Wednesday, May 17, 2017

ညနေမှတ်တမ်း

ညနေလောက်က အိမ်ရှေ့မှာ ကျနော်က ဖုန်းတစ်လုံးနဲ့ fb ပွတ်နေတုန်း ၊ သားသားကလည်း ရှေ့မှာ သူ့အရုပ်တွေနဲ့ ဆော့နေတုန်း၊ သားသားတို့အမေကလည်း တီဗွီရှေ့မှာ ကိုးရီးယားဇာတ်လမ်းတွဲနဲ့ နှပ်နေတုန်း ဗြုန်ဆို မီးက ပျက်သွားပါလေရော..
မိသားတစ်စုလုံးလည်း ဟာ..ကနဲ  ဟင်..ကနဲ ပေါ့
ဒါနဲ့ ကျနော်လည်း  #မီးပျက်သွားပီဟေ့ လို့ mpt ကြော်ငြာလေသံနဲ့ fb မှာ တက်အော်မယ်လို့ fb က what's on your mind?  နေရာကို နှိပ်တုန်း စက္ကန့်ပိုင်းအတွင်း မီးကပြန်လာတော့ အော်မယ်လို့အားခဲထားတာ ပျက်ရောပဲ..
အာ့နဲ့ စိတ်တိုလို့ အောက်က👇 အတိုင်း တွေးမိလိုက်သေးတယ်
.
.
.
.
.
.
.
.
.
.
#တောက်__ဒီမီးကလည်းပျက်မယ်ဆိုလည်းကြာကြာမပျက်ဘူး #ဒါမှမဟုတ်ခဏခဏလာတာမျိုးလည်းမဟုတ်ဘူး #ခုတော့စက္ကန့်ပိုင်းလေးပဲပျက်တော့fbမှာငါကဘယ်လိုတင်ရမှာတုန်းလို့စ် 😃😃