Android 6.0 နောက်ပိုင်း ဖုန်းတွေမှာ app တွေ install လုပ်ပီး ဖွင့်တဲ့အခါမှာ permission တောင်းတဲ့ပြဿနာ တော်တော်တွေ့နေရပါတယ်။ အဲလို permission တောင်းနေပြီဆိုရင် camera တွေ messenger က အစ app တော်တော်များများကို ဖွင့်ချင်တိုင်း ဖွင့်လို့ ရမှာမဟုတ်ပါဘူး။ နောက်ဆုံးမှာ facebook ကိုပုံတင်မယ်ဆိုရင်တောင် permission တောင်းနေပြီး ပုံတင်ခွင့်ရမှာမဟုတ်ပါဘူး။
အဲ့ permission တောင်းတာကို ဖြေရှင်းနည်းလေးက သိပ်မခက်ပါဘူး ။ အတော်လွယ်ပါတယ်။ ဖုန်းကို safe mode ဝင်ပြီး ရှင်းလိုက်ရင် အဆင်ပြေပါတယ်။ safe mode ဝင်နည်းက ပထမဆုံး (1) ဖုန်းကို power ပိတ်လိုက်ပါ။ ၁မိနစ်လောက် စောင့်ပါ။ (2) ပြီးရင် power စဖွင့်လိုက်ပါ။ (3) vibrate သို့မဟုတ် logo တက်လာတာနဲ့ ( volume - ) ကိုသာဖိထားလိုက်ပါ။ ဖုန်းတက်လာတာနဲ့ ဖုန်းရဲ့အောက်ပိုင်းထောင့်မှာ safe mode ဆိုတာလေးပေါ်လာပါလိမ့်မယ်။ (4)safe modeဆိုတာလေးပေါ်လာရင်တော့ setting ထဲက app ထဲကိုဝင်ပြီး စောစောက ကိုယ်ဖွင့်မရတဲ့ app တွေကို နှိပ်ပြီး permission နေရာတွေမှာ အကုန် on ပေးလိုက်ပါ။ ရှိသမျှ app တွေကို တစ်ခုချင်းသာ စိတ်ရှည်လက်ရှည်လုပ်ပေးလိုက်ပါ။ (5)ပြီးရင် ဖုန်းကို restart လုပ်လိုက်ပါ။ ဖုန်းကို ဒီတစ်ခါတော့ ဘာ key မှ နှိပ်မထား ပဲ normal boot တက်လိုက်ပါ။ ဖုန်းမှာရှိတဲ့ appတွေအားလုံး permission မတောင်းဘဲ ပြန်သုံးလို့ရပါပြီဗျာ။
အဆင်ပြေပါစေ..
Saturday, November 26, 2016
Android 6.0+ ဖုန်းတွေမှာ app permission တောင်းတာ ဖြေရှင်းနည်း
Tuesday, November 1, 2016
အဲ့လို...အဲ့လို ဘဝ
ဦးလေး ဘုန်းကြီးနဲ့ ဖုန်းပြောဖြစ်ကြတော့
"ခုခေတ်ချိန်အခါ မှာ မင်းတို့တွေ လုပ်ငန်းကိုင်ငန်း စားဝတ်နေရေးတွေ ပြေလည်ကြရဲ့လား" တဲ့..
ကိုယ်တွေကလည်း သိတဲ့အတိုင်း ဦးလေးဆိုတော့ ကြူကြူပါအောင် ညည်းပြလိုက်ရတာပေါ့ 😃..
အဲ့တော့..ဦးလေးဘုန်းကြီးက ဘာပြောလဲ ဆို...
.
" ခုခေတ်ကာလမှာ မင်းတို့ လောကကြီး ကလည်း ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင် နဲ့ ကျီးလန့်စာတွေ စားနေကြရတာပဲ" တဲ့ "ငါတို့ လောကကြီးလည်း မင်းတို့နဲ့ သိပ်မထူးပါဘူးကွာ" ဆိုဘဲ 😃
