ငါဟာလေ
အရင်နှစ်တွေလိုပဲ
ဒီဇင်ဘာဆိုတဲ့လကိုရောက်ရင်
ရုတ်တရက်ကြီး
အလွမ်းနာတွေကျ
အဆုံးအစမရှိတဲ့အိပ်မက်တွေနဲ့ နပမ်းလုံး
ညလုံးပေါက်နီးပါး
အိပ်ပျက်နေတတ်ခဲ့တာပေါ့ ..
ငါကပဲ
အဲ့ အိပ်မက်တွေကို
တမ်းတနေတတ်ခဲ့တာလား..
ဒီဇင်ဘာနှင်းစက်တွေကပဲ
အိပ်မွေ့ချပြီး မက်စေခဲ့သလား..
မသေချာခဲ့ဘူး..
Carol singing သံကြားရင်တော့လွမ်းတယ်။
ဒီဇင်ဘာ ရေ
ဒီနှစ်မှာလည်း
နှင်းခဲတွေဖြိုချပြီး
ငါ့ကို မြန်မြန်အိပ်မွေ့ချပါတော့
ဟိုး...အဝေးမှာ
Carol singing ဆိုသံတွေ
သဲ့သဲ့လေး ကြားနေရပီလေ....။®
Thursday, November 30, 2017
Sweet December
Friday, October 6, 2017
မှတ်စု
ငါဟာ
လွတ်မြောက်ချင်တဲ့စိတ်တွေနဲ့
ငါးတွေကို လွတ်မြောက်အောင် လွှတ်နေပေမယ့်
ငါးတွေသာ လွတ်မြောက်သွားတယ်
ငါ့ကိုယ်ငါတော့ တစ်ခါမှ မလွှတ်လိုက်မိသေးဘူး။
Thursday, September 21, 2017
သဘာဝတရား
Fbမှာရော အပြင်မှာပါ လူမှုအသိုင်း အဝိုင်းကြီးက နားလည်နိုင်ဖို့ အတော်ခက်ခဲတဲ့ အရာတွေအပြည့်ပဲ။
အတွေးအခေါ်၊ အယူအဆ၊ အကြိုက်မတူလို့ ဆဲကြ ဖြဲကြ ကွဲကြတယ်။
အဲ ...... အတွေးအခေါ်၊ အယူအဆ၊ အကြိုက်တွေ အားလုံး တူနေပြန်တော့လဲ ဝိုင်းပြီး လုကြ၊ ဆွဲကြ၊ ကွဲကြနဲ့ ရန်ဖြစ်နေတတ်ကြသေးတာပဲ။
Tuesday, September 12, 2017
၂၀၀၂ စက်တင်ဘာ ၂ အတွက် အမှတ်တရ
ဟန်နီ ရေ..
ငါ့အတွက်တော့
လက်ရှိ ဒီအလုပ်ရဲ့ ၁၅နှစ်ခရီးမှာ
ကျေနပ်လို့ပျော်ရွှင်ခဲ့တာတွေရော
မကျေမနပ်နဲ့ ဗျာပါဒတွေ ဆူဝေခဲ့တာတွေရော
မမေ့နိုင်စရာ အတိတ်တွေမှာ
ငြီးတွား၊ ပျော်ရွှင်မှု တွေရဲ့
မြည်သံစွဲအလင်္ကာတွေကြားမှာ
စိတ်တိုင်းမကျစွာ ဖြတ်သန်းရင်း
ဒီအနာဂတ်ဆိုတဲ့ မရေမရာခရီးလမ်းကို
ဆက်ပြီး လျှောက်လှမ်းနေရအုံးမှာပဲလေ...
Wednesday, September 6, 2017
Please Kid, Don't Try.
Please Kid, Don't Try.
Obviously seen that the dignity between who stepped forward to the guns and who had been shot behind.
Please Kid, Don't Try.
Obviously seen that the dignity between the girl who left her country to UK(comfort zone) and the lady who has been choosing her country.
Please Kid, Don't Try.
The struggles you had faced couldn't compare to her struggles.
