Monday, September 15, 2014

ခေတ္တ - မလေး

ပြတင်း ဖွင့်လိုက််ရင်
စေတီပုထိုး မမြင််ရလို့
နံရံက ရွှေတိဂုံဘုရားပုံတော်ကို ဦးခိုက်
ခေါင်းဦးဘေးက မေမေ့ဓာတ်ပုံလေးကို ရှိခိုး
မေမေ , နေကောင်းလား မေမေ . . .

မနက်ခင်း ပဲပြုတ်နဲ့ မေမေ့ထမင်းကြော်
( စားခွင့်ရရင် )
ချိုးကပ််လည်း သားမညည်းတော့ပါဘူး မေမေရယ် . . .

မေမေ့သားဟာ ဖိနပ်လှေနဲ့
ရွက််လွှင့်လာခဲ့တဲ့ ရော််ရွက််ဝါပေါ့
မေမေ့သစ်ပင််က ကြွေကျခဲ့တဲ့ သစ်သီးတစ်လုံး
တစ်ကိုယ်ကောင်းစိတ်ကြောင့်မဟုတ််ဘူးဆိုတာ
မေမေကော သားကောသိတာပဲ !

အိမ်ထောင့်က ဂစ်တာအိုလေးလို
ံဘဝချိုချိုတွေ မေ့လျော့နေခဲ့တာကြာပြီ

ကျွန်တော််အခန်းက ကန့်လန့်လျှောက််ရင် ခြေလေးလှမ်း
တည့်တည့်လျှောက််ရင် ခြေဆယ််လှမ်း
ညဘက် ပြတင်းဖွင့်ရင်
အနက််ရောင် ကန့်လန်ကာက
ကြယ််လေးတွေတစ်ဖျတ်ဖျတ်တော့လက််တယ်

လက််ဖဝါးထဲမှာ အချိန်မရှိဘူး
ချွေးစက််တွေမှာ ငွေရှိတယ် . . .

ကျွန််တော်ဟာ တိုင်းပြည််ရဲ့ယိုစိမ့်မူ့တခုပေါ့
ပျော်လွန်းလို့ ခုန်ချခဲ့တာတော့မဟုတ်ဘူးလေ
တော်လွန်းလို့ ကူးခတ်ခဲ့တာလည်းမဟုတ်ဘူး
ပန်ကန်ထဲမှာ အမှန်တရားတွေ မထည့်ထားမှတော့
ကျွန်တော်တို့ မစားဖြစ်တာအပြစ််မဟုတ််ဘူး မေမေ . . .

ကျွန်တော် နေကောင်းတယ် မေမေ
ညီမလေး . . . ငါးဟင်းချက််ရင််ငိုတုန်းလား !
သူ့အကို မလေးရှားရောက််ကြီး သတိရတယ်ပြောပေးပါနော် . . . !

မနက် ၈ . ည ၈
အလုပ်သိမ်းတော့ အိမ်ပြန်
မေမေခင်းပေးထားတဲ့ အိပ််ယာလေးမရှိဘူး . . .

ကျွန်တော့်သူငယ်ချင်းဟာ
ထောင့်ချိုးက နံရံလေးပေါ့
ကျွန််တော်ဘာပြောပြောနားထောင််တယ်
သူ့ပုခုံးမှီ အိပ််ပျော်ခဲ့ရတဲ့ ညပေါင်းကမနည်း . . .

ဖေဖေ့ ရက််လည်မှာ မေမေငိုသေးလား !
မေမေ့မျက််ရည််တွေ ညီမလေးသုတ်ပေးရဲ့လား !
အဖေတစ်ယောက််လုံး ရက််လည်
မရောက််လာနိူင််တဲ့ သားမိုက််ကိုကော
ဖေဖေ ခွင့်မလွှတ်ဘူး မပြောသွားဘူးလား !

နေလာတာ ငါးနှစ်
ပြတင်းပေါက်က ကြယ်တွေတောင် အိမ်ပြောင်းသွားကြပြီ
မေမေ့သား အိမ်ပြန််မရောက််သေးဘူး

သတင်းစာမှာ
မလေးရှား၌ မြန်မာအလုပ််သမားတစ်ယောက််သေဆုံးခြင်းတဲ့
ဒါမှားနေတာ
ကျွန်တော်မဟုတ်ဘူး မေမေ . . .
လုံးဝ မဟုတ်ဘူး . . .

မေမေ့ပုခုံးပေါ်မှာ နားချင််လို့
လိပ်ပြာလေးလို ပြောင်းလာတာပါ . . .

မခွဲတော့ဘူး မေမေ
လုံးဝမခွဲတော့ဘူး . . . . .

အိပ်မက်တွေ အပြည့်သယ််ဆောင််လာတဲ့ရထား
မေမေ့ရှေ့မှာ ဆိုက််ရောက််လာပြီလေ . . .
( မေမေ … မတွေ့ဘူးလားဟင် ! )

Credit>> Ulay Kyi ( ကိုလင်း )


အဆင်ပြေပါစေ။

Hola free VPN apk

Android phone & tablet ​တွေမှာ application တစ်​ခုချင်းကို ကိုယ်​ကြိုက်​ရာနိုင်​ငံရဲ့ vpn ​ကျော်​ပြီးအသုံးပြုနိုင်​တဲ့ Hola free VPN apk ​လေး update ​တွေ့လို့ ပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါတယ်​။ vpn အသုံးပြုချင်​တဲ့ ​ဘော်​ဒါ​တွေ ​  ဒီမှာ  ရယူနိုင်​ပါပြီ​နော်​။

အဆင်​​ပြေပါ​စေ။

Tuesday, September 2, 2014

dolphin browser apk

android phone & tablet ​တွေအတွက် ​အရမ်းသွက်​လက်​မြန်​ဆန်​လာပီး video player ပါ ပါဝင်​လာတဲ့ dolphin browser ​လေးပါ။ အသုံးပြုချင်​တယ်​ဆိုရင်​​တော့  ဒီမှာ  ရယူနိုင်​ပါတယ်​။

အဆင်​​ပြေပါ​စေ။