်မယ်။
(ဒါပေမယ့်ချွင်းချက်အနေနဲ့ အများအမြင်မှာမသင့်တော်သော ဆုတောင်းများ၊နှောင့်ယှက်စာများကိုတော့
တားဆီးဖယ်ရှားပါတယ်)

စိတ်ဝင်စားရင် download playstore  မှာ ရယူပါ။
playstore မှာ ယူဖို့ အဆင်မပြေရင်တော့  ဒီမှာ   ရယူနိုင်ပါတယ်။

Cloud System, Cloud Storage, Cloud ဟူသည်

ယနေ့ နည်းပညာလောကမှာ လူပြောသူပြောများပြီး လူသိပ်မသိကြသေးတဲ့ ‘Cloud’ ဆိုတာကို ရှင်းပြလိုပါတယ်။ Cloud ဆိုတာဘာလဲ? Cloud ကို ဘယ်အချိန်မှာ သုံးကြလဲ? Cloud ဟာ သင့်စီးပွားရေးအတွက် ဘယ်လိုအကျိုးဖြစ်ထွန်းစေလဲ စတာတွေပေါ့။ Facebook, Twitter စတဲ့ လူမှုကွန်ရက်တစ်ခုခု၊ ဒါမှမဟုတ် Google Drive လိုမျိုး ‘Online Storage’ တစ်ခုခုကို သုံးရင် သင်ဟာ Cloud သုံးသူ တစ်ယောက်ဖြစ်နေပါပြီ။

တကယ်တမ်းကျတော့ Cloud ဆိုတာ…

Cloud ဆိုတာ ရုပ်ပိုင်းဆိုင်ရာအရ တကယ်လက်တွေ့ရှိတဲ့ အရာတော့ မဟုတ်ပါဘူး။ “မတူညီတဲ့ လုပ်ဆောင်ချက် အသီးသီးရှိတဲ့ Server တွေရဲ့ ကွန်ရက်တစ်ခု” သာဖြစ်ပါတယ်။ အဲဒီထဲက အချို့ Server တွေဟာ ‘Computing Power’ ကိုသုံးပြီး App တွေ Run တာနဲ့ အချို့ကတော့ ၀န်ဆောင်မှုတွေ လုပ်ကြပါတယ်။ ဥပမာပြရရင် Photoshop, Illustrator စတာတွေကို ထုတ်လုပ်တဲ့ Adobe ကုမ္ပဏီဆိုရင် သူ့ရဲ့ ‘Creative Service’ တွေကို Cloud ပေါ် ရွှေ့ခဲ့ပါတယ်။ ဒါကြောင့် Adobe ထုတ်ကုန်တွေကို ၀ယ်ယူလိုရင် Set လိုက်၊ Package လိုက် ၀ယ်စရာမလိုတော့ဘဲ “Adobe Creative Cloud” ကနေ လစဉ်ကြေးပေးပြီး ဆော့ဖ်ဝဲလ်တစ်ခုစီကို သုံးနိုင်ပြီဖြစ်ပါတယ်။ ပိုက်ဆံကုန် သက်သာသွားတာပေါ့ဗျာ။

Network ထဲမှာရှိတဲ့ အခြား Server တွေရဲ့ တာဝန်ကတော့ Data (အချက်အလက်)တွေကို သိုလှောင်ဖို့ပါ။ ဥပမာ သင့်စမတ်ဖုန်းနဲ့ ဓာတ်ပုံတစ်ပုံ ရိုက်လိုက်တဲ့အခါ အဆိုပါပုံဟာ သင့်ဖုန်းထဲမှာ သိမ်းသွားမှာ ဖြစ်ပြီး Facebook, Instagram လိုမျိုး လူမှုကွန်ရက်တစ်ခုခုမှာ တင်လိုက်ရင်တော့ သင်ဟာအဲဒီ ဓာတ်ပုံကို ‘Cloud’ ပေါ်တင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် ‘Cloud’ ဆိုတာ ဆာဗာတွေရဲ့ ကွန်ရက်တစ်ခုပါပဲ။ အချို့ဆာဗာတွေက အွန်လိုင်းဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးသလို အချို့ဆာဗာတွေကျတော့ Data အချက်အလက်တွေကို သိမ်းဆည်းထားပေးပါတယ်။ နိုင်ငံတကာမှာ Cloud ကို တော်တော်အားထားကြပါတယ်။ မိမိရဲ့ ကိုယ်ပိုင် Storage များများစားစား ရှိစရာမလိုဘဲနဲ့ လိုအပ်တဲ့အချိန်မှသာ လိုအပ်တာကို Cloud ပေါ်ကနေ ဆွဲယူသုံးလိုက်ရုံပါပဲ။

