Monday, February 16, 2015

Viber v 5.2.2.463 apk

အတော်များများ စွဲစွဲလမ်းလမ်း အသုံးပြုနေကြတဲ့ Viber v 5.2.2.463 apk updated လေးကို သုံးချင်ရင်တော့ အောက်မှ အဆင်ပြေတဲ့ link များမှာ ရယူနိုင်ပါတယ်။

Playstore.   download  

Copy.           download  

Dropbox.    download  


Thursday, February 5, 2015

တခါတလေ ကိုယ့်ဘဝအတွက်ဒါလေးတွေ လုပ်ဖို့လိုအပ်ပါတယ်

လူတွေဟာ အလုပ်တစ်ခုကို ဆုံးခန်းတိုင်အောင်မလုပ်ရင် ဒီလူဟာ သူရဲဘောကြောင်တယ်လို့ ထင်ကြပါလိမ့်မယ်။

ဒါပင်မဲ့လည်း ပတ်ဝန်းကျင်ရဲ့ အဆုံးအဖြတ်အောက်မှာ ကိုယ်က လှုပ်ရှား၊ သူတို့က ကိုယ့်ကို ကစားနေရင်တော့ ကိုယ့်ဘဝကြီးကတော့ အဓိပ္ပာယ်ရှိပါမလား။ထွက်ပြေးသင့်သောအချိန်မှာ ဟိုတွေးဒီတွေးလုပ်နေတာထက် ကိုယ်မလုပ်ချင်တဲ့ကိစ္စဖြစ်နေပြီဆိုရင်တော့ ရဲရဲတင်းတင်းသာ ထွက်သွားလိုက်ပါ။
ဘယ်လိုအချိန်အနေဆိုရင် ဒီလိုလုပ်သင့်သလဲဆိုတာကို ရှင်းပြမယ်နော်။

၀၁. စိတ်ညစ်စရာကောင်းသော အလုပ်

အလုပ်ကို ထွက်လာတာနဲ့ အထုတ်ခံရတာနဲ့ဟာ မတူပါ။ အလုပ်ထွက်လာတယ်ဆိုတာလည်း မကောင်းတဲ့ကိစ္စမဟုတ်ပါ။ ကိုယ်နဲ့အဆင်ပြေမဲ့အလုပ်ကို ရှာပါ။

၀၂. အချစ်မပါသော အချစ်ရေး

ရည်စားတွေဖြစ်မှ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးတွေက ပြောင်းလဲသွားပြီး ပျော်စရာကောင်းသောနေ့ရက်လေးတွေက ကုန််ဆုံးသွားပြီဆိုရင်တော့ သူနဲ့လမ်းခွဲလိုက်ပါတော့။

၀၃. မတွေ့ချင်သော အချစ်ဆုံးသူငယ်ချင်း

သူငယ်ချင်းဆိုတာ အချိန်အကန့်အသတ်မရှိပါ။ ဘယ်တော့မဆို သူငယ်ချင်းဖြစ်နေပင်မဲ့ မတွေ့တာကြာပြီဖြစ်တဲ့ အချစ်ဆုံးသူငယ်ချင်းကနေ တွေ့ရအောင်လို့ပြောလာတဲ့အခါ ဘယ်လိုဆင်ခြေပေးရမလဲဆိုပြီး တွေးနေရင်တော့ မတွေ့ပါနဲ့တော့။

၀၄. လူလားမမြောက်သေးသော သူငယ်ချင်း

လူတွေဟာ ကိုယ့််ခြေထောက်ပေါ်ကို ရပ်တည်နိုင်ဖို့အတွက် နေ့စဥ်နဲ့အမျှကြိုးစားနေကြရပါတယ်။ ဒီအချိန်မှာ ကိုယ့်ဟာကိုယ်တိုင်အနိုင်နိုင်ဖြစ်နေချိန်မှာ သူ့ကိစ္စကို ကူပါဦး။ ကယ်ပါဦးလို့ အမြဲတမ်း နားပူနေသော သူငယ်ချင်းကိုလည်း တာ့တာလုပ်လိုက်ပါ။

၀၅. အခန်းဖော်ကြောင့် စိတ်ဆင်းရဲနေရပြီလား

အလုပ်မှာ ကျောင်းမှာ အကြောင်းကြောင်းကြောင့် တစ်ခန်းထဲမှာ ကိုယ်နဲ့အကျင့်စရိတ္တမတူတဲ့သူနဲ့ တချိန်လုံး အတူတူရှိနေရင်လည်း စိတ်ဆင်းရဲရမှာ အမှန်ပါ။

၀၆. နေရာအရပ်မှာ မပျော်တော့ရင် ပြောင်းပါ

လူတော်တော်များများဟာ ကိုယ်နေထိုင်ရာ အရပ်ဒေသကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပင်မဲ့ ဒီဒေသမှာ နေမပျော်တော့ရင်တော့ ပြောင်းချင်သော နေရာဒေသကို ထွက်သွားလိုက်ပါ။