#JustHaHatoKidMalala
#ThatPaingTun
Via from AL
ခြေရာမတိုင်းနဲ့ ခလေး 😏
သေနတ်ရှေ့ကို တိုးခဲ့တဲ့သူနဲ့🙂
သေနတ်နဲ့ အနောက်က ပစ်ခံရတဲ့သူ😅
ဂုဏ်သိက္ခာခြင်း ကွာတယ် ။ 😄
ခြေရာမတိုင်းနဲ့ ခလေး 😏
နိုင်ငံကို ပစ်ပြီး UK ကိုပြေးခဲ့တဲ့သူနဲ့ 😂
UK ကိုပစ်ပြီး နိုင်ငံကိုရွေးခဲ့တဲ့သူ😍
ဂုဏ်သိက္ခာခြင်း ကွာတယ် ။ 😁
ခြေရာမတိုင်းနဲ့ ခလေး 😏
မင်းရုန်းကန်ရတယ်ဆိုတဲ့ အချိန်ကာလက၊😄
သူမ ဒုက္ခကို ခေါင်းဦးအိပ်နေတဲ့ 🙂
အချိန်လောက်တောင်မရှိဘူး ။ 😁
================================
Credit : ThatPaingTun
Shame on you @Malala
Shame on you @Malala
You are now supporting a Terrorist group in Myanmar by your false statement. You don't deserve the Noble Peace Prize.
I strongly protest and condemn this false statement. There is only #ARSA, supported by ISIS, which are acting terrorism in Myanmar.
#HarryLwin
ရှက်စရာကောင်းလိုက်လေ မာလာလာရယ် ...
ဒီကြေညာချက်နဲ့ အခုတော့ မင်းက မြန်မာပြည်ထဲက အကြမ်းဖက်အဖွဲ့တဖွဲ့ကို အားပေးထောက်ခံနေပြီကိုး ... ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ မင်းနဲ့ မတန်ပါဘူး ...
ဒီကြေညာချက်အမှားကြီးကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါတယ် ... မြန်မာပြည်မှာ ISIS အထောက်အပံ့နဲ့ အကြမ်းဖက်မှုတွေ လုပ်နေတဲ့ #ARSA အဖွဲ့ တဖွဲ့ပဲ ရှိတယ်။
#ဟယ်ရီလွင်
Monday, August 21, 2017
ငါဟာ..
🏵ငါဟာ အမှတ်တရတွေရဲ့အဝေးမှာ
တစ်ယောက်တည်း နေခဲ့သူပါ။
🏵ငါဟာ အမေ့ခံ မြို့ရိုးတံတိုင်းကို တစ်ယောက်တည်း ကာရံထားမိသူပါ။
🏵ငါဟာ ခေတ်သစ်မဲဇာဇနပုဒ်မှာ တစ်ယောက်တည်း နေမယ်လို့ ဆုံးဖြတ်ထားသူပါ။
🏵ငါဟာ အများအမြင်မှာ ယဉ်ကျေးလိမ္မာပြီး တစ်ယောက်တည်း ကြိတ်ဆိုးသွမ်းနေခဲ့သူပါ။
🏵ငါဟာ အမေ့ခံမြို့ရိုးအပြင် ဥပေက္ခာကျုံးကို တူးဖော်ဖို့ ကျိုးစားကြံစည်နေသူပါ။
🏵ငါဟာ....... ငါဟာ.....
