Friday, October 24, 2014

အမေ့ စာတစ်စောင် (ဖြစ်ရပ်မှန်)

အမေရိကန်- ဗီယက်နန် စစ်ပွဲပြီးတဲ့အချိန် ဗီယက်နမ်နိုင်ငံဟာ ဆင်းရဲတွင်းထဲ ရောက်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာ စစ်ထဲမှာ ကျဆုံးသွားပြီး သားအမိ နှစ်ယောက်သာ ကျန်တော့သတဲ့။ ရုပ်ရည်အားဖြင့်ကော၊ စိတ်ထားလှ မှုကြောင့် မုဆိုးမ ဘဝသို့ ရောက်ရတဲ့ အမျိုးသမီးတစ်ဦးဟာ နောက် အိမ်ထောင် ပြုမယ်ဆို ဆက်ပြုနိုင်ပါသေးတယ်။ ဒါပေမယ့် တစ်ကိုယ်တည်း ရုန်းကန်ပြီး သားလေးကို ခေတ်ပညာနဲ့ မပြတ်ပဲ ထားပေးဖို့ပဲ သူဆုံးဖြတ််ခဲ့ပါတယ်။

အလုပ်ကို ဆင်းရဲပင်ပန်းစွာလုပ်ပေမယ့် သားလေးက ပညာတော်တော့ ဝမ်းသာ ရှာပါတယ်။ ဆယ်ကျော်သက် လူငယ်ဘဝရောက်တော့ စကော်လာရှစ်ရပြီး အမေရိကန်မှာ ကျောင်းတက်ခွင့် ရခဲ့ပါတယ်။ နောက်တော့ အမေရိကန် NASA မှာပဲ အလုပ်ရပြီး အမေရိကန်မှာပဲ အသက်ရှင်လုပ်ကိုင်ပါတော့တယ်။ အမေကတော့ ဝမ်းသာမျက်ရည်နဲ့ တစ်ယောက်တည်း ပျော်နေရှာပါတယ်။ လစဥ်လတိုင်း သားဖြစ်သူကလည်း အမေရိကန်ဒေါ်လာ ၁၀၀ စီ ပို့ပေးပါတယ်။ စစ်ပြီးပြီး ဆယ်စုနှစ် သံုးခုလောက်ထိက ဗီယက်နမ်ကော ကမ္ဘာကပါ စီးပွားရေး မပြေလည်ပါဘူး။ သားပို့ပေးတဲ့ ဒေါ်လာ ၁၀၀ ဆိုတာ သူ့ခေတ်သူ့ခါမှာ အင်မတန် သုံးမကုန်အောင် များပါတယ်။ အင်တာနက်လည်း မထွန်းကားတော့ ဖုန်းလည်း သိပ်မပြောဖြစ်ပါဘူး။ အမေ့ကို ငွေပို့ပြီး တာဝန်ကျေတယ်လို့ သားဖြစ်သူ NASA မှ အင်ဂျင်နီယာက ထင်နေရှာ ပါတယ်။ ခရစ်စမတ် ရုံးပိတ်ရက်ရောက်တာတောင် အိမ်ကို ပြန်ဖို့ မစဥ်းစားတော့ပဲ အမေရိကန်မှာ ပျော်နေရှာပါတော့တယ်။ တစ်နေ့ကျတော့ အမေဆံုးတဲ့ သတင်း ရပါတယ်။ ဒါနဲ့ အမေဖြစ်သူကို ဂူသွင်းမြေမြှုပ်ဖို့အတွက် ဗီယက်နန် ကို ပြန်လာပါ တယ်။ သူ့မျက်နှာမှာ အင်မတန် ဝမ်းနည်းတဲ့ ခံစားချက်မျိုးကို မပြပါဘူး။ မျက်ရည်လည်း မကျပါဘူး။ ဒါနဲ့ အမေက သူ့အတွက် စာအိတ်တစ်အိတ်ချန်ခဲ့ကြောင်း ဆိုပြီး အခြားလူတစ်ယောက်က လက်ထဲ ထည့်ပေးပါတယ်။ အင်မတန် ဖောင်းနေတဲ့ စာအိတ်ထဲမှာ ဒေါ်လာ ၁၀၀ တန် ချက်လက်မှတ်ပေါင်းများစွာနဲ့ စာတစ်စောင်ကို သူတွေ့ ပါတယ်။ ဒါနဲ့ပဲ သူ ယူကြံုးမရ အော်ငိုပါတော့တယ်။ စာထဲဲမှာ ရေးထားတာကတော့ -

