Friday, June 9, 2017

Zawgyi to Unicode သို့ ပြောင်းလဲအသုံးပြုလိုသူများ လွယ်ကူအဆင်ပြေစေဖို့

Q. iOS မှာ မြန်မာယူနီကုဒ် သုံးချင်လို့။ ဇော်ဂျီလည်း ဖတ်ချင်သေးတယ်။ နှစ်မျိုးလုံး ဖတ်လို့ သုံးလို့ရအောင် လုပ်လို့မရဘူးလား။
A.   ဒီမှာ   ကွီးနေဇာအပြည့်အစုံပြောပေးထားတယ်။

Q. iOS မှာ မြန်မာယူနီကုဒ်စစ်စစ် ပဲသုံးချင်တယ်။ fb မှာ ဇော်ဂျီပါလာရင်လည်း ဖတ်ချင်သေးတယ်ဟ။   မြန်မြန်ဆန်ဆန် ပြောင်းပြီး ကြည့်လို့ရတဲ့ နည်းမရှိဘူးလား။
A  ဒီလိုလုပ်။  ကိုသန့်ဇင်ဦးရေးထားတာ။ iOS10 အထိ ရတယ်ပြောတယ်။ 10 မတင်ရသေးလို့. :3

Q. Facebook မှာ ဘယ်သူကမှ ယူနီကုဒ်နဲ့မှမတင်တာ။ ငါက စောင်ဆွာကြီးလုပ်ပြီး ယူနီကုဒ် သုံးတော့ ငါက ဘာနဲ့သွားဖတ်ရမှာလဲ။ ယူနီကုဒ်သုံးတဲ့ website တွေကောရှိလားဟ :3
A. ဒီမှာ   စုပေးထားတယ် ဖရင့်   fb page တွေကော ယူနီသုံးတဲ့ website တွေကာ :3

Q. Windows 8, 10 မှာ ယူနီကုဒ်သုံးချင်တာ။ ဆိုင်က အဲ့တာ ဇော်ဂျီတွေထည့်ပေးလိုက်တယ်။ ဘယ်လိုလုပ်မတုန်း။
A. ဒါလေးနဲ့ အမြစ်ဖြုတ်လိုက်။ ကွီးကျော်သူရအောင် အိပ်ရေးပျက်ခံပြီး ရေးထားတာ

Q. Windows မှာ ယူနီကုဒ်သုံးတာတော့ ဟုတ်ပါပြီ။ ငါက browser ကနေ fb ကြည့်တော့ ဇော်ဂျီတွေ ဖတ်မရတော့ဘူးဟ။ လုပ်ပါဦး။
A.  Chrome အတွက်  ၊ Firefox အတွက် ဒါလေးတွေ သွင်းထား။ ကွီးသစ်၊ ကွီးဆန်း၊ ကိုသန့်သက်တို့ လုပ်ထားတာ

Q. Windows Officeမှာ မြန်မာ၃နဲ့ စာရိုက်တာ စာလုံးတွေ မမှန်ဘူးဟ။ ကွိစိကွစ တွေ ပေါ်နေတယ်။ လခွမ်း။ လုပ်ဦး။
A.  ဒီမှာ သွားကြည့်လိုက်တော့

Q. Windows မှာ Offline converter မရှိဘူးလားဟ။ ရှိရင်ပေးစမ်းပါ။
A.      ဒီမှာ ဆွဲလေ။ ကိုမြတ်မင်းစိုး rabbit converter ကို အခြေပြုရေးထားတာ။

Q. Windows မှာ သဝေထိုးရှေ့ကရိုက်လို့ရတဲ့ ကီးဘုတ်မရှိဘူးလာဟ။ သဝေထိုးနောက်ကမရိုက်တတ်ဘူး။ :\
     Windows မှာ ဇော်ဂျီလက်ကွက်နဲ့ ယူနီကုဒ် ရိုက်လို့မရဘူးလား။ ယူနီကုဒ် လက်ကွက်က ခက်တယ်ဟ။ ၈။
A. မေးခွန်းနှစ်ခုလုံးတွက် အဖြေတစ်ခုထဲပဲ။  ဒါလေး သွင်းလိုက်။ ကိုသန့်သက်ရေးထားတာ