ye myint oo
Sunday, August 20, 2017
မွေးနေ့မှတ်စု
" ချစ်ခြင်းမေတ္တာသည် အမြဲ စိတ်ရှည်သည်းခံပြီး ကြင်နာတတ်၏။ဘယ်တော့မှ မနာလိုသည်မရှိ။ ချစ်ခြင်းမေတ္တာသည် ဘယ်တော့မှ မဝါမကြွားတတ်။ မာနမထားတတ်ချေ။ ဘယ်တော့မှ မကြမ်းကြုတ်တတ်။ ကိုယ်ကျိုးမကြည့်တတ်ချေ။ ထိပါးစော်ကားမှုမပြု။ ခံပြင်းနားကျဉ်းမှုမရှိချေ။ "
via - A Walk To Remember
😘😘😘😘😘😘😘😘😘😘😘😘😘
အဲ့ဒီ အနှိုင်းမဲ့တွေနဲ့ထုံမွှမ်းထားတဲ့ ချစ်ခြင်းမေတ္တာတွေကို 20-8-1981 ရက်နေ့ မနက်မှာ ကျနော့ရဲ့ နှလုံးသည်းပွတ်ထဲထိ ရှင်သန်ခွင့် ပေးခဲ့ကြတဲ့ အဖေနဲ့ အမေ တို့ကို ကျနော် အမြဲကျေးဇူးတင်တယ် 😘😍
Augustရေ နင်ရော ငါ့ဆီက ဘာလိုချင်လဲပြော..
ခုလောလောဆယ်တော့ ချစ်ခြင်းမေတ္တာတွေထုံမွှမ်းထားတဲ့ ကြင်နာခြင်းတွေရမယ်..
Saturday, July 15, 2017
ပေါ်ပင်အတွေး
ငါလား..
ရိုးအီသွားတဲ့ ပေါ်ပင်တွေ
နောက်မှာ ချန်ထားပြီး
မရိုးနိုင်တဲ့
အသစ်အသစ် ပေါ်ပင်တွေနောက်
တစ်ကောက်ကောက်လိုက်ကာ
ဒီ Super_Holiday အမည်ခံ ၂ရက်ကို
အလုပ်တွေနဲ့ Fbကြား
ဗျာများရင်း ကုန်ဆုံးဖို့
ဆုံးဖြတ်ထားတယ် 😁
Friday, June 9, 2017
Zawgyi to Unicode သို့ ပြောင်းလဲအသုံးပြုလိုသူများ လွယ်ကူအဆင်ပြေစေဖို့
Q. iOS မှာ မြန်မာယူနီကုဒ် သုံးချင်လို့။ ဇော်ဂျီလည်း ဖတ်ချင်သေးတယ်။ နှစ်မျိုးလုံး ဖတ်လို့ သုံးလို့ရအောင် လုပ်လို့မရဘူးလား။
A. ဒီမှာ ကွီးနေဇာအပြည့်အစုံပြောပေးထားတယ်။
Q. iOS မှာ မြန်မာယူနီကုဒ်စစ်စစ် ပဲသုံးချင်တယ်။ fb မှာ ဇော်ဂျီပါလာရင်လည်း ဖတ်ချင်သေးတယ်ဟ။ မြန်မြန်ဆန်ဆန် ပြောင်းပြီး ကြည့်လို့ရတဲ့ နည်းမရှိဘူးလား။
A ဒီလိုလုပ်။ ကိုသန့်ဇင်ဦးရေးထားတာ။ iOS10 အထိ ရတယ်ပြောတယ်။ 10 မတင်ရသေးလို့. :3
Q. Facebook မှာ ဘယ်သူကမှ ယူနီကုဒ်နဲ့မှမတင်တာ။ ငါက စောင်ဆွာကြီးလုပ်ပြီး ယူနီကုဒ် သုံးတော့ ငါက ဘာနဲ့သွားဖတ်ရမှာလဲ။ ယူနီကုဒ်သုံးတဲ့ website တွေကောရှိလားဟ :3
A. ဒီမှာ စုပေးထားတယ် ဖရင့် fb page တွေကော ယူနီသုံးတဲ့ website တွေကာ :3
Q. Windows 8, 10 မှာ ယူနီကုဒ်သုံးချင်တာ။ ဆိုင်က အဲ့တာ ဇော်ဂျီတွေထည့်ပေးလိုက်တယ်။ ဘယ်လိုလုပ်မတုန်း။