"သား အမေဒီလောက်ငွေအများကြီးမလိုဘူး။ သားကိုပဲ လွမ်းတယ်။ အိမ်ရှေ့မှာ မော်တော်ဆိုင်ကယ်ဖြတ်သွားသံတွေ ကြားတိုင်း င့ါသားလေးများ ပြန်လာလေသလားဆိုပြီး ထွက်ထွက် ကြည့်မိတယ်။ င့ါသားလေး ဖျားနာရင် သုံးဖို့ ငွေမရှိမှာစိုးလို့ သားငွေတွေ စုထားပေးခဲ့တယ်"

“Son, I don’t spend too much money. I miss you a lot. Every time I hear a motorcycle passing by, I run out the door but it wasn’t my son. I saved this money for you in case when you get sick.”

- ဗီယက်နန်မှ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် အောင်ခမ်း (ရိုးရာလေး) မှ ကူးယူ​ဖော်​ပြပါသည်​။

Thursday, October 23, 2014

PDF Creator Ultimate v4.46 apk

android ဖုန်းလေးထဲမှာပဲ အမှတ်တရဓါတ်ပုံလေးတွေ ကို စုစည်းပြီး
PDF ဖိုင်လေးပြုလုပ်​နိုင်​တဲ့ PDF Creator Ultimate v4.46 apk ​လေးပါ။
Android v 2.1 အထက်မှာသုံးနိုင်ပြီး
 ဒီမွာ   ရယူနိုင်ပါတယ်။


အဆင်ပြေပါစေ။

Friday, October 17, 2014

Du Speed Booster (Optimizer)apk update

မိမိရဲ့ android ဖုန်းကို​ပေါ့ပါးသွက်​လက်​​စေဖို့အတွက်​ DU Speed Booster (optimizer) apk update ​လေးကို အသုံးပြုချင်​ရင်​​တော့ ​အောက်​က links များမှာ ရယူနိုင်​ပါတယ်​။
download >>   copy
download >>    playstore  
အဆင်ပြေပါစေ။

Thursday, October 16, 2014

Page Manager 10.0 apk update


Facebook Page ဖွင့်ထားတဲ့ ​ဘော်​ဒါ​တွေအတွက်​ သွက်​လက်​မြန်​ဆန်​လာတဲ့  Page Manager apk v10.0 update ​လေးကို ဒီမွာ  ရယူနိုင်ပါတယ်။

အဆင်ပြေပါစေ။


အဆင်ပြေပါစေ။

Sunday, October 12, 2014

စိတ်

စိတ် ... အေးစက်လို့ရတယ်၊ နွေးထွေးလို့ရတယ်၊
စိတ်တူညီမျှ ခံစားတတ်ဖို့ပဲလိုတယ်။

စိတ်... မှောင်မိုက်လို့ရတယ်၊ လင်းထိန်လို့ရတယ်၊
ကိုယ်ချင်းစာစိတ် ရှိတတ်ဖို့ပဲလိုတယ်။