Cloud ကိုသုံးလို့ ရတဲ့ အကျိုးကျေးဇူးတွေ

စီးပွားရေးလုပ်ငန်းကြီး တစ်ခုအနေနဲ့ အချက်အလက်ပေါင်းများစွာကို ထားသိုဖို့ Cloud မသုံးဘူးဆိုရင် ကွန်ပျူတာပစ္စည်းတွေ ၀ယ်တာနဲ့ ကုန်ကျစရိတ် ကြီးမြင့်သွားပါလိမ့်မယ်။ Cloud ကိုသုံးလိုက်တော့ စက်ပစ္စည်းတွေ ၀ယ်စရာမလိုတော့ဘဲ Cloud သုံးခပဲ ပေးရမှာပေါ့။ ဒါကြောင့် Cloud ၀န်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေ အနေနဲ့ များစွာအလုပ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေကလည်း ငွေကြေးတွေ Save ဖြစ်တာပေါ့။

Cloud ဖြစ်ပေါ်လာပုံ

လွန်ခဲ့တဲ့ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်တည်းက Cloud သဘောမျိုး ‘Mainframe’ တစ်ခုကို ပညာရှင်တွေ တီထွင်ခဲ့ကြပါတယ်။ အဆိုပါ Mainframe ဟာ အခန်းတစ်ခုစာလောက် ကြီးမားပြီး ဈေးလည်းအရမ်း ကြီးခဲ့ပါတယ်။ ဒါကြောင့် အဖွဲ့အစည်း(ကုမ္ပဏီ)တွေ အနေနဲ့ တစ်ဦးတစ်ယောက်ချင်းစီကို အဆိုပါ Mainframe တွေ ၀ယ်မပေးနိုင်တဲ့အတွက် User တွေအများကြီး Data တွေကို ဝေမျှသုံးစွဲနိုင်တဲ့ ‘Time Sharing’ ဆိုတဲ့စနစ် တစ်ခုကို လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီစနစ်ဟာ ယနေ့ခေတ်မှာ ‘Cloud’ ဆိုတာဖြစ်လာဖို့ အဓိကအကြောင်းရင်းပါပဲ။

Cloud သမိုင်းမှာ နောက်ထပ် အဓိကဖြစ်စဉ်တစ်ခုကတော့ ၁၉၆၉ ခုနှစ်မှာ Developer တစ်ယောက်က ARPANET (Advanced Research Project Agency Network) ဆိုတဲ့ ကွန်ရက်တစ်ခု တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ Developer ဟာ တစ်နေ့နေ့မှာ ဘယ်သူမဆို ဘယ်နေရာကို ရောက်ရောက် Data တွေ၊ Program တွေ ရယူသုံးစွဲ နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ခဲ့တာပါ။ သို့သော်အဲဒီကာလတည်းက အင်တာနက်ဟာ Cloud စနစ်သုံးလို့ရလောက်အောင် Bandwidth မရှိခဲ့တာ ၁၉၉၀ ပြည့်နှစ်တွေ အထိဖြစ်ခဲ့ပါတယ်။

ပြီးတော့ ဒီနေ့ခေတ် နည်းပညာနယ်ပယ်မှာ ပြောနေကြတဲ့ ‘Cloud Computing’ ဆိုတဲ့ အသုံအနှုန်း ဘယ်သူက စတင်ခဲ့တယ်လို့ ထင်ပါသလဲ? ၁၉၉၇ ခုနှစ်နဲ့ ၉၉ခုနှစ်တွေမှာ ပါမောက္ခ Ramnath Chellappa ဆိုတဲ့သူက စတင် အသုံးပြုခေါ်ဝေါ်ခဲ့တာ ပါတဲ့ဗျာ။ အဆိုပါပုဂ္ဂိုလ်က ‘Salesforce’ ဆိုတဲ့ ၀က်ဘ်ဆိုဒ် ကိုပါ ဖန်တီးခဲ့ပြီး အဲဒီ ၀က်ဘ်ဆိုဒ်ဟာ အင်တာနက်ကနေ App တွေ၊ Software တွေရယူလို့ရတဲ့ ပထမဦးဆုံး ၀က်ဘ်ဆိုဒ် ဖြစ်လာတော့တာပါပဲ။

