Thursday, January 17, 2019

ကိုယ့်ဓာတ်ပုံကတော့1989ကနေ2019ထိအတူတူပဲလို့မှတ်လိုက် 😁


ခုနှစ်တွေ အတော်များများ ဖြတ်သန်းလာခဲ့တဲ့အထဲမှာ အောက်မှာပြထားတဲ့ ခုနှစ်တွေဟာ ကျနော့အတွက်တော့ ဘဝတစ်ဆစ်ချိုးဖြစ်ခဲ့တဲ့ ခုနှစ်တွေပဲပေါ့။

👉 1989 ခုနှစ်မှာ အရေးအခင်းကြောင့် စာသင်ကျောင်းတွေ  ပိတ်ထားခဲ့ရာက ပြန်ဖွင့်ခဲ့တဲ့အတွက် ပထမတန်းကို ဒုတိယအကြိမ်ပြန်တက်ခဲ့ရတယ်။

👉 1999 ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ခဲ့တယ်။

👉 2009 ခုနှစ်မှာ အိမ်ထောင်ကျခဲ့တယ်။

👉 2019 ခုနှစ်ဟာ ကျနော့အတွက်တော့ ဘာလဲ။ ဘယ်လဲပေါ့။ ??? အဇမ်း အဇမ်းကို စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။😁