A. ဒါလေးနဲ့ အမြစ်ဖြုတ်လိုက်။ ကွီးကျော်သူရအောင် အိပ်ရေးပျက်ခံပြီး ရေးထားတာ
Q. Windows မှာ ယူနီကုဒ်သုံးတာတော့ ဟုတ်ပါပြီ။ ငါက browser ကနေ fb ကြည့်တော့ ဇော်ဂျီတွေ ဖတ်မရတော့ဘူးဟ။ လုပ်ပါဦး။
A. Chrome အတွက် ၊ Firefox အတွက် ဒါလေးတွေ သွင်းထား။ ကွီးသစ်၊ ကွီးဆန်း၊ ကိုသန့်သက်တို့ လုပ်ထားတာ
Q. Windows Officeမှာ မြန်မာ၃နဲ့ စာရိုက်တာ စာလုံးတွေ မမှန်ဘူးဟ။ ကွိစိကွစ တွေ ပေါ်နေတယ်။ လခွမ်း။ လုပ်ဦး။
A. ဒီမှာ သွားကြည့်လိုက်တော့
Q. Windows မှာ Offline converter မရှိဘူးလားဟ။ ရှိရင်ပေးစမ်းပါ။
A. ဒီမှာ ဆွဲလေ။ ကိုမြတ်မင်းစိုး rabbit converter ကို အခြေပြုရေးထားတာ။
Q. Windows မှာ သဝေထိုးရှေ့ကရိုက်လို့ရတဲ့ ကီးဘုတ်မရှိဘူးလာဟ။ သဝေထိုးနောက်ကမရိုက်တတ်ဘူး။ :\
Windows မှာ ဇော်ဂျီလက်ကွက်နဲ့ ယူနီကုဒ် ရိုက်လို့မရဘူးလား။ ယူနီကုဒ် လက်ကွက်က ခက်တယ်ဟ။ ၈။
A. မေးခွန်းနှစ်ခုလုံးတွက် အဖြေတစ်ခုထဲပဲ။ ဒါလေး သွင်းလိုက်။ ကိုသန့်သက်ရေးထားတာ
Q. Windows မှာ ငါဒေါင်းလုပ်ဆွဲထားတဲ့ ဖိုင်တွေ.. ဘာညာတွေက ဇော်ဂျီတွေနဲ့ဟ.. ဖိုင်နာမည်ပေးထားတာတွေ။ ကွန်ဗာတာမှာ တစ်ခုချင်း ကူးပြီးလိုက်ပြောင်းနေရရင် သေပြီပေါ့ဟ။ fa ဘွကကျွတ်တော့မယ်မထင်ဘူး။ ဖိုင်နာမည်ထိုင်ပြောင်းနေတာနဲ့တင် အချိန်ကုန်နေမှာ။
A. ငင့်.. fa နဲ့ ဘာဆိုင်လို့လား.. အဲ့လိုအခက်အခဲလေးတွေအတွက် ကို ဝူး ရေးထားတဲ့ ကွန်ဗာတာလေးရှိတယ်။ ဒီမှာ စမ်းကျိလတ်။
Q. မင်းတို့ ယူနီကုဒ်က Photoshop မှာ သုံးမရဘူးဟ။ လုပ်စမ်းပါဦး။
A. ဒီမှာ ကိုဇေယျာတို့ လုပ်ပေးထားတဲ့ အသောက ရှိတယ်။ :D
Q. Android မှာလေ။ ယူနီကုဒ်သုံးနေတယ်ဟ။ ဆိုနီက built in ပါလာတာ။ ဇော်ဂျီကိုဘယ်လိုဖတ်မတုန်း.. အရေးအကြောင်းဆို လိုတယ်ဟ။
A. ဒါနဲ့ ၊ ဒါတွေ လုပ်လိုက်တော့
Q. ညေး.. ကွီး ဖုန်းမှာ ယူနီကုဒ်ပဲပါတော့ ယူနီကုဒ်ပဲ သုံးနေတယ်။ Facebook က အရင်တုန်းက see conversion ဆိုပြီး နှိပ်ရင် ဇော်ဂျီ (မြန်မာ) to ယူနီကုဒ်(မြန်မာ) ပြောင်းပေးတယ်။ အခု မရတော့ဘူးဟ။ ဘယ်လိုလုပ်ရတုန်း။
A. ကိုသန့်သက် အရင်က doc တင်ပေးဖူးတယ်။ ဘယ်လို force လုပ်ပြီး Conversion