စိတ်... ကြီးလို့ရတယ်၊ ငယ်လို့ရတယ်၊
ရက်ရောပေးကမ်းတတ်ဖို့ပဲ လိုတယ်။

စိတ် ... ပျော်ရွှင်လို့ရတယ်၊ ဝမ်းသာလို့ရတယ်၊
အကြင်နာ ကရုဏာထားတတ်ဖို့ပဲ လိုတယ်။

စိတ် ... စိတ်ညစ်လို့ရတယ်၊ ကြေကွဲလို့ရတယ်၊
တန်ဖိုးထား မြတ်နိုးတတ်ဖို့ပဲလိုတယ်။

စိတ် .... ဗလာဖြစ်လို့ရတယ်၊ ပြည့်နှက်လို့ရတယ်၊
စိတ်လက်ချမ်းသာဖြစ်ဖို့ပဲလိုတယ်။

နိုင်းနိုင်းစ​နေ


အဆင်ပြေပါစေ။

{ မြင်းမိုရ်ထိပ်မှမေတ္တာပန်းတစ်ပွင့် }

ကျွန်တော့်အမေမှာ မျက်စိတစ်လုံးပဲရှိတယ်။
ကိုယ်အင်္ဂါချို့ယွင်းနေတဲ့အမေကြောင့် အရမ်း
ရှက်မိတယ်။အမေဟာ မိသားစုကို ထောက်ပံ့နိုင်ဖို့
အတွက် ကျောင်းသားတွေနဲ့ဆရာ၊ဆရာမတွေ
စားသောက်ဖို့ ထမင်းဟင်းချက်ပြုတ်ပေးရတယ်။
တစ်နေ့မှာ အမေဟာ ကျွန်တော်တက်နေ
တဲ့ကျောင်းကိုရောက်လာတယ်။သူငယ်ချင်းတွေနဲ့
စကားပြောနေတဲ့ ကျွန်တော့်ကို အမေကတွေ့
တော့ " သားလေး....." လို့ လှမ်းခေါ်တယ်။
မျက်စိတစ်ဖက်ကန်းနေတဲ့ အမေက သူငယ်ချင်း
တွေရဲ့ရှေ့မှာ သားလေးလို့ခေါ်လိုက်တဲ့အတွက်
အရမ်းရှက်မိတယ်။အမေကျွန်တော့်ကို ဘယ်လို
လုပ်လိုက်တာလဲဗျာ။ကျွန်တော် အမေ့ကို မသိချင်
ယောင်ဆောင်နေလိုက်တယ်။ထို့နောက် သူမဆီ
ကို ဒေါသထွက်နေတဲ့အကြည့်တစ်ချက် ပစ်လွှတ်
လိုက်ပြီး သူမနဲ့ဝေးရာကို ထွက်ပြေးခဲ့တယ်။
နောက်တစ်နေ့မှာ အတန်းထဲက သူငယ်ချင်း
တစ်ယောက်က
" ဟေ့ကောင်.......မင်းအမေက မျက်စိတစ်လုံးပဲ
ရှိတယ်နော်!!! "
လို့ ကျွန်တော်ကို ပြောခဲ့တယ်။ကျွန်တော့်ကိုယ်မတုံ့ပြန်ခဲ့ဘူး။ကျွန်တော့်တစ်ကိုယ်လုံးမှာလည်း
ကျွန်တော် မြေမြှုပ်ပစ်ချင်မိခဲ့တယ်။ဒီလောကထဲ
ကနေ အမေ့ကို ပျောက်ကွယ်စေချင်ခဲ့တယ်။
တစ်နေ့မှာ ကျွန်တော် သူမကို မျက်နှာချင်း
ဆိုင်ပြီး
" အမေ ဘာ့ကြောင့်မသေနိုင်သေးတာလဲ...?
အမေ့ကြောင့် ကျွန်တော်ဟာ အဟားခံရသူ
တစ်ယောက် ဖြစ်နေပြီဗျ....."
လို့ ပြောခဲ့တယ်။ကျွန်တော်အမေ ဘာစကားမှ

