Saturday, September 22, 2018

ဒီနေ့

"ပင်နီဆလင်ဆေးနဲ့တဲ့လား"လို့ ဆရာဝန်က မေးတာတောင် တဲ့/မတဲ့ မသေချာလောက်အောင် ကွကိုယ်မနည်းစဉ်းစားဖြေလိုက်ရင်း ဒီလိုသောက်ဆေး ထိုးဆေးတွေနဲ့ ကာလရှည်ကြာ ဝေးကွာနေသူတစ်ယောက်ဟာ ဒီနေ့တော့ တစ်ကယ် ဖျားပြီလေ။ ဆေးတစ်ချောင်းထိုးပြီး ဆေးတစ်ဆုပ်ကြီးလည်း စားလိုက်ရပြီပေါ့။


Monday, September 3, 2018

၁၆နှစ်ခရီးမှသည်...

ဒီလို မပီဝိုးတဝါးအလင်းရောင်တွေအောက်မှာ ၁၆နှစ်ဆိုတဲ့ခရီးကို ဖြတ်သန်းခဲ့ရင်း ရှေ့ကိုဆက်ပြီးလျှောက်လှမ်းနိုင်ဖို့ စိတ်တွေကိုစုစည်းနေတုန်း ဗြုန်းကနဲ ရောင်နီကိုမြင်ခဲ့ရဖူးတယ်။ ဘဝမှာ မြင်ခဲ့ရတဲ့ ရောင်နီဟာ ဒီတစ်ခါ အကြာမြင့်ဆုံးပါပဲ။ ခုချိန်ထိကို ရောင်နီအဆင့်က တက်မလာခဲ့သေးဘူး။ အင်းလေ... ဒါတွေကို ခဏထားပါအုံး။ လောလောဆယ် ဘဝမှာဖြေရှင်းစရာတွေကများနေလို့ ထားရာနေ စေရာသွားရအုံးမယ်။ good byeလို့ နှုတ်မဆက်ခင်မှာ #ရဲမြင့်ဦး ရေ မင်းတစ်ယောက် ကံကောင်းပါစေလို့ အရင်ဆုတောင်းတယ်။
#၁၆နှစ်မြောက်အတွေး #GAD


Monday, May 14, 2018

ပျော်ရာမှာမနေ တော်ရာမှာနေရတဲ့ ဘဝ

ကိုယ်တွေကသာ တိုင်းရင်းသားအားလုံးဟာ ကိုယ့်နိုင်ငံသား သွေးချင်းတွေလို့ စိတ်ရင်းနဲ့ ခံယူနိုင်ပေမဲ့ ဗမာဆိုရင် ဝေးဝေးကရှောင်ပြီး အဖက်မလုပ်ဘဲ သူတို့နယ်မြေကို ကျူးကျော်သူတွေလို့ မြင်နေကြတဲ့ တိုင်ရင်းသားတွေကြားမှာ ကျနော် နေတယ်။


Sunday, April 22, 2018

နွေ

ငယ်ငယ်တုန်းက အညာနွေမှာတော့ မန်ကျည်းတို့၊တာမာတို့၊ ထနောင်းတို့လို အရိပ်ကောင်းတဲ့ အပင်ကိုရှာခဲ့ရတာပေါ့။
ဒီတောင်ပေါ်နွေမှာတော့ .... ရေကိုသာ ရှာကြလေသည်။


Saturday, April 14, 2018

Family day

#Family_day #April_14 #သင်္ကြန်အကျနေ့
#Golden_Triangle_Myanmar #Tachileik #Mong_phone #Wan_Pong #ဇွဲသာယာကမ်းခြေ #Zwe_thar_Yar_Beach #Myanmar_Lao_boundary


Monday, April 2, 2018

ပျော်ရွှင်ဖွယ်ရာ တစ်နေ့တာ

Super Sunday မှာ မိသားစုနဲ့အတူ တစ်နေ့တာ ပျော်ရွှင်ကြည်နူးခွင့်ရတာ ဘယ်အရာနဲ့မှ မလဲနိုင်ပါ။


သမီးလေးရဲ့နွေကျောင်းပိတ်ချိန်

ဒီနှစ်နွေကျောင်းပိတ်ချိန်မှာတော့ ဒုတိယတန်းစာမေးပွဲ ဖြေဆိုထားတဲ့ သမီးလေး(ဖြိုးပြည့်ပြည့်စံ) ဟာ အား/ကာက အခမဲ့ဖွင့်လှစ်ပေးတဲ့ နွေရာသီသင်းတန်းတွေထဲကနေ ဝူရှူးသင်တန်းတက်ချင်ပါတယ်လို့ ခွင့်တောင်းလာတော့ တက်ခွင့်ပေးလိုက်တာ ဒီနေ့မှာတော့ သင်တန်းဆင်းလက်မှတ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီလေ။ နောက်နှစ်တွေမှာလည်း ထူးချွန်အောင် ကြိုးစားပါသမီးလေးရေ။


