Thursday, November 30, 2017

Sweet December

ငါဟာလေ
အရင်နှစ်တွေလိုပဲ
ဒီဇင်ဘာဆိုတဲ့လကိုရောက်ရင်
ရုတ်တရက်ကြီး
အလွမ်းနာတွေကျ
အဆုံးအစမရှိတဲ့အိပ်မက်တွေနဲ့ နပမ်းလုံး
ညလုံးပေါက်နီးပါး
အိပ်ပျက်နေတတ်ခဲ့တာပေါ့ ..

ငါကပဲ
အဲ့ အိပ်မက်တွေကို
တမ်းတနေတတ်ခဲ့တာလား..
ဒီဇင်ဘာနှင်းစက်တွေကပဲ
အိပ်မွေ့ချပြီး မက်စေခဲ့သလား..
မသေချာခဲ့ဘူး..
Carol singing သံကြားရင်တော့လွမ်းတယ်။

ဒီဇင်ဘာ ရေ
ဒီနှစ်မှာလည်း
နှင်းခဲတွေဖြိုချပြီး
ငါ့ကို မြန်မြန်အိပ်မွေ့ချပါတော့

ဟိုး...အဝေးမှာ
Carol singing ဆိုသံတွေ
သဲ့သဲ့လေး ကြားနေရပီလေ....။®