ဒေါသတွေနဲ့ ပြည့်နှက်နေခဲ့တယ်။သူမရင်ထဲမှာ
ဘယ်လိုခံစားနေရမယ်ဆိုတာ မတွေးမိခဲ့ဘူး။
မေ့နေခဲ့တယ်။ကျွန်တော် သူ့မနဲ့ ဘာမျှ
မပက်သက်ချင်တော့ဘူး။သူ့အိမ်ပေါ်မှာလည်း
မနေချင်တော့ဘူး။
ထို့နောက်မှာ ကျွန်တော် မိန်းမ
တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ကိုယ်ပိုင်အိမ်
တစ်လုံးကို ဝယ်ခဲ့တယ်။ကျွန်တော့်မှာ သားသမီး
တွေလည်း ရှိလာခဲ့တယ်။ကျွန်တော့်တို့ဟာ
ကလေးတွေနဲ့အတူ ပျော်ရွှင်ခဲ့တယ်။သာယာခဲ့
တယ်။
တစ်နေ့မှာ အမေ ကျွန်တော့်ဆီကို လာ
လည်တယ်။သူမနဲ့ မတွေ့ဖြစ်တာ နှစ်ပေါင်း
အတော်ကြာပြီ။သူမဟာ သူ့မြေးလေးတွေကို
တောင် မမြင်ဘူးသေးဘူး။အမေ တံခါးနားမှာ
ရပ်နေတော့ မြေးတွေက အဘွားဖြစ်သူကိုကြည့်
ပြီး ရယ်ကြတယ်။ဖိတ်မခေါ်ပဲနဲ့ လာတဲ့အမေကို
ကြည့်ပြီးတော့လည်း ကျွန်တော် အံ့ဩခဲ့ရတယ်။
" ကျွန်တော့်အိမ်အထိ ရဲရဲဝံ့ဝံ့ရောက် လာပြီး
ကလေးတွေကို ခြောက်လှန့်မလို့လား
အမေ...."
ကျွန်တော် ဒေါသတကြီး အမေ့ကို အော်ဟစ်ပြော
ဆိုခဲ့တယ်။
" ဒီနေရာကနေ အခုချက်ချင်းထွက်သွားးးးး!!!"
" အိုး.....အန်တီ လိပ်စာမှားပြီး ရောက်လာမိ
တာ.....တောင်းပန်ပါတယ်ကွယ်...."
လို့ တည်ငြိမ်အေးချမ်းသောလေသံနဲ့ အမေပြော
ခဲ့တယ်။ထို့နောက် ကျွန်တော့်မြင်ကွင်းထဲမှ သူမ
ပျောက်ကွယ်သွားခဲ့တယ်။
တစ်နေ့မှာ......
အိမ်နီးနားချင်းတစ်ယောက်က သူမသေဆုံး
သွားပြီဖြစ်တဲ့အကြောင်း ကျွန်တော့်အား ပြော
လာတယ်။ကျွန်တော် ဝမ်းနည်းလို့ မျက်ရည်
တစ်စက်လေးတောင် မကျခဲ့ဘူး။ထို့နောက်
ကျွန်တော့်ကို စာတစ်စောင် ပေးခဲ့တယ်။
ကျွန်တော့်အမေ မသေခင် ပေးခဲ့တာလို့ ပြော
တယ်။ခေါက်ထားသောစာကို ဖြန့်ပြီး အထဲက
စာတွေကို ဖတ်ကြည့်မိခဲ့တယ်။
" ကျွန်မ၏ချစ်လှစွာသော သားလေး......
အမေ သားအကြောင်းကို အချိန်ရှိတိုင်း
တွေးနေခဲ့မိတယ်...သားအိမ်ကို အမေလာပြီး
ကလေးတွေကို ခြောက်လှန့်သလို ဖြစ်သွား
လို့ အမေ သားကိုတောင်းပန်ပါတယ်..........
အမေ့ကြောင့် အမြဲတမ်းလိုလို သားကိုအရှက်
ရမိစေတဲ့အတွက် တောင်းပန်ပါတယ်....
သားငယ်ငယ်တုန်းက အက်စီးဒင့်တ် တစ်ခု
ကြောင့် သားမျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ဘူး
တယ်....ကိုယ့်ရဲ့သားလေး မျက်စိတစ်ဖက်
တည်းနဲ့ ကြီးပြင်းလာမှာကို အမေ
တစ်ယောက်အနေနဲ့ ဘယ်လိုမှ မကြည့်ရက်ခဲ့
ဘူး....ဒါ့ကြောင့် သားကို အမေ့မျက်စိတစ်လုံး
ပေးခဲ့တယ်....အမေ့မျက်စိတစ်လုံးနဲ့ ကမ္ဘာသစ်
တစ်ခုလုံးကို မြင်နိုင်စွမ်းတဲ့ သားလေးကိုကြည့်
ပြီး အမေ ဂုဏ်ယူခဲ့တယ်၊ပီတိဖြစ်ခဲ့ပါတယ်
သားရယ်....."

With all my love to you,
Your Mother.

ဦးတိုးအောင်

( " Respect Your Mother "inspirational
short film အား ဘာသာပြန်ဆိုထားသည်...
Writer - Unknown.)

Win Zaw ရဲ့ fb စာမျက်​နှာမှ ကူးယူ​ဖော်​ပြပါသည်​။


အဆင်ပြေပါစေ။

Friday, October 10, 2014

Playstore v5.0.31 apk update


သွက်လက်မြန်ဆန်ပြီး ဒီဇိုင်းပုံစံပါ​ပြောင်းလဲလာတဲ့​​​​​​Playstore v5.0.31 apk update ​လေးပါ။update ကိုမှ အသုံးပြုချင်​တဲ့ ​ဘော်​ဒါ​တွေ
 ဒီမွာ  ရယူနိုင်ပါတယ်။


အဆင်ပြေပါစေ။

Monday, September 15, 2014

ခေတ္တ - မလေး

ပြတင်း ဖွင့်လိုက််ရင်
စေတီပုထိုး မမြင််ရလို့
နံရံက ရွှေတိဂုံဘုရားပုံတော်ကို ဦးခိုက်
ခေါင်းဦးဘေးက မေမေ့ဓာတ်ပုံလေးကို ရှိခိုး
မေမေ , နေကောင်းလား မေမေ . . .