ဒီနေ့ခေတ်ရောက်တော့…

ဒီနေ့ခေတ်မှာ အားလုံးသိကြတဲ့ နာမည်ကြီးအွန်လိုင်း Shopping ၀န်ဆောင်မှု တစ်ခုဖြစ်တဲ့ ‘Amazon’ ဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင် Cloud ကို ‘AWS(Amazon Web Service)’ လို့နာမည်ပေးပြီး ၂၀၀၆ ခုနှစ်မှာ ပွဲထုတ်ကြေညာခဲ့ပါတယ်။ အဆိုပါ AWS ဟာ Amazon တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အခြားသော Website တွေ၊ Apps တွေ အတွက်ပါ အွန်လိုင်းဝန်ဆောင်မှုပေးခဲ့ပြီး ယနေ့အချိန်ထိလည်း Instagram လိုမျိုး Pinterest လိုမျိုး လူမှုကွန်ရက်တွေဟာ AWS ကို အားကိုးနေရတာဖြစ်ပါတယ်။ Amazon ပိုင် AWS ဆိုတဲ့ Cloud အနေနဲ့ ယခုအခါမှာ ကမ္ဘာအရပ်ရပ်က နိုင်ငံပေါင်း ၁၉၀ကျော်ရဲ့ Startup ပေါင်းများစွာ၊ ကုမ္ပဏီကြီးများစွာနဲ့ ချိတ်ဆက်လည်ပတ်နေတယ်လို့လည်း သိရပါတယ်။

Cloud ဆိုတာ ပမာဏ ဘယ်လောက်ရှိလဲ?

စိတ်ဝင်စားစရာပါ။ ဒါပေမယ့် တကယ်တမ်းကျတော့ Cloud တစ်ခု ပမာဏ ဘယ်လောက်ကြီးမားတယ်ဆိုတာ ဘယ်သူမှ အတိအကျမသိပါဘူး။ ခန့်မှန်းတွက်ချက် တိုင်းတာမှုတွေအရတော့ Cloud တစ်ခုဟာ 1 Exabyte လောက် ရှိတယ်ဆိုပဲ။ ဒါနဲ့ 1 Exabyte ဆိုတာ ဘယ်လောက်များပါလိမ့်? ဥပမာ ပြထားတာကတော့ 1 Exabyte ဆိုတာ Apple ရဲ့ Macbook Pro အလုံးရေ ၄၂သန်း လောက်ရဲ့ Storage နဲ့ ညီမျှတယ်လို့ ဆိုထားပါတယ်။ ဒါဟာ အရမ်းကိုကြီးမားတဲ့ ပမာဏပါ။

Cloud သုံးတာ လုံခြုံမှု ရှိရဲ့လား?

အရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။ Note တွေရေးမှတ်တာ၊ ဓာတ်ပုံတွေ၊ ဗီဒီယို၊ သီချင်း စတာတွေ တင်တာဆိုရင်တော့ သိပ်ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကိုယ်ရေးအချက်အလက်တွေ၊ ကုမ္ပဏီရဲ့ အရေးကြီးမှတ်တမ်းတွေ၊ ဘဏ်ရဲ့ ငွေကြေးစာရင်းတွေ စတာတွေကို Cloud မှာ သိမ်းမယ်ဆိုရင်တော့ သတိကြီးစွာထားရမယ့် ကိစ္စတစ်ခု ဖြစ်လာပါပြီ။

ကမ္ဘာအရပ်ရပ်က Hacker တွေကလည်း ဒါမျိုးတွေကိုမှ မျက်စိကျနေတာကိုး။ နာမည်ကျော် Search Engine ကုမ္ပဏီကြီး Google ကလည်း ဒီကိစ္စကို သတိပေးပြောကြားနေကာ ၎င်းတို့ရဲ့ Cloud Service မှာ ပိုက်ဆံပေး အသုံးပြုသူတွေရဲ့ Data ကို အလိုလျောက် Encrypt (၀ှက်စာလုံခြုံရေးစနစ်) ပြုလုပ်ပေးသွားမယ့် အစီအစဉ်ကို ကြေညာထားပါတယ်။ သင်ရော Cloud ကို ဘယ်လိုပုံစံမျိုးနဲ့ အသုံးပြုပါသလဲ?

