Wednesday, March 31, 2021

myanma_spring

ဒီနွေဦးမှာ
ရွက်ဝါတွေကြွေ
ရွက်နုတွေဝေဖို့
အားမာန်သစ်တွေစုနေကြလေရဲ့

ဒီနွေဦးမှာ
အဆုံးအစမရှိတဲ့ စကြဝဠာကို
မြန်မာ့နွေဦးဆိုတဲ့အမည်နဲ့ စိုးမိုးဖို့
ငါတို့ စီစဉ်ထားခဲ့တယ်လေ..

ဒီနွေဦးမှာ
အသစ်အသစ်သော
နှစ်သစ်ကူး ပိတောက်ဖူးတွေလဲ
အောင်မြင်မှုနဲ့တွေအတူ ဖူးပွင့်လာအုံးမှာပါ..။

#ဝိုင်အမ်အို
#myanma_spring


သိဘို့

ကိုယ်နိုင်သလောက် ဝန်ကိုပဲ ထမ်းတာအကောင်းဆုံးပါ။
ဘေးလူကို ကိုယ့်လောက် မထမ်းနိုင်လို့ဆိုပြီး အပြစ်မတင်ပါနဲ့။
တယောက်နဲ့တယောက် ဘဝအခြေအနေ၊ ခံယူချက်၊ ရဲဝံ့မှု မတူညီနိုင်ပါ။
အသုံးဝင်ပုံလည်း မတူကြသလို အသုံးဝင်တဲ့နေရာ ချင်းလည်း မတူကြဘူး။


နွေ

မြင့်လေ ရင့်လေ နွေရာသီတစ်ခုမှာ
ပူလောင်မှုတွေအကြောင်း ပြောပြမလို့
ကိုယ် မင်းဆီ ဖုန်းခေါ်ချင်တယ်။

#OnlyMe