မနက်ခင်း ပဲပြုတ်နဲ့ မေမေ့ထမင်းကြော်
( စားခွင့်ရရင် )
ချိုးကပ််လည်း သားမညည်းတော့ပါဘူး မေမေရယ် . . .

မေမေ့သားဟာ ဖိနပ်လှေနဲ့
ရွက််လွှင့်လာခဲ့တဲ့ ရော််ရွက််ဝါပေါ့
မေမေ့သစ်ပင််က ကြွေကျခဲ့တဲ့ သစ်သီးတစ်လုံး
တစ်ကိုယ်ကောင်းစိတ်ကြောင့်မဟုတ််ဘူးဆိုတာ
မေမေကော သားကောသိတာပဲ !

အိမ်ထောင့်က ဂစ်တာအိုလေးလို
ံဘဝချိုချိုတွေ မေ့လျော့နေခဲ့တာကြာပြီ

ကျွန်တော််အခန်းက ကန့်လန့်လျှောက််ရင် ခြေလေးလှမ်း
တည့်တည့်လျှောက််ရင် ခြေဆယ််လှမ်း
ညဘက် ပြတင်းဖွင့်ရင်
အနက််ရောင် ကန့်လန်ကာက
ကြယ််လေးတွေတစ်ဖျတ်ဖျတ်တော့လက််တယ်

လက််ဖဝါးထဲမှာ အချိန်မရှိဘူး
ချွေးစက််တွေမှာ ငွေရှိတယ် . . .

ကျွန််တော်ဟာ တိုင်းပြည််ရဲ့ယိုစိမ့်မူ့တခုပေါ့
ပျော်လွန်းလို့ ခုန်ချခဲ့တာတော့မဟုတ်ဘူးလေ
တော်လွန်းလို့ ကူးခတ်ခဲ့တာလည်းမဟုတ်ဘူး
ပန်ကန်ထဲမှာ အမှန်တရားတွေ မထည့်ထားမှတော့
ကျွန်တော်တို့ မစားဖြစ်တာအပြစ််မဟုတ််ဘူး မေမေ . . .

ကျွန်တော် နေကောင်းတယ် မေမေ
ညီမလေး . . . ငါးဟင်းချက််ရင််ငိုတုန်းလား !
သူ့အကို မလေးရှားရောက််ကြီး သတိရတယ်ပြောပေးပါနော် . . . !

မနက် ၈ . ည ၈
အလုပ်သိမ်းတော့ အိမ်ပြန်
မေမေခင်းပေးထားတဲ့ အိပ််ယာလေးမရှိဘူး . . .

ကျွန်တော့်သူငယ်ချင်းဟာ
ထောင့်ချိုးက နံရံလေးပေါ့
ကျွန််တော်ဘာပြောပြောနားထောင််တယ်
သူ့ပုခုံးမှီ အိပ််ပျော်ခဲ့ရတဲ့ ညပေါင်းကမနည်း . . .

ဖေဖေ့ ရက််လည်မှာ မေမေငိုသေးလား !
မေမေ့မျက််ရည််တွေ ညီမလေးသုတ်ပေးရဲ့လား !
အဖေတစ်ယောက််လုံး ရက််လည်
မရောက််လာနိူင််တဲ့ သားမိုက််ကိုကော
ဖေဖေ ခွင့်မလွှတ်ဘူး မပြောသွားဘူးလား !

နေလာတာ ငါးနှစ်
ပြတင်းပေါက်က ကြယ်တွေတောင် အိမ်ပြောင်းသွားကြပြီ
မေမေ့သား အိမ်ပြန််မရောက််သေးဘူး

သတင်းစာမှာ
မလေးရှား၌ မြန်မာအလုပ််သမားတစ်ယောက််သေဆုံးခြင်းတဲ့
ဒါမှားနေတာ
ကျွန်တော်မဟုတ်ဘူး မေမေ . . .
လုံးဝ မဟုတ်ဘူး . . .