Ref: wikipedia, mashable
Credit >>Yatanarpon Computer

အင်တာဗျူးဖြေတော့မည် ဆိုရင်

အလုပ်အင်တာဗျူးနဲ့ပတ်သက်လို့ အောင်မြင်နိုင်တဲ့ အချက်များကို Human Resource Professional မှ ၀ါရင့် ကျွှမ်းကျင်သူ ပညာရှင်Richard Mercer က ဖြေကြားပေးထားပါတယ်။ အင်တာဗျူး လုပ်ဖို့ ရောက်လာတဲ့အခါ အချိန်မှန်ဖို့နဲ့ ၊ သပ်ရှင်းသပ်ရပ် သော အ၀တ်အစားများကို ၀တ်စားလာရန်။
( ၁ )သင့်အကြောင်းကိုပြောပါ။ - သင်ရဲ့ပရော်ဖက်ရှင်နယ် နောက်ခံအခြေနေကိုပြောပြပါ - ယခုအလုပ်လာလျှောက်တဲ့ ကုမဏ္ဍီကိုဘယ်လိုကူညီနိုင်ကြောင်းပြောပြပါ။ - သင်ဟာ ဘာ့ကြောင့်အောင်မြင်အောင်လုပ်နိုင်တဲ့သူဖြစ်သလဲ ဆိုတာကိုပြောပြပါ။
( မှတ်ချက် - ကိုယ်ရေးကိုယ်တာ အခြားအကြောင်းအရာများကိုမပြောပါနဲ့ )
( ၂ ) သင့်ရဲ့ အားအသာဆုံးအချက်က ဘာလဲ - အဖြေ ၆ ခု ၇ ခုလောက်ထိပေးပါ - သင့် ပညာရေး နဲ့ ကျွှမ်းကျင်မူ့တွေကိုပြောပြပါ။ - သင့် စရိုက် လက္ခဏာများကိုပြောပြပါ။
( ၃ ) သင့်ရဲ့ အားအနည်းဆုံး အချက်က ဘာလဲ
( ၄ ) ဘာကြောင့် ဒီမှာ အလုပ်လုပ်ရတာကို စိတ်ဝင်စားတာလဲ။ - အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ စိတ်လှုတ်ရှားစရာကောင်းလို့ - စိတ်အားထက်သန်မူ့တွေနဲ့ အာရုံစိုက်လုပ်ကိုင်ခြင်းတွေကိုပြသဖို့ - သင့်ရဲ့ကျွှမ်းကျင်မူ့တွေဟာ ဒီအလုပ်နဲ့ သင့်တော်ကြောင်းသက်သေပြပါ။
( ၅ ) သင့်ကို ဘာ့ကြောင့် အလုပ်ခန့်သင့်ပါသလဲ။ - ကျနော့်ရဲ့ကျွှမ်းကျင်မူ့တွေဟာ ဒီလုပ်မှာအသုံးတဲ့နိုင်လို့ - မိမိရဲ့အားသာချက် သုံးချက်လောက်ကိုပြောပြပါ။ ယခုဖော်ပြပါ အချက်များသည် အလုပ်အင်တာဗျူးအတွက် အဓိက မေးနိုင်သော အချက်များဖြစ်ပြီး.....တခါတရံ ဒီ့ထက်ပိုနိုင်ပါသည်။
( ၆ ) ငါးနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ်ရော သိမြင်သဘောပေါက်တာဘာတွေလဲ။ - အလုပ်ကို အာရုံစိုက်လုပ်ကိုင်တတ်လာကြာင်းပြောပြပါ။ - အလုပ်တစ်ခုကို တစ်နှစ်အတွင်း မထွက်ခွာကြောင်းပြောပါ။
( ၇ ) သင့်ရဲ့ဝါသနာတွေက ဘာလဲ
( ၈ ) နောက်ထပ် မေးခွန်းမေးစရာရှိပါသေးလား။

Credit >> The Express Times