Sunday, April 1, 2018

ရောင့်ရဲခြင်း

ပစ္စုပ္ပန်တည့်တည့်မှာနေမယ်
ဖြစ်နိုင်သမျှ စိတ်ချမ်းသာအောင်ထားမယ်
ကြိုးစားပြီး စိတ်ချမ်းသာအောင်နေမယ်။

တိမ်တွေရဲ့ရွေ့လျားမှုကိုမတွေးပဲ
အရောင်စုံနေကြပုံကို ငေးကြည့်မယ်။
ထိုက်တန်သူတွေသာ ရကြပါစေလို့
ဆုံးရှုံးခဲ့ရသမျှတွေကို ရောင့်ရဲမယ်။
မတတ်နိုင်တဲ့အရာတွေကို
မတတ်နိုင်ကြောင်းလက်ခံလိုက်မယ်။

တိတ်ဆိတ်မှုတွေဆီကိုပိုပြီးနီးအောင်သွားမယ်
လေပြေလေညင်းတိုင်းကို ကျေးဇူးတင်မယ်
အိပ်မက်တစ်ချို့ကို သူ့နေရာသူပြန်ပို့လိုက်တယ်။
သတိရတဲ့အခါ ပျော်နေမှာပါလို့တွေးမယ်
တစ်နေ့နေ့ဆိုတဲ့အကြောင်း
မတွေးဖြစ်အောင်နေမယ်။

ဓာတ်ပုံတစ်ချို့ကိုမြင်ရတဲ့အခါ ခပ်ဖွဖွလေး ပြုံးမယ်။
သိခဲ့တာတွေကိုရောမသိခဲ့တာတွေကိုပါ
တန်ဖိုးအတူတူထားလိုက်တယ်။
တစ်ချို့အရာတွေဖြစ်ဖို့အချိန်အကြာကြီးလိုတယ်
တစ်ချို့အရာတွေပျက်ဖို့အချိန်ခဏလေးပဲလိုတယ်။
ကိုယ်မတတ်နိုင်သမျှအရာရာအတွက်
ကိုယ့်ကိုယ်ကိုယ်ရော မင်းကိုရော
တစ်ပါးသူတွေကိုပါ အကုန် ခွင့်လွှတ်လိုက်တယ်။

အလင်းနဲ့ တစ်ခါဆုံဖို့
နှစ်ပေါင်းဘယ်လောက်ကြာအောင်
စောင့်ကြရမလဲ။
ကိုယ်ကတော့ မင်းကိုတွေ့ ဖို့
တစ်သံသရာလုံးကြာခဲ့ရတယ်။
တစ်ချို့အခိုက်အတန့်တွေက တစ်သံသရာစာလို့
အဲဒီလို ယုံကြည်လိုက်တယ်။

ရာသီအလိုက်ပွင့်နေတဲ့ပန်းတွေရဲ့ရနံ့မှာ
သတိရခြင်းတွေထပ်ဖြည့်လိုက်တယ်
လေပြေတွေ အနားရောက်လာတဲ့အခါ
သတိရမှုတိုင်းမှာ အေးမြစွတ်စိုပါစေ။ ။

မေဇော်


Family Trips

တစ်ခါတစ်လေ မိသားစုတွေ နဲ့ မနီးမဝေး ခရီးသွားရင် နွေးထွေးတဲ့အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါ။


အီစတာပွဲတော်နေ့






ရွှေတြိဂံနယ်မြေ ၊ မိုင်းဖုန်း(က)အုပ်စုအတွင်းက ပိန်းညောင်-၂ အာခါရွာလေးမှာနေတဲ့ တစ်ကယ့်ညီအစ်ကိုလို ချစ်ခင်ရသော မိသားစုလေးရဲ့ အီစတာပွဲတော်ကို နှစ်စဉ်သွားရောက်ဆုတောင်းပေးခဲ့တာ ဒီနှစ်လည်း ရောက်ခဲ့ပြန်ပြီလေ..
ပျော်ရွှင်တဲ့ အီစတာပွဲတော်နေ့ ဖြစ်ကြပါစေ။


လင်ကွန်းရဲ့ တုန့်ပြန်စကား

လင်ကွန်းဟာ သမ္မတ အဖြစ် ရွေးချယ်ခံရပြီး သမ္မတ အဖြစ် ပထမဦးဆုံး ကျမ်းသစ္စာ ကျိန်ဆိုမဲ့ စင်မြင့်ပေါ်ကို  တက်လာတယ်။ စင်မြင့် ပတ်ပတ်လည်မှာ အရာရှိအရာခံတွေ ဝန်ကြီးတွေ လူကြီးလူကောင်းတွေ အကုန်နေရာယူပြီး သမ္မတ အသစ်ကို စောင့်မျှော်နေတဲ့ အချိန်ဖြစ်တယ်။

လင်ကွန်း စင်မြင့်ထက်မှာ နေရာယူပြီးတာနဲ့ ရှေ့ဆုံးတန်းက ချမ်းသာတဲ့ အရာရှိကြီး တစ်ယောက်ကထပြီး လင်ကွန်းခင်ဗျား....".... ခင်ဗျားရဲ့ ဖခင်ဟာ ကျနော့်တို့ မိသားစုအတွက် ဖိနပ်ချုပ်ခဲ့တာ မှတ်မိပါသလား ခင်ဗျား ..." လို့ အသံကျယ်ကျယ်နဲ့  မေးလိုက်တယ်။ ဒါကိုကြားတဲ့ အရာရှိကြီးတွေ အကုန်လုံးက ဝိုင်းရယ်ကြတာပေါ့။