မေမေ့ပုခုံးပေါ်မှာ နားချင််လို့
လိပ်ပြာလေးလို ပြောင်းလာတာပါ . . .

မခွဲတော့ဘူး မေမေ
လုံးဝမခွဲတော့ဘူး . . . . .

အိပ်မက်တွေ အပြည့်သယ််ဆောင််လာတဲ့ရထား
မေမေ့ရှေ့မှာ ဆိုက််ရောက််လာပြီလေ . . .
( မေမေ … မတွေ့ဘူးလားဟင် ! )

Credit>> Ulay Kyi ( ကိုလင်း )


အဆင်ပြေပါစေ။

Hola free VPN apk

Android phone & tablet ​တွေမှာ application တစ်​ခုချင်းကို ကိုယ်​ကြိုက်​ရာနိုင်​ငံရဲ့ vpn ​ကျော်​ပြီးအသုံးပြုနိုင်​တဲ့ Hola free VPN apk ​လေး update ​တွေ့လို့ ပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါတယ်​။ vpn အသုံးပြုချင်​တဲ့ ​ဘော်​ဒါ​တွေ ​  ဒီမှာ  ရယူနိုင်​ပါပြီ​နော်​။

အဆင်​​ပြေပါ​စေ။

Tuesday, September 2, 2014

dolphin browser apk

android phone & tablet ​တွေအတွက် ​အရမ်းသွက်​လက်​မြန်​ဆန်​လာပီး video player ပါ ပါဝင်​လာတဲ့ dolphin browser ​လေးပါ။ အသုံးပြုချင်​တယ်​ဆိုရင်​​တော့  ဒီမှာ  ရယူနိုင်​ပါတယ်​။

အဆင်​​ပြေပါ​စေ။

Wednesday, July 23, 2014

TubeMate 2.2.4 apk update

TubeMate 2.2.4 apk update ​လေး​တွေ့လို့ ပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါတယ်။
 ဒီမှာ  ရယူနိုင်​ပါပီ ။

Sunday, July 20, 2014

ဗိုလ်ချုပ် အောင်ဆန်း



အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေက အများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။

ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဥ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဥ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်… ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် – ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့် နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ…။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊

ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဥ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်း၀မှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ – ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ – ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ – ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်း၀ုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်၀ံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။

ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့
ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်း၀ါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၉ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်…။

- မမေ့နဲ့

မင်းတို့ ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့ မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့

မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့ ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့

မင်းတို့ ကမ္ဘာ့မြေပုံပေါ် တက်နိုင်ဖို့
ငါတို့ အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

Credit >>crazybag.ning


Our Leaders apk

မြန်​မာနိုင်​ငံ ရဲ့ အာဇာနည်​ ​ခေါင်း​ဆောင်​ကြီးများရဲ့ တစ်​ဦးချင်း၏ ကိုယ်​​ရေးအကျဉ်းများကို android ဖုန်း များမှာ ဒီ apk ​လေး ထည့်​သွင်းထားရုံဖြင့်​ အလွယ်​တကူကြည့်​ရှုနိုင်​မဲ့  apk ​လေးပါ။  ဒီမှာ  ရယူနိုင်​ပါတယ်​။ ဒီapk ​​ရေးထား​သော developers များအား credit ​ပေးပါတယ်​။
  အဆင်​​ပြေပါ​စေ။

Thursday, July 17, 2014

၁၉ ဇူလိုင်

( ၁ ) ဦးဘဝင်း *
လောကမှာ ကျွန်တော်မနာလိုဆုံးပုဂ္ဂိုလ်က ခင်ဗျားပဲ
ဗိုလ်ချုပ်နဲ့ မွေးချင်းတော်စပ်ခွင့်ရတယ်
ဗိုလ်ချုပ်ကို အင်္ဂလိပ်စာသင်ပေးခွင့်ရတယ်
နောက်ဆုံး ဗိုလ်ချုပ်နဲ့အတူ သေဆုံးခွင့်ရတယ်
ထူးလိုက်တယ့်ကံ ခင်ဗျားရင်ထဲက ကျည် ၈ချက်
ကျွန်တော်တို့ ခံစားရခက်နေတုန်းပဲ

( ၂ ) ဦးအုန်းမောင် *
ကံဆိုးတာလား ? ကံကောင်းတာလား ?
တိုင်းပြည်အရေးအတွက် ငါးမိနစ်စောဝင်ခဲ့ပေမယ့်
ကျည်ဆန်တွေက ခင်ဗျားကိုယ်ထဲကို နစ်ဝင်ခဲ့ရပြီ
ခင်ဗျားရဲ့ သယ်ယူပို့ဆောင်ရေးစီမံကိန်း စာရွက်ကြီး
သွေးကွက်တွေထဲမှာ ခုထက်ထိ . . .