option ပြန်ဖော်ရတယ်ဆွာ။ ကိုထက်ဝေအောင်
ဒီမှာ video tutorial လုပ်ပေးထားတယ်။
Q. Android မှာ ယူနီကုဒ်သုံးနေတယ်။ လခွမ်း operator တွေက ဇော်ဂျီနဲ့ မက်ဆေ့တွေ ပို့နေတာ ငါဘယ်လိုသွားဖတ်ရမတုန်း။ ဖာ့ခ်။
A. ကိုမြတ်မင်းစိုးရေးထားတဲ့ ဒီ app သုံးလိုက်။ ဆင်ပြေသွားလိုက်မယ်။
Q. Android မှာ ယူနီကုဒ်ကော ဇော်ဂျီကော browser မှာ ဖတ်ရအောင် ဘယ်လိုလုပ်မတုန်းဟ။
A. Firefox က android မှာ add on support ပေးတယ်။ ဒါလေး သွင်းပြီးသုံး။
Q. စက်ရုပ်မှာ သဝေထိုး ရှေ့က ရိုက်လို့ရတဲ့ ကီးဘုတ်မရှိဘူးလားဟ။
A. ရှိဒေ ရှိဒေ ရှိလွန်းလို့။ ဒီမှာ
Q. Android မှာကွာ ငါရိုက်တာတော့ ယူနီကုဒ် နဲ့ပဲရိုက်မယ်လေ။ ဇော်ဂျီပဲသုံးနေကြတဲ့ မိဘဆွေမျိုး တွေ စကီလေးတွေကို ချက်ချင်း ကွန်ဗက် တစ်ချက် tap တာနဲ့ ဘယ်လိုပို့ရလည်းဟ။
A. M3 Keyboard လေးသုံး။ အိုကေသွားလိုက်မယ်။ :3
Q. မြန်မာစာရေးထုံးနဲ့ပဲ ရိုက်ချင်တယ်ဟ။ လုပ်ဦး.. သဝေထိုး ပစောက် ရရစ် ရေးချာ.. ပြော .. အဲ့လိုမျိုးပေါ့..
A. အိုကေ အောက်ဟာလေးတွေ သွင်းထားလိုက်ကွီး။ စိတ်ကြိုက်ရိုက်ပေတော့ =D
For Windows - Keymagic
For Mac - Keymagic
For iOS - ttKeyboard
For Android - BayKeyboard , ttKeyboard
Q. မင်းတို့ ယူနီကုဒ် မြန်မာစာကို ရိုက်မယ်ဆိုရင်လေ ကီးဘုတ်က Google က တရားဝင်လုပ်ပေးထားတာရှိလားဟ။ iOS မှာက ကီးဘုတ်ပါဖို့နေနေသာသာ ဖောင့်တောင် အကုန်မမှန်ချင်သေးဘူး..လခွမ်းလိုပဲ...
A. ငင့်... Apple နဲ့ တော့ မယှဥ်နဲ့လေဗျာ... ပန်းသီးခင်ဗျာ.. iOS10 ကမှ မြန်မာစာယူနီကုဒ်လေး built in ပါတာ.. နည်းနည်းတော့ အချိန်ပေး စိတ်ရှည်လိုင်ပါဦး :3 Google ကတော့ စွန်းလန်းတယ်ဗျ.. လွန်ခဲ့တဲ့ သုံးလေးလ လောက်ကပဲ... ယူနီကုဒ် မြန်မာစာ ရိုက်လို့ရတဲ့ လက်ကွက်ကို သူတို့ရဲ့ official Google Keyboard (Gboard) မှာထည့်ပေးလိုက်ပြီ။ အဲ့တာတင်မကသေးဖူးဗျို့။ သဝေထိုးကိုပါ ရှေ့ကရိုက်လို့ရအောင်.. update တစ်ခါထဲ လုပ်ပေးထားတယ်.. နို့မို့ဆို သဝေထိုး နောက်ကမရိုက်တတ်ဖူး ပြောကြလွန်းလို့.. end user တွေအတွက် အဆင်ပြေတာပေါ့ဗျာ :3
ဒီမှာ ဒီမှာဆွဲလိုက်ချေ..