အမှန်သူက လင်ကွန်းကို သက်သက်အရှက်ခွဲလိုက်တာ။ နှိမ်လိုက်တာ။ ကျန်တဲ့ လင်ကွန်းကို မနာလို ဖြစ်နေတဲ့ အရာရှိတွေအကုန်လုံးကလည်း သမ္မတသစ်ကို နှိမ်လိုက်နိုင်ပြီလို့ ဝမ်းမြောက်နေကြတာပေါ့။

ဒါပေမဲ့ လင်ကွန်း ပြန်ဖြေတဲ့ စကားကြောင့် သူတို့တွေ အကုန်အံ့အား သင့်ခဲ့ရတယ်။ လင်ကွန်းက ...." ဟာ... ကျနော်ကောင်းကောင်း မှတ်မိတာပေါ့...။ ကျနော်ဖခင်က ခင်ဗျားတို့ မိသားစုသာမက ဒီပွဲ လာတက်တဲ့ လူတွေ အများကြီးရဲ့ ဖိနပ်ကို ချုပ်ပေးခဲ့တာပေါ့။

အဲဒီလို ချုပ်ပေးလို့ ခင်ဗျားမိဘတွေက ကျနော့် ဖခင်ချုပ်ပေးတာ မကြိုက်လို့ ဝေဖန်ပြစ်တင်တဲ့ အသံကြားခဲ့ဖူးလား။  အဲဒီလိုပဲ ကျန်တဲ့ ဘယ်သူမှ ကျနော့်ဖခင် ချုပ်ပေးတဲ့ ဖိနပ်ကို မကြိုက်လို့ ဝေဖန် ပြစ်တင်ခဲ့တာ မရှိခဲ့ဘူး။ ကျနော့်ဖခင် ချုပ်ပေးတဲ့ ဖိနပ်တွေက သိပ်သပ်ရပ်ပြီး အကြာကြီးခံတာ။ သူချုပ်ပေးတဲ့ ဖိနပ်တိုင်းကို လူတိုင်းက သိပ်ကြိုက်ကြတယ်။

တကယ်တော့ ကျနော့်ဖခင်က ဖိနပ်ချုပ်တဲ့ အလုပ်မှာ ပါရမီရှင်ပါပဲ။ ကျနော်ကတော့ ကျနော့် ဖခင်အတွက် အရမ်း ဂုဏ်ယူတယ်လို့ ပြန်ပြောလိုက်တယ်..."

လင်ကွန်းကို အရှက်ခွဲကြိုးစားတဲ့ ချမ်းသာတဲ့ အရာရှိကြီးရော သူ့ကို ဝိုင်းလှောင်တဲ့ အရာရှိကြီးတွေ အကုန်လုံး ပါးစပ် အဟောင်းသား ဖြစ်သွားတာပေါ့။

အမှန်က ဖိနပ်ချုပ်သမားဆိုပြီး ကဲ့ရဲ့ အရှက်ခွဲဖို့ ကြိုးစားတာ မအောင်မြင်ပဲ သူက သူ့အဖေအတွက်တောင် ဂုဏ်ယူ နေသေးသတဲ့။

သတိရဖို့က မင်းကို မင်းကလွဲလို့ ဘယ်သူမှ နာကျင်အောင်လုပ်လို့ မရပါဘူး။

ဒါကြောင့် ဒီလိုဝေဖန်ပြစ်တင်မှုတွေ ကြုံတဲ့အခါက ကိုယ်က ဘယ်လိုတုန့်ပြန်လဲ ဆိုတာက အရေးကြီးတာပါ။ ကိုယ့်အလုပ်သာ အကောင်းတကာ့ အကောင်းဆုံးဖြစ်အောင်လုပ်ပါ..။ ဝေဖန်မှုတွေ အတွက် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ မဆုံးရှုံးပါစေနဲ့။ ကိုယ့်စိတ်ဓါတ်တွေ မထိခိုက် မနာကျင်ပါစေနဲ့.....။

Creadit : Ye Min ( 19/8/2017)

ARE YOU HURT? LESSON FROM ABRAHAM LINCOLN’S STORY ကို ဆီလျှော်အောင် ပြန်ဆိုပါသည်။

Creadit:#mmbookcity


Tuesday, March 20, 2018

ကဗျာနေ့

ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့
ကြေကွဲခြင်း
လွမ်းဆွတ်ခြင်း
ချစ်ခြင်း
မုန်းခြင်း
ပေါက်ကွဲခြင်း
.....ခြင်း
.....ခြင်း
.....ခြင်းသံစဉ်ပေါင်းများစွာကို
လှပအောင် ချရေးမိလိုက်တယ်
ကဗျာတွေဖြစ်လာပါရော။

#21_march #world_poetry_day