Monday, August 21, 2017

ငါα€Ÿာ..

🏵ငါဟာ အမှတ်တရတွေရဲ့အဝေးမှာ
တစ်ယောက်တည်း နေခဲ့သူပါ။

🏵ငါဟာ အမေ့ခံ မြို့ရိုးတံတိုင်းကို တစ်ယောက်တည်း ကာရံထားမိသူပါ။

🏵ငါဟာ ခေတ်သစ်မဲဇာဇနပုဒ်မှာ တစ်ယောက်တည်း နေမယ်လို့ ဆုံးဖြတ်ထားသူပါ။

🏵ငါဟာ အများအမြင်မှာ ယဉ်ကျေးလိမ္မာပြီး တစ်ယောက်တည်း ကြိတ်ဆိုးသွမ်းနေခဲ့သူပါ။

🏵ငါဟာ အမေ့ခံမြို့ရိုးအပြင် ဥပေက္ခာကျုံးကို တူးဖော်ဖို့ ကျိုးစားကြံစည်နေသူပါ။

🏵ငါဟာ....... ငါဟာ.....

                                             ye myint oo