စွန်းလန်းတယ် မဟုတ်လား အူးလေး :3
Q. Q&A တွေစုပေးထားတဲ့ လင့် ကဘယ်မှာတုန်းဟ။ လခွမ်း။ အရေးအကြောင်းဆို ရှာမရတော့ဘူး
A. ဒီမှာ ဗျ။ link ကို တွေ့တုန်း မှတ်ပြီး ဆောင်ထားချေ။ နောက်လည်း အလျဉ်းသင့်သလို update သွားဦးမယ်။ :3
( linkception ဟ :O xD )
Myanmar Unicode Area Fb group မှ ကူးယူဖော်ပြပါသည်။ Zawgyi မှ Unicode သို့ ပြောင်းလဲအသုံးပြုလိုသူများ လွယ်ကူ အဆင်ပြေပါစေ။
Saturday, May 27, 2017
လူမျိုး ၁၀၁ မျိုး
မြန်မာသတ္တ၊ မွန်လေးဝနဲ့ ကုလား ၆၀၊ ရှမ်း ၃၀
မြန်မာသတ္တ၊
၁။ မြန်မာ၊
၂။ ပြူ၊
၃။ တောင်သူ၊
၄။ ကမ်းယံ၊
၅။ ယော၊
၆။ ရခိုင်၊
၇။ ထားဝယ်။
မွန်လေးဝ
၁။ မွန်သီ ၊
၂။ မွန်နံ ၊
၃။ မွန်ညံ့၊
၄ ။ မွန်အား။
ကုလား ၆၀
၁။ သူရဲ
၂။ ပူရန္တေ
၃။ အာသံ
၅။ ပန်းသေး
၆။ ပရိကရား
၇။ ဘင်္ဂလာ
၈ ။ ကုလားဖြူ
၉။ ဘုရင်ဂျီ
၄။ ရေသူ
၁၀။ ဘာလီ
၁၁။ သီဟိုဠ်
၁၂။ သိန်း
၁၃။ စန္ဒာ
၁၄။ မောပါ
၁၅။ ဒေကို
၁၆။ နောထို
၁၇။ ဝေရာ
၁၈။ မစ္ဆိမာ
၁၉။ ဘောဒ
၂၀။ သုတ္တံ
၂၁။ စင်းကြန်
၂၂။ ဦးပြဲ
၂၃။ ဇိနပတ္တံ
၂၄။ ပူရဲ
၂၅။ သင်းတွဲ
၂၆။ ဘိလပ်
၂၇။ မရမံ
၂၈။ ကလံ
၂၉။ ကလယ်
၃၀။ ပြင်သစ်
၃၁။ ဟေရတယ။
၃၂။ ဗရာဏသီ
၃၃။ အင်္ဂလိပ်
၃၄။ လဟုံ
၃၅။ ဒုဒလီ
၃၆။ မဒရပ်
၃၇။ အင်ကျယ်
၃၈။ ကရှုး
၃၉။ ဗသျှူး
၄၀။ ခလာသီ
၄၁၊အာရပ်
၄၂။ အာရမ္မဏီ
၄၃။ တပသီ
၄၄။ ပသီ
၄၅။ ဥတ္တရာ
၄၆။ လတ္တီကာ
၄၇။ စေတုတ်
၄၈။ သတ္တတန်
၄၉။ ရတိ
၅၀။ ဘိန်းနီ
၅၁။ မက္ကတိ
၅၂။ တူလီ
၅၃။ ဟော်ရတယ
၅၄။ ဇဝိ
၅၅။ ဘုရင်ဂျီ
၅၆။ ရ မ္လ
၅၇။ အော်လံတေး
၅၈ ။ အော်လံတစ်
၅၉။ ရစ်ပလစ်
၆၀။ ကုလား
ရှမ်း ၃၀
၁။ လင်း
၂။ သက်
၃။ ချင်း
၄။ ဂုဏ်
၅။ ရင်း
၆။ ကတူး
၇။ မြုံ
၈။ အကျော်
၉။ ဂင်
၁၀။ ရှိန်
၁၁။ ဝဇာ
၁၂။ ယူအူ
၁၃။ ကရင်
၁၄။ ကချင်
၁၅။ မနော
၁၆။ မျက်နှာမည်း
၁၇။ ကသည်း