Q. Windows မှာ ငါဒေါင်းလုပ်ဆွဲထားတဲ့ ဖိုင်တွေ.. ဘာညာတွေက ဇော်ဂျီတွေနဲ့ဟ.. ဖိုင်နာမည်ပေးထားတာတွေ။ ကွန်ဗာတာမှာ တစ်ခုချင်း ကူးပြီးလိုက်ပြောင်းနေရရင် သေပြီပေါ့ဟ။ fa ဘွကကျွတ်တော့မယ်မထင်ဘူး။ ဖိုင်နာမည်ထိုင်ပြောင်းနေတာနဲ့တင် အချိန်ကုန်နေမှာ။
A. ငင့်.. fa  နဲ့ ဘာဆိုင်လို့လား.. အဲ့လိုအခက်အခဲလေးတွေအတွက် ကို ဝူး ရေးထားတဲ့ ကွန်ဗာတာလေးရှိတယ်။  ဒီမှာ စမ်းကျိလတ်။

Q. မင်းတို့ ယူနီကုဒ်က Photoshop မှာ သုံးမရဘူးဟ။ လုပ်စမ်းပါဦး။
A.  ဒီမှာ  ကိုဇေယျာတို့ လုပ်ပေးထားတဲ့ အသောက ရှိတယ်။ :D

Q. Android မှာလေ။ ယူနီကုဒ်သုံးနေတယ်ဟ။ ဆိုနီက built in ပါလာတာ။ ဇော်ဂျီကိုဘယ်လိုဖတ်မတုန်း..  အရေးအကြောင်းဆို လိုတယ်ဟ။
A.  ဒါနဲ့ ၊  ဒါတွေ လုပ်လိုက်တော့

Q. ညေး.. ကွီး ဖုန်းမှာ ယူနီကုဒ်ပဲပါတော့ ယူနီကုဒ်ပဲ သုံးနေတယ်။ Facebook က အရင်တုန်းက see conversion ဆိုပြီး နှိပ်ရင် ဇော်ဂျီ (မြန်မာ) to ယူနီကုဒ်(မြန်မာ) ပြောင်းပေးတယ်။ အခု မရတော့ဘူးဟ။ ဘယ်လိုလုပ်ရတုန်း။
A. ကိုသန့်သက် အရင်က doc တင်ပေးဖူးတယ်။ ဘယ်လို force လုပ်ပြီး Conversion
option ပြန်ဖော်ရတယ်ဆွာ။ ကိုထက်ဝေအောင်
 ဒီမှာ  video tutorial လုပ်ပေးထားတယ်။

Q. Android မှာ ယူနီကုဒ်သုံးနေတယ်။ လခွမ်း operator တွေက ဇော်ဂျီနဲ့ မက်ဆေ့တွေ ပို့နေတာ ငါဘယ်လိုသွားဖတ်ရမတုန်း။ ဖာ့ခ်။
A. ကိုမြတ်မင်းစိုးရေးထားတဲ့  ဒီ app  သုံးလိုက်။ ဆင်ပြေသွားလိုက်မယ်။

Q. Android မှာ ယူနီကုဒ်ကော ဇော်ဂျီကော browser မှာ ဖတ်ရအောင် ဘယ်လိုလုပ်မတုန်းဟ။
A. Firefox က android မှာ add on support ပေးတယ်။  ဒါလေး သွင်းပြီးသုံး။