၀၇. သူရည်မှန်းချက်ပန်းတိုင်အတွက် မဟုတ်ပါ

သူများရဲ့အိမ်မက်တွေ၊ ရည်မှန်းချက်တွေအတွက် ကြိုးစားဖို့မလိုပါ။ သူများကဆွဲပေးထားသော ဇယားအတိုင်း မကပါနဲ့။ ဒီနေရာကနေထွက်ပြေးတာဟာလည်း ရှက်စရာမဟုတ်ပါ။ ကိုယ်လုပ်ချင်တဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကို ရှေ့တန်းတင် စဥ်းစားပြီး ကြိုးစားကြည့်လိုက်ပါ။

၀၈. မလိုအပ်သော အကြံပေးချက်များ

သူတို့ရဲ့အကြံပေးချက်တွေဟာ တခါတလေကြတော့ သူတို့ပြောချင်တာတွေကိုု ပြောသွားတယ်လို့ထင်ပါတယ်။ တကယ်တော့ ကိုယ့်ဘဝမှာလိုအပ်မယ်လို့ မထင်တာတွေလည်း အများကြီးပါ။ ကိုယ်ဟာကိုယ်နေနိုင်တယ်ဆိုတာဟာ ကိုယ့်ခံယူချက်ရှိလို့ဖြစ်ပါတယ်။ မလိုအပ်တဲ့ အကြံပေးချက်တွေကို နားထောင်တာတွေကို မေ့ပစ်လိုက်ပါ။

၀၉. အတိတ်က အကြောင်းတွေကို မေ့လိုက်ပါ

လူတွေဟာလည်း ကွန်ပျုတာ ဆော့လ်ဝဲတွေနဲ့အတူတူပါပဲ။ အချိန်တန်ရင် ဆော့လ်ဝဲတွေကို Update၊ Version Up လုပ်သွားရမှာပါ။ ကိုယ့်ဟာကိုယ် အချိန်နဲ့အညီ ပြောင်းလဲသွားမှာသာလျှင် တိုးတက်မှာပါ။ အတိတ်မှာ ရခဲ့သော ဒဏ်ရာတွေ ဒုက္ခတွေကို မေ့ပစ်လိုက်ပါတော့။ နေ့သစ်မှာ စိတ်သစ်လူသစ်ဖြင့် ကြိုးစားပါ။

၁၀. ငြင်းလိုက်ပါ

၁ကြိမ်ပဲဖြစ်ဖြစ် မလုပ်ချင် မဖြစ်ချင်တဲ့ကိစ္စကို ငြင်းကြည့်၊ ခေါင်းမညိမ့်ပါနဲ့။ ကိုယ်မလုပ်ချင်တဲ့ဟာကို အတင်းအကြပ်ခိုင်းနေရင် သူဟာ ကိုယ့်အတွက် တန်ဖိုးရှိမယ်လို့ မထင်ပါ။

၁၁. အတိတ်ကအမှားတွေကို အတိတ်မှာထားခဲ့လိုက်ပါတော့

ဘဝမှာ အမှားတွေ၊ ဆုံးရှုံးမှုတွေနဲ့ အမြဲတွေ့ကြုံနေတာဟာ ဓမ္မတာပါ။ ဒါကို လက်မခံရင်တော့ အောင်မြင်မှာ မဟုတ်ပါ။ သင့်ရဲ့အမှားတွေကို အတိတ်မှာထားခဲ့လိုက်ပါတော့။ လိုအပ်မဲ့အရာကို ပစ္စုပန်မှာ လေ့လာလိုက်စားပြီး အနာဂတ်အတွက် အောင်မြင်အောင် ကြိုးစားပါ။

၁၂. သူတပါးနဲ့ နှိုင်းယှဉ်တာကို ရပ်လိုက်ပါတော့

သူ့လိုဘာလို့မဖြစ်တာလဲဆိုပြီး အမြဲတမ်း ပူဆွေးသောကရောက်နေရင်တော့ မဟုတ်သေးပါ။ သူ့ကိုကြည့်တာထက် ကိုယ်ဟာကို ပြန်လည်သုံးသပ်ကြည့်ပါ။ ကိုယ့်မှာ ဘာအားသာချက်ရှိသလဲဆိုတာကို သုံးသပ်ပြီး ဘယ်လိုအသုံးချရမလဲဆိုတာက အဓိက အရေးကြီးသော အချက်တစ်ချက် ဖြစ်ပါလိမ့်မယ်။

Chelmo Team



အဆင်ပြေပါစေ .....

Wednesday, February 4, 2015

တ လား?...တစ်လား..?