၁၈။ ရေမီးထွက်
၁၉။ ကရက်
၂၀။ လဝ
၂၁။ လင်း
၂၂။ ပန်းလောင်
၂၃။ တရက
၂၄။ ယွန်း
၂၅။ ရှမ်း
၂၆။ လဝိုက်
၂၇။ တရုတ်
၂၈။ ယိုးဒယား
၂၉။ တနဲ
၃၀။ ဓနု
ဒိုင်စားတဲ့နေ့တွေ
မနေ့က ညနေရုံးဆင်းတော့ ညီငယ်တစ်ယောက်ကပြောတယ် "အကိုရေ ဒီစနေ၊တနင်္ဂနွေလည်း လွတ်လွတ်လပ်လပ် နေရမှာမဟုတ်ဘူး" တဲ့ ကျနော် သူ့ကိုပြုံးပြလိုက်တယ်
ဟော.. ညရောက်တော့ ညီမငယ်တစ်ယောက်က "ရုံးပိတ်ရက်ဆိုတာ ပြက္ခဒိန် ထဲမှာပဲရှိတယ်" ဆိုပြီး fb မှာတင်ထားတာတွေတော့ ကျနော် ထပ်ပြီးပြုံးမိတယ်
ကြံ့ကြံ့ခံပြီး ကြိုးစားကြရမှာပဲ ညီညီမလေးတို့ရေ အကိုလည်း ဒီလိုနဲ့ ထွေ/အုပ်မှာလုပ်သက် ၁၅နှစ်တောင် ကျော်ဖြတ်ခဲ့ပြီ လို့
Friday, May 26, 2017
ဗုဒ္ဓဘာသာနိုင်ငံပါလို့ အစိုးရက တရားဝင်ကြေငြာ ထားတဲ့နေ့
၁၃၂၃ဝါခေါင်လပြည့်နေ့၊ 26.8.1961 ရက်နေ့
စနေနေ့ ၊ဝန်းကြီးချုပ်ဦးနုလက်ထက်..
သမ္မတ ဦးဝင်းမောင်းဟာ မွန်းလွဲ ၁နာရီ မှာ
အခမ်းအနား နဲ့လက်မှတ်ရေးထိုးအတည်ပြုပါတယ်။
ထောက်ခံမဲ ၃၂၄ မဲ၊ ကန်ကွက်မဲ ၂၈ မဲနဲ့ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံပါလို့ အစိုးရက တရားဝင်အထောက်အထားနဲ့ ကြေငြာထားတဲ့နေ့ပါ။
Wednesday, May 17, 2017
ညနေမှတ်တမ်း
ညနေလောက်က အိမ်ရှေ့မှာ ကျနော်က ဖုန်းတစ်လုံးနဲ့ fb ပွတ်နေတုန်း ၊ သားသားကလည်း ရှေ့မှာ သူ့အရုပ်တွေနဲ့ ဆော့နေတုန်း၊ သားသားတို့အမေကလည်း တီဗွီရှေ့မှာ ကိုးရီးယားဇာတ်လမ်းတွဲနဲ့ နှပ်နေတုန်း ဗြုန်ဆို မီးက ပျက်သွားပါလေရော..
မိသားတစ်စုလုံးလည်း ဟာ..ကနဲ ဟင်..ကနဲ ပေါ့
ဒါနဲ့ ကျနော်လည်း #မီးပျက်သွားပီဟေ့ လို့ mpt ကြော်ငြာလေသံနဲ့ fb မှာ တက်အော်မယ်လို့ fb က what's on your mind? နေရာကို နှိပ်တုန်း စက္ကန့်ပိုင်းအတွင်း မီးကပြန်လာတော့ အော်မယ်လို့အားခဲထားတာ ပျက်ရောပဲ..