Q. စက်ရုပ်မှာ သဝေထိုး ရှေ့က ရိုက်လို့ရတဲ့ ကီးဘုတ်မရှိဘူးလားဟ။
A. ရှိဒေ ရှိဒေ ရှိလွန်းလို့။ ဒီမှာ 

Q. Android မှာကွာ ငါရိုက်တာတော့ ယူနီကုဒ် နဲ့ပဲရိုက်မယ်လေ။ ဇော်ဂျီပဲသုံးနေကြတဲ့ မိဘဆွေမျိုး တွေ စကီလေးတွေကို ချက်ချင်း ကွန်ဗက် တစ်ချက် tap တာနဲ့ ဘယ်လိုပို့ရလည်းဟ။
A.  M3 Keyboard  လေးသုံး။ အိုကေသွားလိုက်မယ်။  :3

Q. မြန်မာစာရေးထုံးနဲ့ပဲ ရိုက်ချင်တယ်ဟ။ လုပ်ဦး..  သဝေထိုး ပစောက် ရရစ် ရေးချာ.. ပြော .. အဲ့လိုမျိုးပေါ့..
A. အိုကေ အောက်ဟာလေးတွေ သွင်းထားလိုက်ကွီး။ စိတ်ကြိုက်ရိုက်ပေတော့ =D

For Windows  -  Keymagic 

For Mac         -  Keymagic 

For iOS          - ttKeyboard 

For Android  - BayKeyboard ,  ttKeyboard 

Q. မင်းတို့ ယူနီကုဒ် မြန်မာစာကို ရိုက်မယ်ဆိုရင်လေ ကီးဘုတ်က Google က တရားဝင်လုပ်ပေးထားတာရှိလားဟ။ iOS မှာက ကီးဘုတ်ပါဖို့နေနေသာသာ ဖောင့်တောင် အကုန်မမှန်ချင်သေးဘူး..လခွမ်းလိုပဲ...
A. ငင့်... Apple နဲ့ တော့ မယှဥ်နဲ့လေဗျာ... ပန်းသီးခင်ဗျာ.. iOS10 ကမှ မြန်မာစာယူနီကုဒ်လေး built in ပါတာ.. နည်းနည်းတော့ အချိန်ပေး စိတ်ရှည်လိုင်ပါဦး :3 Google ကတော့ စွန်းလန်းတယ်ဗျ.. လွန်ခဲ့တဲ့ သုံးလေးလ လောက်ကပဲ... ယူနီကုဒ် မြန်မာစာ ရိုက်လို့ရတဲ့ လက်ကွက်ကို သူတို့ရဲ့ official Google Keyboard (Gboard) မှာထည့်ပေးလိုက်ပြီ။ အဲ့တာတင်မကသေးဖူးဗျို့။ သဝေထိုးကိုပါ ရှေ့ကရိုက်လို့ရအောင်.. update တစ်ခါထဲ လုပ်ပေးထားတယ်.. နို့မို့ဆို သဝေထိုး နောက်ကမရိုက်တတ်ဖူး ပြောကြလွန်းလို့.. end user တွေအတွက် အဆင်ပြေတာပေါ့ဗျာ :3
 ဒီမှာ  ဒီမှာဆွဲလိုက်ချေ..
စွန်းလန်းတယ် မဟုတ်လား အူးလေး :3

Q. Q&A တွေစုပေးထားတဲ့ လင့် ကဘယ်မှာတုန်းဟ။ လခွမ်း။ အရေးအကြောင်းဆို ရှာမရတော့ဘူး
A.  ဒီမှာ ဗျ။  link ကို တွေ့တုန်း မှတ်ပြီး ဆောင်ထားချေ။ နောက်လည်း အလျဉ်းသင့်သလို update သွားဦးမယ်။ :3
( linkception ဟ :O xD )

Myanmar Unicode Area Fb group မှ ကူးယူဖော်ပြပါသည်။ Zawgyi မှ Unicode သို့ ပြောင်းလဲအသုံးပြုလိုသူများ လွယ်ကူ အဆင်ပြေပါစေ။