တပြေးညီ (သို့မဟုတ်) တစ်ပြေးညီ ။တစ်ယောက် (သို့ မဟုတ်)တယောက် အသုံးတွေတွေ့ ဘူးပါလိမ့်မယ်.... ဘယ်ဟာက အမှန်လည်းကျနော်တို့ မေ၀ခွဲတတ်ဘူး..။ ဒီလိုဘဲသုံးလိုက်ရေးလိုက်ကြတာပါဘဲ..။

တကယ်တော့...
တနဲ့တစ်အသုံးမတူပါဘူး။
တ ကိုကြိယာအနေနဲ့သုံးပါတယ်။
တစ်ကတော့အရေအတွက်နဲ့ဆိုင်ရင်သုံးပါတယ်။

တပြေးညီကကြိယာအနေနဲ့သုံးတာပါ။
တစ်နာရီထိုးစသည့်အရေအတွက်သုံးပါတယ်။

အ ရေ အ တွက် တွင် "တစ်"သုံးတာ မှန် ပါ သည်။
တစ် ခါ တည်း/တစ် ချိုးတည်း/တစ် ခန်း ရပ်/
တစ် ချိန်တည်း/တစ် ဝမ်းတည်း/.......
သို့ သော်
တစ် ပါ တည်း/တစ် ပြေးညီ/ တစ် ပြေးတည်း/
တစ် ပြင် တည်း/တစ် ဖြိုးတည်း/တစ် ယူ သန်/
တစ် ရှိန်တည်း/တစ် လက်စတည်း/တစ် လျှောက်/
တစ် သားတည်း/ တစ် ဟုန်ထိုး/တစ် အောင့် /
တစ် လွှား/တစ် ရံရော အ ခါ/တစ် ဖြတ် တည်း/
တစ်မူကား/......


ရွှေအိမ်စည်



အဆင်ပြေပါစေ

Blogaway Pro apk



Android Phones & Tablets တွေကနေ မိမိတို့ရဲ့ Blogs တွေမှာ posts တွေ တိုက်ရိုက် အလွယ်တကူ  ရေးနိုင်တဲ့အပြင် အသုံးပြုလို့ အရမ်းကောင်းမွန်တဲ့ Blogaway Pro( for Android )apk  လေးပါ။playstore မှာပိုက်ဆံနဲ့ဝယ်မှ ရနိုင်ပေမဲ့ အောက်မှာတော့ free ရယူနိုင်ပါတယ်။ file size 2.92MB  ရှိပြီး အသုံးပြုချင်ရင်တော့   ဒီမှာ  ရယူနိုင်ပါတယ်။


မကောင်းတာတွေ မစုဆောင်းနဲ့

သဲတစ်ပွင့်ဟ သူ့ချည်းပဲဆို ဘယ်လောက်မှ မလေးပေမယ့် သဲပွင့်လေးတွေ အများကြီး စုပေါင်းလိုက်ရင်
အင်မတန်လေးပါတယ်။
မြင်သာအောင်ပြရမယ်ဆိုရင် သစ်သားစင်လေး တစ်ခုပေါ်ကို သဲတစ်ပွင့်ထည့်ထားတဲ့အိတ် တစ်လုံး တင်
ကြည့်လိုက်ပါ။ ဘယ်လိုမှ မနေပါဘူး။ စင်လည်း လှုပ်မှာတောင် မဟုတ်ဘူး။
ဒီအိတ်ထဲကိုပဲ သဲတွေ ပြည့်တဲ့ထိ နည်းနည်းခြင်း ထည့်သွားကြည့်ပါ။ နောက်ဆုံး အိတ်လည်း သဲနဲ့ပြည့်
ပြီး သစ်သားစင်လည်း ညွှတ်ကျလာ ပါလိမ့်မယ်။ အဆုံးမှာ အရမ်းလေးပြီး စင်ပါ ကျိုးကျသွားမှာပါ။
ဒီလိုပဲ စိတ်ထဲမှာ မကောင်းတဲ့ လောဘ၊ ဒေါသ၊ မောဟတွေ၊ မနာလို ၀န်တိုခြင်းတွေ၊ အာဃာတ ရားတွေ၊
မကောင်းတဲ့ အသိတွေ စတာကို ထည့်လိုင်ခြင်းဟာ အိတ်ထဲကို သဲတွေ နည်းနည်းခြင်း ဖြည့်သလိုပါပဲ။
မကောင်းတဲ့စိတ် စဖြစ်တည်ချိန်မှာ အလွန်နည်းတော့ မသိသာပေမယ့် များလာတဲ့ အခါမှာ စိတ်ကို အရမ်း
လေးလံစေပါတယ်။ ဒီမကောင်းစိတ်တွေကို ခန္ဓာကြီးအပေါ် တင်လိုက်တဲ့အခါ ခန္ဓာဟာ ပျက်စီးသွားမှာပါပဲ။
စိတ်ညစ်နွမ်းလေးလံလာတဲ့ အခါ လူလည်း လေးလာပါတယ်။ ဒါဟာ ပျက်စီးခြင်း ရောက်ဖို့ တာစူနေတာပါပဲ။
ဒါကြောင့် မကောင်းတဲ့စိတ်ကို များလာအောင် မမွေးပါနဲ့၊ လေးလာအောင် မစုဆောင်းပါနဲ့။
True Man