အာ့နဲ့ စိတ်တိုလို့ အောက်က👇 အတိုင်း တွေးမိလိုက်သေးတယ်
.
.
.
.
.
.
.
.
.
.
#တောက်__ဒီမီးကလည်းပျက်မယ်ဆိုလည်းကြာကြာမပျက်ဘူး #ဒါမှမဟုတ်ခဏခဏလာတာမျိုးလည်းမဟုတ်ဘူး #ခုတော့စက္ကန့်ပိုင်းလေးပဲပျက်တော့fbမှာငါကဘယ်လိုတင်ရမှာတုန်းလို့စ် 😃😃
Monday, May 1, 2017
MUA-Office Font Changer apk
ယူနီကုဒ် သုံးချင်သူများ အတွက်
ဖိုင်ဆိုဒ်ကလည်း 3 MB ကျော်တည်းပါ
Samsung, Oppo တို့လို Font Style ပါတဲ့ဖုန်းတွေအတွက် Root မလိုပဲထည့်သွင်းအသုံးပြုနိုင်ပါတယ်။
( အချို့ Samsung 6.0 အထက်တွေမှာတော့ Root လိုကောင်းလိုနိုင်ပါတယ် )
Xiaomi(MI) , Huawei, Vivo တို့လို Theme ပါတဲ့ဖုန်းတွေမှာလည်းလုံးဝအဆင်ပြေနိုင်ပါတယ်။
Xiaomi Mi Version 8.0 အထက်တွေမှာလည်း Root မလိုပဲထည့်နိုင်ပါတယ်။
Vivo တွေက ဖောင့်နှစ်မျိုးရှိတဲ့အတွက် နှစ်မျိုးလုံးထည့်ပေးထားပါတယ် ။
အားလုံးအဆင်ပြေစေမှာပါ။
တခြားဖုန်းတွေအတွက်ကတော့ Root လိုပါတယ်။
App ထဲမှာလည်းသူကဏ္ဍအလိုက်ခွဲရေးပေးထားပါတယ်။
သူ့အမျိုးစားနဲ့သူဝင်ပြီး Install လုပ်ပြီး Change Font ကိုနှိပ်ကာ ဖောင့်ပြောင်းရုံပါပဲ။
Root ရှိတဲ့ဖုန်းတွေကတော့ Other(Root) ထဲကိုဝင်ပြီး Install ကိုနှိပ်ပေးလိုက်ရုံပါပဲ။
ဖုန်းက Reboot ကျသွားပြီးပြန်တက်လာရင်လုံးဝအခုစာလုံးပုံစံလေးပြောင်းသွားတာကိုတွေ့ရမှာပါ။
မကြိုက်ရင် Restore ကိုနှိပ်ပြီး မူလအတိုင်းပြန်လည်ထားနိုင်ပါတယ်။
Samsung, Oppo, Xiaomi, Vivo, Huawei တို့လိုဖုန်းတွေမှာလည်း
မကြိုက်လို့ မူလအတိုင်းပြန်ထားချင်ရင်
Change Font ကိုနှိပ်ပြီး Default ကိုပြန်ရွေးထားလို့ရပါတယ်။
စမ်းပြီးအသုံးပြုချင်ရင်တော့ ဒီမှာ download
ရယူနိုင်ပါတယ်။
Credit > Khon Soe Zaw Thu
အဆင်ပြေပါစေ။
Saturday, January 14, 2017
Long screen shot app
Long screen shot ရိုက်ချင်သော်လည်း အဆင်မပြေဖြစ်နေကြတဲ့ ဘော်ဒါတွေအတွက် အဆင်ပြေပြေအသုံးပြုနိုင်မဲ့ app လေးတစ်ခု ညွှန်ပြချင်ပါတယ်။ ဒီ appလေးကို အသုံးပြုချင်ရင်တော့ Playstore link မှာ ရယူနိုင်ပါတယ်။
အဆင်ပြေပါစေ ..