( ၃) ဦးရာဇာတ် *
အပစ်ခံရတာချင်းအတူတူ
ဗိုလ်ချုပ် နဲ့ သခင်မြကိုအရင်ကြည့်ပါ
ကျွန်တော်က အရေးမကြီးပါဘူးတဲ့လား !
ခင်ဗျားစကားတစ်ခွန်းက ခင်ဗျားဘယ်လောက်အရေးကြီးကြောင်းပြောသွားတယ်
တောင်းပန်ပါတယ်
ကျွန်တော်တို့ အားလုံးဗိုလ်ချုပ်ကိုအသက်မမှီလိုက်ဘူး

( ၄ ) ရဲဘော်ကိုထွေး *
ရာထူးမရှိပေမယ့် သွေးမနည်းပဲ
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်တာဝန်ကို
ရရာထောင့်က ကူညီခဲ့တယ့်သူ
နောင်လူငယ်တွေ ပြောပြရမယ်
အသက် ၁၈ လည်း အာဇာနည်ဖြစ်နိုင်တယ်ဆိုတယ့်အကြောင်း

( ၅ ) မိုင်းဘွန်စော်ဘွာကြီး စပ်စံထွန်း *
သိပ်ခန့်တယ့် ရှမ်းစော်ဘွားကြီး
ငယ်ငယ်က ပေါင်ပေါ်မှာကြောင်ရုပ်ထိုးမိကာ အခုရှက်နေရလို့
လူငယ်တွေ ဆေးမှင်မထိုးပါနဲ့ဆိုတဲ့စော်ဘွား
ကျွန်တော်တို့ နှလုံးသားမှာ သူ့နာမည်တက်တူးထိုးသွားပြီ

( ၆ ) ဒီးဒုတ်ဦးဘချို *
ကလောင်နဲ့ကော လူကိုယ်တိုင်ကော
တိုင်းပြည်ကို ရှိသမျှခွန်အားနဲ့ ကယ်ဆယ်ခဲ့တဲ့ဆရာ
အဲ့သည့်ဦးနှောက်ကို ကျည်ဆံတွေဖောက်ခဲ့တယ်
တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမူ့ကြီး
ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တ့ လူသားစစ်စစ်တစ်ယောက်

( ၇ )
မန်းဘခိုင် *
ဗမာတွေ လက်အောက်ရောက်တာဟာ
တိုင်းတပါးလက်အောက်ရောက်တာထက် အများကြီးသာသေးပါတယ်လို့
ကရင် - ဗမာ ချစ်ကြည်ရးပျက်ပြားအောင်
သွေးထိုးတဲ့ အင်္ဂလိပ်တွေစကားကို တစ်ခွန်းတည်းနဲ့ ဖြေရှင်းခဲ့တဲ့ ဖထီး

( ၈ )
သခင်မြ *
1947 july 19 ဒီနေ့မှ ထမင်းခပ်သုတ်သုတ်စားတာ ထူးဆန်းချည်ရဲ့ဆို
အိမ်အထွက် ခြံတံခါးနဲ့ ဂျစ်ကားညှိတော့
ဇနီးက မသွားပါနဲ့လား ဆိုတာကို
တချက်ပြုံးလို့
" ဗိုလ်ချုပ်စောင့်နေလိမ့်မယ် "
တစ်ခွန်းတည်းနဲ့ တစ်သက်တာလုံးနူတ်ဆက်သွားခဲ့တယ့်သူ
ကျွန်တော်တို့အခု …
ဘယ်လိုရင်ဘတ်နဲ့ အငိုတိတ်ရမလဲဗျာ … … … …
( ၉ )
ဗိုလ်ချုပ်အောင်ဆန်း *
တစ်မျိုးသားလုံးအရေးကို ရင်ထဲထည့်ခဲ့တယ့်ဗိုလ်ချုပ်
ငါပြည်သူအနွေးထည်မဝတ်နိုင်တာဟာ ငါ့အပြစ်လို့ဆိုတဲ့ဗိုလ်ချုပ်
သားကိုတွေ့ချင်လွန်းလို့လာတဲ့ မိခင်ကို
တိုင်းပြည်အရေးကြောင့် မချစ်ချင်ယောင်ဆောင်
မိခင်အိမ်အပြန်ရထားထွက်တော့မှ
စင်္ကြန်မှာ ဒူးထောက်ရှိခိုးရင်း ငိုတဲ့ဗိုလ်ချုပ်
သူ့နှလုံးကို အကျဉ်းချပြီး
တစ်တိုင်းပြည်လုံး လွတ်လပ်ဖို့ကြိုးပမ်းခဲ့တယ့်ဗိုလ်ချုပ်
တစ်ဘဝလုံး စတေးခဲ့ပေမယ့်
ဇူလိုင် ၁၉ မှာ ပြန်ရခဲ့တာ ကျည်ဆန် ၁၃ ချက် . . .
မေးပါရစေ . . .
တန် … လို့ … လား … ဗိုလ်ချုပ် … … … ?

အောင်မြင်လိုသူတိုင်း လိုက်နာရှောင်ကြဉ်ရမယ့် အချက် - ၂၀

၁. စွန့်စားလိုစိတ် မရှိခြင်း။
(Unwillingness to take risks)

. ဇွဲမရှိခြင်း။
(Lack of persistence)

၃. ကျေနပ် လွယ်ခြင်း။
(Instant gratification)

၎. ဦးစားပေးလုပ်ဆောင်မှု မရှိခြင်း။
(Lack of priorities)

၅. ဖြတ်လမ်းကို ရှာခြင်း
။(Looking for shortcuts)

၆. အတ္တ၊ လောဘ များခြင်း။
(Selfshness and greed)

၇. ခိုင်မာတဲ့ ယုံကြည်ချက် မရှိခြင်း။
(Lack of conviction)

၈. သဘာဝနိယာမကို ကောင်းကောင်းနားမလည်ခြင်း။
(Lack of understanding of nature' laws)

၉. ကြိုတင်စီစဉ်ပြီး ပြင်ဆင်ဖို့ ဆန္ဒမရှိခြင်း။
(Unwillingness to plan and prepare)

၁၀. ရှာကြံအကြောင်းပြတတ်ခြင်း။
(Rationalizing)

၁၁. အမှားကို သင်ခန်းစာ မယူခြင်း။
(Not learning from past mistakes)

၁၂. အခွင့်အရေးကို မြင်အောင် မကြည့်နိုင်ခြင်း။
(Inability to recognize opportunity)

၁၃. အကြောက်ကြီးခြင်း။
(Fear)

၁၄. ပင်ကိုယ်စွမ်းရည်ကို အသုံးမချတတ်ခြင်းမရှိခြင်း။
။(Inability to use talents)

၁၅. စည်းကမ်းလိုက်နာမှု
(Lack of discipline)

၁၆. မိမိကိုယ်ကို တန်ဘိုးမထားခြင်း။
(Lack of self-esteem)

၁၇. အသိပညာ ဗဟုသုတ ချို့တဲ့ခြင်း။
(Lack of knowledge)

၁၈. ကံကိုယုံကြည်တဲ့ သဘောထားရှိခြင်း။
(Fatalistic attitudes)

၁၉. ရည်ရွယ်ချက် မခိုင်မာခြင်း။
(Lack of purpose)

၂၀. သတ္တိနည်းခြင်း။
(Lack of courage)

သူငယ်ချင်းတို့ရေ………

ဒီအချက် ၂၀-ဟာ Shiv Khera ရဲ့ You Can Win စာအုပ်ရဲ့ အခန်း(၂) Success; Winning stragegies ထဲက ထုတ်နှုတ် ဘာသာပြန် ရေးသားထားတာ ဖြစ်ပါတယ်။ ဒီအချက်ကလေးတွေကို လိုက်နာရှောင်ကြဉ်မယ်ဆိုရင် ဘဝအောင်မြင်ရေးအတွက်
အလွန်တန်ဖိုးကြီးတဲ့ အချက်တွေဖြစ်တာမို့ ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ဘဝနဲ့ဆန္ဒ တသားတည်းကျပါစေ………
Credit>> လင်းမြတ်​ (ပန်း​တောင်း)